“နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ (၇၈) နှစ်ပြည့် မွေးနေ့ဆုတောင်းပွဲနှင့် လူထုတွေ့ဆုံပွဲသို့ ဒေါက်တာဇော်ဝေစိုး တက်ရောက်”
၂၀၂၃ ခုနှစ်၊ ဇွန်လ (၂၈) ရက်
အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကျန်းမာရေးဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာဇော်ဝေစိုး၊ ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးထင်လင်းအောင်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမိုးဇော်ဦးတို့သည် အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်ဒီစီဧရိယာတွင် ဇွန်လ (၁၇) ရက်နေ့က ကျင်းပပြုလုပ်သည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ (၇၈) နှစ်ပြည့် မွေးနေ့ဆုတောင်းပွဲနှင့် လူထုတွေ့ဆုံပွဲသို့ တက်ရောက်ခဲ့ကြပါသည်။
အခမ်းအနားသို့ DMV ၊ Pennsylvania ၊ Delaware နှင့် Buffalo တို့မှ မြန်မာမိသားစုများ တက်ရောက်ခဲ့ကြပြီး မြန်မာပြည်အရေးနှင့်စပ်လျဉ်း၍ သိရှိလိုသည်များကို ပြည်ထောင်စုဝန်ကြီးများထံ ရင်းနှီးပွင့်လင်းစွာ မေးမြန်းဆွေးနွေးခဲ့ကြပါသည်။
ထို့နောက် အခမ်းအနား တက်ရောက်လာသည့် မြန်မာမိသားစုများက နွေဦးတော်လှန်ရေးအတွက် အလှူငွေများကို ပြည်ထောင်စုဝန်ကြီးများထံ ထည့်ဝင်လှူဒါန်းခဲ့ကြပါသည်။
Source: Anti Dictatorship in Burma – DC Metro Area
Ministry of Health,
National Unity Government.


















Published on: 28 June 2023
Last updated: 28 June 2023