Paing Phyo Thu: Telekyanmar 2nd Anniversary (June 2023) (Video)

“တယ်လီကျန်းမာ ဆေးခန်းလေးအကြောင်း ပိုင်ဖြိုးသု ပြောပြတာလေး (တယ်လီကျန်းမာ ၂ နှစ်ပြည့် (၂၀၂၁ – ၂၀၂၃)”

တယ်လီကျန်းမာ ဆေးခန်းလေးအကြောင်း ပိုင်ဖြိုးသု ပြောပြတာလေး နားထောင်ကြည့်ကြရအောင်နော်…
ဘုရားလက်ဆောင် တစ်ဖြစ်လဲ တယ်လီကျန်းမာဟာ ဝေလံခေါင်ဖျား ဒေသတွေ၊ ဆရာဝန်မရှိတဲ့ အရပ်ဒေသက ပြည်သူတွေ၊ စစ်ဘေးသင့် ပြည်သူတွေနဲ့ တိုက်ပွဲအတွင်းက ရဲဘော်တွေအပါအဝင် ပြည်တွင်း၊ ပြည်ပနဲ့ တောရော မြို့ပါ မကျန် လိုအပ်နေတဲ့ ပြည်သူတွေအတွက် ခံစားနေရတဲ့ ဝေဒနာတွေကို အခမဲ့ တိုင်ပင်ဆွေးနွေးကုသပေးတဲ့ အခမဲ့ အွန်လိုင်းဆေးခန်းလေးပဲ ဖြစ်ပါတယ်….
မည်သူမဆို မည်သည့်နေရာမှာ ရောက်နေပါစေ အင်တာနက်လေးရှိရုံနဲ့ တယ်လီကျန်းမာ အွန်လိုင်းဆေးခန်းမှာ အခမဲ့ လာရောက်တိုင်ပင်ဆွေးနွေးနိုင်တဲ့အကြောင်း ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီ ပိုင်ဖြိုးသုက အခုဗီဒီယိုလေးနဲ့အတူ ပြောပြပေးထားပါတယ်…..

တယ်လီကျန်းမာ အခမဲ့အွန်လိုင်းဆေးခန်း (၂) နှစ်ပြည့် (၁၉-၆-၂၀၂၁ မှ ၁၉-၆-၂၀၂၃)

#တယ်လီကျန်းမာ #telekyanmar #ပိုင်ဖြိုးသု #PaingPhyoThu

Ministry of Health,
National Unity Government.

Published on: 23 June 2023
Last updated: 23 June 2023