ဝေဖန်အကြံပြုချက်များ တောင်းခံခြင်း

ဝေဖန်အကြံပြုချက်များ တောင်းခံခြင်း (၁၁-၁၂-၂၀၂၁) …..
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာန၏ တယ်လီကျန်းမာ အခမဲ့ အွန်လိုင်းဆေးခန်းများကို (၁၉-၆-၂၀၂၁) က စတင်ဖွင့်လှစ်ခဲ့ရာ မကြာမီ နှစ်ဝက် (၆) လပြည့်တော့မည် ဖြစ်ပါသည်။
(၆) လပြည့် အထူးအစီအစဥ်အနေဖြင့် လူနာများအတွက် အမှတ်တရလက်ဆောင်များ ပေးအပ်သွားနိုင်ရန်လည်း စီစဥ်ဆောင်ရွက်လျက်ရှိပါသည်။
အွန်လိုင်းဆေးကုသခြင်းကို ယခုထက် ပိုမိုကောင်းမွန်သော ၊ စနစ်ကျ၍ ပြည့်စုံသော ဆေးကုသမှုဖြစ်စေရန် တယ်လီကျန်းမာမိသားစုက ကြိုးစားဆောင်ရွက်လျက်ရှိပါသည်။

သို့ဖြစ်ပါ၍ လူနာများအနေဖြင့် အွန်လိုင်းဆေးကုသခြင်းအတွက် အကြံပြုချက်များ ၊ မိမိကြုံတွေ့ခဲ့ရသည့် အခက်အခဲများ ၊ အခြားဖော်ပြလိုသည်များရှိပါက
 ဤပို့စ်အောက်တွင် Comment ပေးခြင်းဖြင့်လည်းကောင်း၊ တယ်လီကျန်းမာ၏ Messenger မှတစ်ဆင့်သော်လည်းကောင်း
ဝေဖန်အကြံပြုပေးနိုင်ပါရန် ဖိတ်ခေါ်အပ်ပါသည်။

ဝေဖန်အကြံပြုချက် တစ်ခုချင်းစီတိုင်းကို အထူးအလေးထား၍ သုံးသပ်လေ့လာသွားမည်ဖြစ်ပါသည်။
ပြည်သူများ ရောဂါဘယနှင့် ဘေးဒုက္ခအပေါင်းမှ ကင်းဝေးကြပါစေ …

 NUG, MOH တယ်လီကျန်းမာ … လူတိုင်းအတွက်ပါ

တယ်လီကျန်းမာ အခမဲ့ဆေးခန်းသို့ ပြသရန် (8 a.m. to 6 p.m.)https://m.me/telehealthmm

Ministry of Health,

National Unity Government.

 Published on: 11 December 2021
Last Updated: 11 December 2021