“Phimosis” (June 2023)

“လိင်တံထိပ်အရေပြားကို နောက်ပြန်ဆွဲမရခြင်း (Phimosis)”

Phimosis ဆိုတာ လိင်တံထိပ်အရေပြား (foreskin) ဖြတ်တောက်ထားခြင်းမရှိတဲ့ လူတွေမှာတွေ့ရတဲ့ အခြေအနေတစ်ခု ဖြစ်ပါတယ်။

Phimosis ဖြစ်ရင် လင်တံထိပ်အရေပြား (foreskin) ကို ဆွဲသိမ်းလို့ မရတော့ပါဘူး။ လိင်တံထိပ်မှာ အရေပြားကွင်းပုံစံ ဖြစ်နေတတ်ပါတယ်။

Phimosis က အမြဲတမ်းတော့ ရောဂါလက္ခဏာ ပြဿနာတွေ မဖြစ်ပါဘူး။ Phimosis ဆိုးဆိုးဝါးဝါးဖြစ်ပြီး လိင်တံအရေပြားထိပ်မှာ အပ်ပေါက် (pinhole) အရွယ်မျှသာပွင့်ပြီး ရောဂါလက္ခဏာတွေ ခံစားရတဲ့အခါမှသာ ပြဿနာဖြစ်လေ့ရှိတာပါ။

..

..

Phimosis (၂) မျိုးရှိပါတယ်။

ငယ်ရွယ်စဉ်မှာဖြစ်လေ့ရှိတဲ့ (physiologic) နဲ့ ရောဂါကြောင့်ဖြစ်တဲ့ (pathologic) ဆိုပြီး ရှိပါတယ်။

Physiologic က ကလေးဘဝမှာ phimosis ဖြစ်ပြီး အသက်ကြီးလာတာနဲ့အမျှ သူ့အလိုလို ပြန်ကောင်းသွားပါတယ်။

Pathologic ကတော့ balanitis xerotica obliterans (BXO) လို့ခေါ်တဲ့ အရေပြားရောဂါမှာ ဖြစ်တတ်ပါတယ်။

..

..

🔷 ဘယ်သူတွေမှာ Phimosis ဖြစ်လဲ ?

မွေးကင်းစကလေးတွေမှာ လိင်တံထိပ်အရေပြားဟာ တင်းကျပ်နေပြီး အသက် (၂) နှစ်အရွယ်​လောက်မှာ စပြီး လျော့ရဲလာပါတယ်။ အသက် (၂) နှစ်နဲ့ (၆) နှစ်ကြားမှာ အရေပြားပိုမိုလျော့ရဲသွားပြီး လိင်တံထိပ် (glans) မှ ကွာထွက်လာပါတယ်။

တချို့သူတွေမှာတော့ phimosis က ကလေးဘဝအလွန်မှာလည်း ဆက်ဖြစ်နေနိုင်ပါသေးတယ်။

..

..

🔷 Phimosis အဖြစ်များလား?

Phimosis ကို မွေးကင်းစကလေး အားလုံးနီးပါးမှာ တွေ့ရပါတယ်။ Foreskin ကို သိမ်းလို့ရအောင် တဖြည်းဖြည်းနဲ့ အသက်အရွယ်နဲ့အမျှ အရေပြားက အပြောင်းအလဲ ဖြစ်ပါတယ်။ အသက် (၁၆) နှစ်အရွယ် ရောက်တဲ့အခါ phimosis ဖြစ်သူစုစုပေါင်းရဲ့ (၁) ရာခိုင်နှုန်းလောက်သာ ကျန်ရှိတော့တယ်လို့ ခန့်မှန်းကြပါတယ်။

..

..

🔷 Phimosis မှာ ဘယ်လို ရောဂါလက္ခဏာတွေ တွေ့ရမလဲ ?

Phimosis ဖြစ်တဲ့သူတစ်ယောက်မှာ အောက်ပါ ရောဂါလက္ခဏာတွေ ခံစားရနိုင်ပါတယ်။

–နီမြန်းခြင်း (သို့မဟုတ်) အရောင်ပြောင်းခြင်း (ရောဂါပိုး ကူးစက်တဲ့အခါ ဖြစ်တတ်ပါတယ်)

–ရောင်ရမ်းခြင်း

–နာကျင်ခြင်း

–ဆီးသွားတဲ့အခါ နာကျင်ခြင်း

–လိင်တံ ထောင်မတ်တဲ့အခါ (သို့မဟုတ်) လိင်ဆက်ဆံတဲ့အခါ နာကျင်ခြင်းတို့ ဖြစ်နိုင်ပါတယ်။

..

..

🔷 ဘယ်အကြောင်းအရာတွေက phimosis ဖြစ်စေနိုင်လဲ ?

