၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ (၁၅) ရက်
ဩစတေးလျနိုင်ငံသို့ ရောက်ရှိနေသည့် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာဇော်ဝေစိုးသည် ဩစတေးလျနိုင်ငံ၊ ပြည်ထောင်စုလွှတ်တော်ရှိ Australian Greens Party ၏ နိုင်ငံခြားရေးပြောရေးဆိုခွင့်ရှိသူ Senator Jordan Steele-John နှင့် (၄-၉-၂၀၂၃) ရက်နေ့တွင်လည်းကောင်း၊ လစ်ဘရယ်ပါတီ၏ Shadow Foreign Affairs Minister ဖြစ်သူ Senator Simon Birmingham နှင့် (၆-၉-၂၀၂၃) နေ့တွင် လည်းကောင်း၊ Shadow Assistant Education Minister ဖြစ်သူ the Hon Nola Marino MP နှင့် (၇-၉-၂၀၂၃) ရက်နေ့တွင်လည်းကောင်း တွေ့ဆုံကာ NUG ကျန်းမာရေးဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနတို့က ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများအကြောင်းကို အသိပေးခဲ့ပြီး ဆက်လက်ဆောင်ရွက်ရန်ရှိသည့် လုပ်ငန်းများအတွက် ဩစတေးလျနိုင်ငံ အနေဖြင့် ကူညီထောက်ပံ့ပေးနိုင်မည့် ကဏ္ဍများအပေါ် ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ပါသည်။
ထို့အပြင် ဩစတေးလျနိုင်ငံရှိ အပြည်ပြည်ဆိုင်ရာ အစိုးရမဟုတ်သော အဖွဲ့အစည်း (INGO) များ၏ ဦးဆောင်အဖွဲ့အစည်းဖြစ်သည့် Australian Council for International Development (ACFID) ၏ CEO Mr. Marc Purcell နှင့်အဖွဲ့အား (၅-၉-၂၀၂၃) ရက်နေ့တွင် ACFID ရုံး အစည်းအဝေးခန်းမတွင် တွေ့ဆုံခဲ့ပြီး ဩစတေးလျ INGO များအနေဖြင့် မြန်မာလူထုအတွက် ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရေးအတွက် အမြင်ချင်း ဖလှယ်ခဲ့ကြပါသည်။ အထက်ပါ တွေ့ဆုံဆွေးနွေးပွဲများတွင် ပြည်ထောင်စုဝန်ကြီးနှင့်အတူ အမျိုးသားညီညွတ်ရေးအစိုးရ၏ ဩစတေးလျနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်ဖြစ်သူ ဒေါက်တာထွန်းအောင်ရွှေလည်း တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။
Ministry of Health,
National Unity Government.









Published on: September 15, 2023.
Last updated: September 15, 2023.