“တုပ်ကွေးရောဂါ ကာကွယ်ပါ” (Preventing Flu) (July 2023)

တုပ်ကွေးရောဂါ ကာကွယ်ပါ (ဇူလိုင်လ၊ ၂၀၂၃ ခုနှစ်)

ရာသီတုပ်ကွေး၊ Respiratory Syncytial Virus (RSV) တုပ်ကွေးအပါအဝင် တုပ်ကွေးရောဂါ ဗိုင်းရပ်စ်ပိုးများ ကူးစက်ခြင်းမှ ကာကွယ်နိုင်ရန် အောက်ပါအချက်များကို လိုက်နာပါ။

🏠 နေမကောင်းဖြစ်နေစဥ် အိမ်တွင်သာ နေထိုင်ပါ။
🤒 ဖျားနာနေသူများနှင့် နီးကပ်စွာ ထိတွေ့ဆက်ဆံခြင်းမှ ရှောင်ကြဥ်ပါ။
🧴 အရာဝတ္ထု မျက်နှာပြင်များကို သန့်ရှင်းရေးပြုလုပ်ပြီး ပိုးသတ်သန့်စင်ပါ။
🤲 သင်၏ လက်ကို မကြာခဏ ဆေးကြောပါ။
🤭 မျက်နှာကို လက်မဆေးဘဲ ထိတွေ့ကိုင်တွယ်ခြင်းမှ ရှောင်ကြဥ်ပါ။
🤧 နှာချေ၊ ချောင်းဆိုးတိုင်း နှာခေါင်းနှင့် ပါးစပ်ကို တံတောင်ဆစ်ကွေးဖြင့် ဖုံးအုပ်ပါ။

ကျန်းမာရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ

Ministry of Health,
National Unity Government.

#nugmoh #တုပ်ကွေး #Influenza #Flu #ILI #SARI #Respiratory #Infection #Virus #RSV #SeasonalInfluenza #SeasonalFlu

Published on: July 13, 2023
Last updated: July 13, 2023