Pathologic phimosis ဖြစ်စေတဲ့ အကြောင်းအရာတွေကတော့…

• တစ်ကိုယ်ရေ သန့်ရှင်းမှုမရှိခြင်း

သန့်ရှင်းမှု မရှိလို့ phimosis ဖြစ်နိုင်ပြီး phimosis ကြောင့်လည်း သန့်ရှင်းမှုမရှိတာ ဖြစ်နိုင်ပါတယ်။ သန့်ရှင်းရေး လုပ်တဲ့အခါ ကသိကအောက် ဖြစ်တာ၊ နာကျင်တာတွေ ရှိနိုင်ပေမယ့် မသန့်ရှင်းရင် ရောဂါကူးစက်နိုင်ပါတယ်။

• Eczema (နှင်းခူ), Psoriasis, Lichen planus နဲ့ Lichen sclerosus လို အရေပြားရောဂါတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။

(Lichen sclerosus က လိင်တံမှာ ဖြစ်တဲ့အခါ penile lichen sclerosus (သို့မဟုတ်) balanitis xerotic obliterans (BXO) လို့ ခေါ်ပါတယ်)

• လိင်တံထိပ် (glans) နဲ့ foreskin ကို တွယ်ဆက်ထားတဲ့ တစ်သျှူးကြောင့်လည်း ဖြစ်နိုင်ပါတယ်။

• ထိခိုက်ဒဏ်ရာတွေနဲ့ ကူးစက်ရောဂါတွေ (လိင်မှတစ်ဆင့်ကူးစက်တဲ့ ရောဂါတွေအပါအဝင်) ကြောင့်လည်း ဖြစ်နိုင်ပါတယ်။

..

..

🔷 Phimosis ကို ဘယ်လို ကုသနိုင်မလဲ ?

🔸Physiologic phimosis (မွေးရာပါ phimosis) ဟာ သာမန်အားဖြင့် ဆေးကုသမှု မလိုအပ်ပါဘူး။ ကလေး ကြီးထွားလာတာနဲ့အမျှ သူ့အလိုလို ပြန်ကောင်းသွားတတ်ပါတယ်။ ဒါကို primary phimosis လို့လည်း ခေါ်ကြပါတယ်။

🔸Pathological phimosis ကို Secondary phimosis လို့လည်းခေါ်ပြီး ဆေးကုသမှု လိုအပ်ပါတယ်။

ဆရာဝန် ညွှန်ကြားချက်နဲ့ လိင်တံအရေပြားကို ဆေး ( Steroid) ခရင်မ်တွေ လိမ်းနိုင်ပါတယ်။

ဆေးခရင်မ် သုံးပြီး ၂ ပတ်ခန့်ကြာရင် foreskin ကို ဆွဲပြီး stretching exercise လုပ်ပေးရပါတယ်။ အရေပြားကို နာကျင်မှုမရှိစေဘဲ ရသလောက် ရှေ့ဆွဲ နောက်ဆွဲ လုပ်ရပါတယ်။

Stretching exercise နဲ့ မရရင် ခွဲစိတ်ရပါတယ်။ အရေပြားကိုခွဲပြီး နောက်ပြန်ဆွဲနိုင်အောင် လုပ်ပါတယ်။

အမာရွတ်တွေနဲ့ ဆိုးဆိုးဝါးဝါး ဖြစ်ခဲ့ရင်တော့ လိင်တံထိပ်အရေပြားဖြတ်ခြင်း (circumcision) လုပ်ရပါတယ်။ Circumcision မှာ လိင်တံထိပ်အရေပြားကို ဖြတ်ထုတ်ပြီး လိင်တံထိပ်ကို လှစ်လှပ်ထားရပါတယ်။

Balanitis xerotic obliterans (BXO) ကြောင့် phimosis ဖြစ်ခဲ့ရင် circumcision လုပ်ရပါတယ်။ BXO ကြောင့် ဆီးလမ်းကြောင်းပိုးဝင်တာနဲ့ လိင်တံကင်ဆာလည်း ဖြစ်နိုင်ပါတယ်။

ဘာမှမဖြစ်ဘဲနဲ့ circumcision လုပ်တာတွေလည်း ရှိပါတယ်။

Circumcision ကို မွေးကင်းစကလေးတွေမှာ လုပ်လေ့ရှိခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ circumcision ကို တွင်တွင်ကျယ်ကျယ် လုပ်လာကြတာကို တွေ့ရပါတယ်။

Circumcision လုပ်တာကြောင့် အမျိုးသားလိင်တံကင်ဆာ (CA penis) ဖြစ်တာကနေ လျှော့ချပေးနိုင်တယ်လို့ သုတေသနလေ့လာတွေ့ရှိချက်တွေက ဆိုပါတယ်။

..

..

🔷 Phimosis ကို ဘယ်လို ကာကွယ်မလဲ?

Physiologic phimosis ကို ကာကွယ်လို့ မရပါဘူး။ မွေးကင်းစ ကလေးတိုင်းနီးပါးမှာ ဖြစ်ပါတယ်။

လိင်တံကို ပုံမှန်သန့်ရှင်းရေးလုပ်ဖို့ အရေးကြီးပါတယ်။ အုပ်ထိန်းသူမိဘတွေကို အကောင်းဆုံး သန့်ရှင်းရေးလုပ်နိုင်ဖို့ ​ညွှန်ကြားထားသင့်ပါတယ်။

ကလေးငယ်တွေမှာ foreskin ကပ်​နေတာကို အထူးစိုးရိမ်စရာ မဟုတ်ကြောင်း ရှင်းပြဖို့ လိုပါတယ်။ ကလေးတွေ နားလည်တတ်လာရင် ကိုယ်တိုင်သန့်ရှင်းရေးလုပ်နိုင်အောင် သင်ကြားပေးသင့်ပါတယ်။

Reference : 📚

https://my.clevelandclinic.org/…/diseases/22065-phimosis

❤️ NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

👉 တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှ အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါသည်

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် (https://m.me/telehealthmm) ကို နှိပ်ပါ

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

#nugmoh#telehealth#telemedicine

#teleconsultation#တယ်လီကျန်းမာ#Telekyanmar

#phimosis

Ministry of Health,

National Unity Government.

Published on: 6 June 2023
Last updated: 6 June 2023