တုပ်ကွေးရောဂါအနိုင်ယူပါ (နိုဝင်ဘာလ၊ ၂၀၂၃ ခုနှစ်)
ချောင်းဆိုးနေစဉ် (နှာခေါင်းနှင့် ပါးစပ်ကို) ဖုံးအုပ်ထားပါ။
🔴 သင်နှင့် အခြားသူများကို ဖျားနာစေနိုင်သော ပိုးမွှားများ မပျံ့နှံ့စေရန် ကူညီပါ။
😮💨 ချောင်းဆိုး နှာချေသောအခါ သင်၏ ပါးစပ်နှင့် နှာခေါင်းကို တစ်ရှူးဖြင့် ဖုံးအုပ်ပါ။ အသုံးပြုပြီးသော တစ်ရှူးများကို အမှိုက်တောင်းထဲသို့ စွန့်ပစ်ပါ။
😮💨 အသက်ရှူလမ်းကြောင်းမှတစ်ဆင့် ကူးစက်နိုင်သော ပိုးမွှားများ ပျံ့နှံ့မှုကို လျှော့ချပေးနိုင်ရန် အရည်အသွေးကောင်းပြီး သင့်မျက်နှာနှင့် အရွယ်အစားကိုက်ညီသည့် နှာခေါင်းစည်း (Mask) ကို ဝတ်ဆင်ပါ။
😮💨 ချောင်းဆိုး နှာချေပြီးနောက် (အထူးသဖြင့် နှာရည်/တံတွေး ပေကျံနေသည့် တစ်ရှူးနှင့် ထိတွေ့ပြီးနောက်) လက်ကို ဆပ်ပြာနှင့် ရေနွေးနွေးဖြင့် စက္ကန့် ၂၀ ကြာအောင် ဆေးကြောပေးပါ။ ဆပ်ပြာနှင့် ရေ မရရှိနိုင်ပါက အရက်ပြန်ပါသော လက်သန့်စင်ဆေးရည်ကို အသုံးပြုပါ။
ကျန်းမာရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ
Ministry of Health,
National Unity Government.
#nugmoh #CoverYourCough #Cough #Flu #Influenza #SeasonalInfluenza #SeasonalFlu #တုပ်ကွေး #ရာသီတုပ်ကွေး

Published on: November 5, 2023
Last updated: November 5, 2023