Q&A 2 with Dr Zaw Wai Soe about Human Resources: Myanmar Global Townhall Meeting 2023 (19 Feb 2023)

မေးခွန်း – ပြည်ပက မြန်မာလူငယ်အချို့ဟာ ပြည်တွင်းပညာရေးအတွက် လုပ်အားပေးဆရာတွေ လုပ်ခဲ့ကြပေမဲ့ လူငယ်တစ်ဦးက လိမ်လည်တယ်ဆိုတဲ့ သတင်းများအရ စိတ်ပျက်လက်ပျက် ဖြစ်ကုန်ပြီး ဘာဆက်လုပ်ရမှန်းမသိ ဖြစ်ရကြောင်းနဲ့ ဒီလူ့စွမ်းအား အရင်းအမြစ်တွေကို ပြန်လည်ခေါ်ယူအသုံးချဖို့ အစီအစဉ်ရှိပါသလား?

အဖြေ(highlight): “ နိုင်ငံတကာမှာရှိနေတဲ့ ပြည်ပက diaspora တွေရဲ့အားကိုသုံးတဲ့အခါမှာစနစ်တကျဖြစ်ဖို့လိုတယ်… ပေးတဲ့သူလဲ မနစ်နာရအောင် ယူတဲ့သူလဲ မနစ်နာရအောင် … ဥပဒေပြုဖို့လိုတယ် … ငွေကြေးအလွဲသုံးစားမှုကို ပြင်းပြင်းထန်ထန် အရေးယူဖို့လိုပါတယ် .. “

“ တော်လှန်ရေးမှာပါဝင်နေတဲ့ CDM ကျောင်းသားမိဘတွေ CDM ဆရာတွေကိုလိမ်ညာခြင်း ခုတုံးလုပ်ခြင်းဟာ တော်လှန်ရေးကို သစ္စာဖောက်ခြင်း ခုတုံးလုပ်ခြင်းဖြစ်ပါတယ် … လုံးဝ ( လုံးဝ ) ခွင့်လွှတ်စရာအကြောင်းမရှိပါဘူး … ဒါဟာရန်သူနဲ့ အတူတူပဲဖြစ်တယ် … ဒါကိုပြတ်ပြတ်သားသား ထင်ထင်ရှားရှား အရေးယူဖို့လိုပါတယ် “
(Myanmar Global Townhall Meeting 2023 အမျိုးသားညီညွတ်ရေးအစိုးရနှင့် တစ်ကမ္ဘာလုံးရှိ မြန်မာပြည်သူများ အွန်လိုင်းတွေ့ဆုံမေးမြန်းပွဲတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုး၏ ဆွေးနွေးပြောကြားချက်မှ ကောက်နုတ်ချက်-19 Feb 2023)

Published on: 22 February 2023
Last Updated: 22 February 2023