“Preventing Heat Stroke” (May 2021)

အပူဒဏ်အန္တရာယ် ကာကွယ်နိုင်ရန်

ယခုအချိန်အခါသည် ရာသီဥတု ပူပြင်းသောကြောင့် ချွေးထွက်များပြီး ခန္ဓာကိုယ်အတွင်းမှ ရေနှင့် ဓာတ်ဆားများ ဆုံးရှုံးကာ အပူဒဏ်ကြောင့်သတိလစ်ခြင်း (Heat Stroke) ဖြစ်နိုင်ပါသည်။ အချိန်မီ ကုသမှု မခံယူပါက အသက်ဆုံးရှုံးနိုင်ပါသည်။

၁။ ကလေးများ၊ သက်ကြီးရွယ်အိုများနှင့် နာတာရှည် ရောဂါသည်များကို နေ့လယ်ပိုင်း၌ အရိပ်ရအေးမြ၍ လေဝင်လေထွက်ကောင်းသော နေရာများတွင် နားနေပါစေ။

၂။ နေပူထဲသို့ထွက်ရပါက ထီး (သို့မဟုတ်) ဦးထုပ်ဆောင်းပါ။ အရိပ်ရသောနေရာများတွင် မကြာခဏ အနားယူပါ။

၃။ အလင်းပြန်သော အဖြူရောင် (သို့) အရောင်ဖျော့သော ပွပွချောင်ချောင် ချည်ထည်များကို ဝတ်ဆင်ပါ။

၄။ နေပူထဲမှ ပြန်လာပြီး ချက်ချင်းရေချိုးခြင်းနှင့် မနက် (၁၀) နာရီမှ ညနေ (၅) နာရီအတွင်း အမိုးအကာမရှိသော နေရာများတွင် ရေချိုးအဝတ်လျှော်ခြင်းများကို ရှောင်ကြဉ်ပါ။

၅။ ပူပြင်းသောနေရောင်အောက်တွင် အလုပ်လုပ်ခြင်းနှင့် ကိုယ်လက်လှုပ်ရှားခြင်းများကို ရှောင်ကြဉ်ပါ။

၆။ အရက်သောက်ခြင်းကြောင့် အပူဒဏ်ကို ပိုမိုပြင်းထန်စွာ ခံစားရနိုင်သဖြင့် ရှောင်ကြဉ်ပါ။

၇။ ရေ နှင့် ဓာတ်ဆားရည်ကို လုံလောက်စွာ သောက်ပါ။

ကျန်းမာရေးဝန်ကြီးဌာန

အမျိုးသားညီညွတ်ရေးအစိုးရ

(မေလ၊ ၂၀၂၁ ခုနှစ်)

Download poster: Prevention of Heat Stroke (13 MB)

Ministry of Health,
National Unity Government.

Published on: May 22, 2021

Last updated: May 22, 2021