📌 ကမ္ဘာ့စိတ်ကျန်းမာရေးနေ့ အခမ်းအနားနှင့် စကားဝိုင်းအစီအစဉ်
ကမ္ဘာတဝှမ်းမှာ နှစ်စဉ် အောက်တိုဘာလ (၁၀) ရက်နေ့ကို “ကမ္ဘာ့စိတ်ကျန်းမာရေးနေ့” အဖြစ် သတ်မှတ်ပြီး စိတ်ကျန်းမာရေးဆိုင်ရာ အသိပညာတိုးတက်စေရေးကို ရှေးရှုလို့ အထိမ်းအမှတ်ပွဲများ ကျင်းပကြပါတယ်။
၂၀၂၃ ခုနှစ်အတွက် ဆောင်ပုဒ်ကတော့
“Mental Health is a Universal Human Right”
“စိတ်ကျန်းမာရေးသည် လူသားအားလုံး ရသင့်သည့် အခြေခံလူအခွင့်အရေး ဖြစ်သည်” လို့ ဆိုပါတယ်။
ဒီဆောင်ပုဒ်နဲ့အညီ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကျန်းမာရေးဝန်ကြီးဌာနက ကြီးမှူးပြီး သက်ဆိုင်ရာ ဝန်ကြီးဌာနတွေ၊ စိတ်ကျန်းမာရေး အခမဲ့ဝန်ဆောင်မှုလုပ်ငန်းတွေနဲ့ ပညာရှင်တွေက စိတ်ကျန်းမာရေးစောင့်ရှောက်မှု အခွင့်အရေးများကို မြန်မာနိုင်ငံသူနိုင်ငံသားများအားလုံး လက်လှမ်းမီစေရေးအတွက် အလေးအနက်ထား၊ ဆွေးနွေးကြမှာဖြစ်လို့ Live စကားဝိုင်းအစီအစဉ်လေးကို တိုက်ရိုက်ကြည့်ရှုပြီး ဗဟုသုတတွေယူရင်း ကမ္ဘာ့စိတ်ကျန်းမာရေးနေ့ အခမ်းအနားကြီးမှာ ပါဝင်လိုက်ကြရအောင်… 📍
တက်ရောက်ဆွေးနွေးမည့်သူများ
🔊 Opening Speech: Professor Dr. Zaw Wai Soe, Union Minister for Health and Education, NUG
🔊 Moderator: Esther Ze Naw
🔊 Guest Speaker: Dr Phio Thiha
🔊 Panelists: Dr Oakar (MOH), Ko Nge (AAPP), Dr. Spring Libra (Telekyanmar), Thahesree (MOWYCA), Dr. Aeron (MOHADM)
📍 အခမ်းအနားအစီအစဉ်
နေ့ရက် – ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ၊ ၁၀ ရက်
အချိန် – ညနေ ၆ နာရီမှ ည ၈ နာရီအထိ
နေရာ – သက်ဆိုင်ရာ Facebook Page များမှတစ်ဆင့် Live လွှင့်ပါမည်။
Live လွှင့်မည့် Page များ
– NUG ဝန်ကြီးဌာနများ (MOH, MOWYCA, MOHADM)၊ AAPP၊ စိတ်ကျန်းမာရေး အခမဲ့ဝန်ဆောင်မှုလုပ်ငန်းများ (တယ်လီကျန်းမာ၊ တိုင်ပင်ဖော်၊ Mind Healers -စိတ်ခွန်အားပေးသူများ၊ AAPP Counseling program)၊ CDM Medical Network၊ PVTV၊ D-Day Channel၊ နှင့် အခြားမီဒီယာများ
#WorldMentalHealthDay #WorldMentalHealthDay2023 #WMHD #nugmoh #MOYWCA #MOHADM #Telekyanmar #တယ်လီကျန်းမာ #စိတ်ကျန်းမာရေး #တိုင်ပင်ဖော် #MindHealers #AAPP #PVTV #DDayChannel
Ministry of Health,
National Unity Government.
Published on: October 12, 2023
Last updated: October 12, 2023