မေးခွန်း – CDM ဝန်ထမ်းတွေကို ကူညီစောင့်ရှောက်ရာမှာ အမှန်တကယ် လိုအပ်နေတဲ့သူတွေဆီ ထိထိရောက်ရောက် ပံ့ပိုးနိုင်မှု ရှိနေပါပြီလား၊ တကယ်လိုအပ်တဲ့သူတွေဆီကို အကူအညီတွေ ရောက်မရောက် ပြန်လည်စိစစ်မှုတွေ ရှိပါသလား?
အဖြေ (highlight): “ CDM တွေကို CDM committee တွေမှတဆင့် ကျန်းမာရေး ပညာရေးအလိုက်ထိထိရောက်ရောက် ပံ့ပိုးပေးနိုင်ဖို့စီစဉ်နေတယ် ပံ့ပိုးပေးနေတယ် ဝန်ကြီးဌာန မရှိတဲ့သူတွေကို ဝန်ကြီးချုပ်ရုံးကနေတာဝန်ယူလုပ်ပေးနေတယ် “ “ ကြိုးစားပြီးလုပ်နေပေမယ့် ထိရောက်မှု အလွန်နည်းနေပါလိမ့်မယ် … လက်ရှိ CDM ၂ သိန်းကျော်လုံးကို ထိထိရောက်ရောက်ပေးနိုင်ဖို့ဆိုတာခဲယဉ်းမယ် “
“ CDM တွေအားလုံးကလဲ ပိုက်ဆံလိုချင်လို့မဟုတ်ဘူး … ဒါကျွန်တော် CDM တွေကိုယ်စား ပြောတာ … ကျွန်တော်တို့ CDM တွေ လိုချင်တာပိုက်ဆံမဟုတ်ဘူး စစ်အာဏာရှင်မရှိတဲ့နိုင်ငံ federal Democracyနိုင်ငံ…”
“ CDM ဝန်ထမ်းအားလုံးကို လုံလုံလောက်လောက် မထောက်ပံ့နိုင်သေးပေမယ့် … တကယ်လိုအပ်ချက်အရ ဥပမာ ကျန်းမာရေးအရ ငွေးကြေးထောက်ပံ့မှုလိုတဲ့သူတွေကို သိသိချင်း ချက်ချင်း ဆက်သွယ်ထောက်ပံ့ပေးပါတယ် “
“ CDM / Non CDM မူဝါဒ နဲ့ပတ်သက်ပြီး တစ်ခါတည်းပြောပြထားပါမယ်” “ CDM တွေကို ချီးမြှောက်ဖို့အတွက် အထူးပြောစရာမလိုဘူး သူတို့ဘဝ နောင်အနာဂတ်လုံခြုံဖို့အတွက် သားသမီးတွေအတွက် စဉ်းစားထားပြီးသား …. တော်လှန်ရေးပြီးတဲ့ နေ့ အိမ်တွေမီးရှို့ခံထားရတဲ့သူတွေအတွက် ဘဝတွေပျက်ခံထားရတဲ့ CDM တွေအတွက်ဘယ်လိုစဉ်းစားထားလဲမေးတယ် “
“ ပြည်သူတွေဆီက တိုင်းရင်းသားတွေဆီက မတရား ဖျက်ဆီး မတရား ရယူထားတဲ့ အခုချိန်မှာ မတရားရယူပြီးလက်ထဲမှာ ပိုင်ဆိုင်မှုတွေရှိနေတဲ့သူတွေလက်ထဲက တော်လှန်ရေးပြီးရင် အဲ့ဒီပိုင်ဆိုင်မှုတွေကိုခွဲဝေလိုက်ရုံနဲ့ ပြည်သူအားလုံးချမ်းသာအောင်လုပ်ပေးလို့ရပါတယ် “
“ ကမ္ဘာပေါ်မှာ ချမ်းသာသင့်တဲ့နိုင်ငံ ဆင်းရဲနေရတာ ဘယ်သူတွေချမ်းသာနေလို့လဲ ဆိုတာ အသိသာကြီးပါ … အဲ့ဒါတွေကိုသာ တရားမျှတမှုရှိရှိ justice နဲ့သာခွဲဝေလိုက်ရင် ကျွန်တော်တို့ပြည်သူတွေဆင်းရဲစရာအကြောင်းမရှိဘူး ..မဆင်းရဲပါဘူး … လောင်နေတဲ့အိမ်တွေ .. ဒီနေ့တော်လှန်ရေးအပြီး မနက်ဖြန် အိမ်ပြန်ဆောက်ပေးနိုင်မှာဖြစ်တယ် အိမ်ဆောက်ပေးကြရမှာဖြစ်တယ် “
“ Non CDM တွေကို အရေးယူသင့်တဲ့သူကို ယူဖို့ ဥပဒေဖြစ်တယ် … သင့်တော်တဲ့သူကို သင့်တော်တဲ့ အရေးယူမှုလုပ်ရမှာဖြစ်တယ် … ကြေငြာချက်မူဝါဒတွေကိုသေချာဖတ်ပါ ..အဲ့ဒီမှာ Non CDM တိုင်းကို အရေးယူမယ်မပါဘူး .. သူတို့နဲ့သင့်တော်တဲ့ ဘယ်ရာထူးကို အနာဂတ်မှာ ဘယ်ခံဝန်ချက်တွေနဲ့ခေါ်သွားမယ်ဆိုတာ ရေးထားတဲ့ မူဝါဒကိုသေချာဖတ်ပါ … အဲ့ဒီမူဝါဒကို ဥပဒေအဖြစ်ပြောင်းမှာပါ… ကျွန်တော်တို့ဟာ မတရားလုပ်မှာမဟုတ်ဘူး …တရားတဲ့တိုင်းပြည်ဖြစ်ဖို့အတွက် ကျွန်တော်တို့ဟာ တရားမှုကိုရှာနေတဲ့တော်လှန်ရေး … ဘယ်တော့မှ မတရားတာကိုမလုပ်ဘူး … မတရားတာကိုလဲလက်မခံဘူး “
(Myanmar Global Townhall Meeting 2023 အမျိုးသားညီညွတ်ရေးအစိုးရနှင့် တစ်ကမ္ဘာလုံးရှိ မြန်မာပြည်သူများ အွန်လိုင်းတွေ့ဆုံမေးမြန်းပွဲတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုး၏ ဆွေးနွေးပြောကြားချက်မှ ကောက်နုတ်ချက်- 19 Feb 2023)
Published on: 22 February 2023
Last Updated: 22 February 2023