“Post-Traumatic Stress Disorder” (PTSD) (June 2023)

“ပြင်းထန်စိတ်ဖိစီးမှုဒဏ်သင့် ဝေဒနာ (Post-Traumatic Stress Disorder)”

🔷 PTSD ဆိုတာ ဘာလဲ ?

Post Traumatic Stress Disorder (PTSD) ဆိုတာဟာ ဘဝမှာ ကြီးကြီးမားမား နာကျင်ထိခိုက်လောက်တဲ့ အဖြစ်အပျက်ကို ကိုယ်တိုင်ပါဝင်ကြုံတွေ့ခဲ့ရ (သို့မဟုတ်) မျက်မြင်တွေ့ ခဲ့ရပြီးနောက် (၁) လကျော်ကြာတဲ့အထိ ပြင်းထန်စိတ်ဖိစီးမှုလက္ခဏာတွေ ဆက်ရှိနေသေးတာကို ဆိုလိုတာပါ။

ဖြစ်ရပ်ဆိုး ဆိုတဲ့နေရာမှာ အမျိုးမျိုးဖြစ်နိုင်ပါတယ်။

ကားအက်စီးဒင့် ဖြစ်တာ၊ လေယာဥ်ပျက်ကျရာက ရှင်သန်ကျန်ရစ်တာ၊ စစ်ပွဲတွေ၊ မုန်တိုင်းလို တောမီးလို သဘာဝကပ်ဘေးတွေ ကြုံရတာ၊ မုဒိန်းမှု၊ ကိုယ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ အနိုင်ကျင့် Abuse လုပ်ခံရတာ စသည်ဖြင့်ပေါ့။

စိတ်ထိခိုက်စရာ အဖြစ်အပျက်ပြီးတဲ့နောက်ပိုင်း လူအတော်များများဟာ စိတ်ဖိစိစီးမှုတွေ ခံစားရပြီး အချိန်ကြာလာတာနဲ့အမျှ ပြန်လည်လျော့ပါး သက်သာပျောက်ကင်းသွားလေ့ရှိပါတယ်။

ဖြစ်ရပ်ဆိုးကြံဖူးသူတိုင်း PTSD ဖြစ်တာတော့ မဟုတ်ပါဘူး။

အဖြစ်ဆိုးကြီးကြုံပြီးအနည်းဆုံး တစ်လကြာတဲ့အထိ လူမှုပေါင်းသင်းဆက်ဆံရေး၊ မိသားစုအရေးနဲ့ လုပ်ငန်းခွင်မှာပါ သိသိသာသာ ထိခိုက်လာပြီဆိုရင်တော့ PTSD ရှိတာ ဖြစ်နေနိုင်ပါတယ်။

ကဲ… PTSD ရဲ့ ရောဂါလက္ခဏာတွေကို ဆက်လက်ဖတ်ရှုလိုက်ရအောင်နော်….

🔺အိပ်စက်အနားယူရ ခက်ခဲမယ်။

🔺အာရုံစူးစိုက်ရ ခက်ခဲမယ်။

🔺စိတ်တို၊ စိတ်ဆတ်၊ ဒေါသထွက်လွယ်၊ ပေါက်ကွဲလွယ်မယ်။

🔺ကြုံခဲ့ရတဲ့ ဖြစ်ရပ်ဆိုးကြီးနဲ့ ပတ်သက်တဲ့ အတွေးတွေ၊ နေရာတွေ၊ လူတွေ၊ ခံစားချက်တွေ၊ ပြန်ပြောင်းပြောရတာတွေကို ရှောင်ကြဥ်တယ်။

🔺ထပ်တလဲလဲ ဒီအဖြစ်ဆိုးကို အမှတ်ရနေမယ်။ တွေးနေမယ်။ မှတ်ဥာဏ်ထဲ၊ အာရုံထဲ ထပ်တလဲလဲရောက်နေမယ်။

🔺ဒါနဲ့ ပတ်သက်တဲ့ အိပ်မက်ဆိုးတွေ မက်မယ်။

🔺စိတ်ကျ၊ စိတ်ပူပန်သောကရောက်ရတာ၊ နောက်… စိတ်ခံစားချက်ကင်းမဲ့ မထုံတက်သေးဖြစ်တာ စတာတွေ ခံစားရတတ်ပါတယ်။
..
..

ဖြစ်ရပ်ဆိုးကြုံဖူးတိုင်း PTSD ဖြစ်တာ မဟုတ်ဘူးဆိုတော့ ဘယ်သူတွေ PTSD အဖြစ်များသလဲ ?

🔺အမျိုးသမီးတွေဟာ အမျိုးသားတွေထက် PTSD ဖြစ်ဖို့ ရာခိုင်နှုန်းပိုများတယ်လို့ ဆိုပါတယ်။

🔺မုဒိန်းမှုကြုံရသူ သားကောင်တွေ၊ စစ်ပွဲရဲ့ သားကောင် သုံ့ပန်းတွေ၊ ထောင်သားတွေ

🔺ငယ်ဘဝစိတ်ဒဏ်ရာရှိသူတွေ

🔺ကိုယ်ပိုင်း၊ စိတ်ပိုင်း အနိုင်ကျင့် Abuse လုပ်ခံရဖူးသူတွေ

🔺စိတ်ရောဂါအခံရှိသူတွေ

🔺ပညာရေး အားနည်းသူတွေနဲ့ လူမှုစီးပွားရေးအရ ခက်ခဲသူတွေမှာ ပိုလို့ ဖြစ်နိုင်ခြေများပါတယ်။

🔷 PTSD ဖြစ်ပွားရခြင်းအကြောင်းအရင်းတွေကတော့…

🔺Genetic မျိုးရိုးဆိုင်ရာ

🔺Psychological စိတ်ပိုင်းဆိုင်ရာ

🔺Neurological ဦးနှောက်ရဲ့အခန်းကဏ္ဍ စတဲ့ အကြောင်းတရားတွေ များစွာပါဝင်နေပါတယ်။

🔷 PTSD ဟာ စိတ်ကျရောဂါ (Depression)၊ စိတ်ပူပန်မှုလွန်ကဲတဲ့ရောဂါ (Anxiety) ၊ အရက်/မူးယစ်ဆေးစွဲရောဂါတွေနဲ့ ဆက်စပ်တွဲဖက်ဖြစ်ပွားလေ့ရှိပါတယ်။
.

🔷 PTSD ကို ဘယ်လိုကုသနိုင်သလဲ ?

🔺စိတ်ကျန်းမာရေးအထူးကုဆရာဝန်နဲ့ ပြသဆွေးနွေးကုသမှု ခံယူရပါမယ်။

🔺PTSD ဝေဒနာရှိသူကို မိသားစု၊ သူငယ်ချင်း၊ ပတ်ဝန်းကျင်အသိုင်းအဝန်းက ဖေးဖေးမမနဲ့ Social Support ကောင်းစွာပေးရပါမယ်။

🔺 PTSD ရှိသူကိုယ်တိုင်ကလည်း စိတ်ဖိစီးမှု၊ စိတ်ပူပန်မှုတွေကို ကောင်းစွာထိန်းချုပ်နိုင်အောင်၊ Stress Management ကောင်းကောင်းလုပ်နိုင်အောင် ကြိုးစားနေထိုင်ရပါမယ်။

🔺CBT (Cognitive Behavioural Therapy) လို့ခေါ်ဆိုတဲ့ စိတ်ပညာကုထုံးတွေကလည်း အထောက်အကူပေးပါသေးတယ်။

🔷 PTSD ရဲ့ ပျောက်ကင်းနိုင်မှု အလားအလာကတော့

ကောင်းမွန်တဲ့ Social Support ၊ မှန်ကန်တဲ့ စိတ်ဖိစီးမှု ကိုယ်တွယ်ဖြေရှင်းနည်းတွေနဲ့ နောက်ပြီး… ကြီးကြီးမားမားဖြစ်ရပ်ဆိုးတွေလည်း ထပ်မံမကြုံရဘူးဆိုရင်…

PTSD ဝေဒနာသည်တွေရဲ့ (၅၀) ရာခိုင်နှုန်းဟာ ပျောက်ကင်းသက်သာလေ့ရှိပြီး (၃၀) ရာခိုင်နှုန်းကတော့ နာတာရှည် ခံစားကြရရှာတယ်ဆိုတာကို သတိပြုသင့်ပါတယ်။

📚 References :
Oxford Handbook of Psychiatry, Third Edition; pg-390: Post-Traumatic Stress Disorder

❤️ NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

👉 တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှ အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါသည်
*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် (https://m.me/telehealthmm) ကို နှိပ်ပါ
(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

#nugmoh#telehealth#telemedicine
#teleconsultation#တယ်လီကျန်းမာ#Telekyanmar
#PTSD#mentalhealth

Ministry of Health,

National Unity Government.

Published on: 2 June 2023

Last updated: 2 June 2023