ဆီကြော်မုန့်၊ Fast Food၊​ Junk Food များ စားခြင်း၏ ဘေးထွက်ဆိုးကျိုးများ (June 2024)

ကျွန်တော်တို့အများစုက ဆီကြော်မုန့်တွေ၊ Fast Food တွေဟာ ကျန်းမာရေးကို ထိခိုက်စေတယ်ဆိုတာကို သိလျက်နဲ့ စားကောင်းနေကြဆဲ ဖြစ်ပါတယ်။

ဆီကြော်မုန့်တွေမှာ ပြည့်ဝဆီတွေ၊ သကြားဓာတ်တွေ အများကြီး ပါဝင်နေပြီး တစ်ခါတစ်ရံစားရင်တော့ ဘာမှမဖြစ်ပေမယ့် ခဏခဏစားလာတဲ့အခါ၊ အများကြီးစားလာတဲ့အခါမှာဆိုရင် ကျန်းမာရေးကို ထိခိုက်လာစေနိုင်ပါတယ်။

ဘယ်လိုမျိုးတွေ ထိခိုက်စေနိုင်လဲဆိုတော့ အားလုံးသိတဲ့အတိုင်း …

– အဝလွန်လာပြီး မအီမသာ ဖြစ်လာမယ်။

– ကိုယ်အတွင်းကလီစာတွေကို အဆီတွေဖုံးသွားမယ်။

– သွေးတွင်းကိုလက်စထရောတွေ မြင့်တက်လာမယ်။

– နှလုံးနဲ့ပတ်သက်တဲ့ ရောဂါတွေ ဖြစ်မယ်။

– ဆီးချိုရောဂါ၊ သွေးတိုးရောဂါတွေ ဖြစ်မယ်။

– အစာမကြေ၊ နေထိုင်မကောင်းတာတွေ ဖြစ်မယ်။

– အဆိုးဆုံးကတော့ ကင်ဆာရောဂါတွေ အထိတောင် ဖြစ်လာနိုင်ပါတယ်။

အဲဒီလိုတွေမဖြစ်အောင် ဘယ်လိုကာကွယ်နိုင်မလဲ ဆိုရင်တော့…

✅ လုံးဝမရှောင်နိုင်ရင်တောင် လျှော့စားပေးဖို့ လိုပါတယ်။

✅ ဒါ့အပြင် ကိုယ်လက်လှုပ်ရှား လေကျင့်ခန်းတွေ လုပ်ပေးပါ။

✅ အသီးအရွက် များများစားပေးပါ။

✅ အိပ်ရေးဝဝ အိပ်ပါ။

✅ ချက်ပြုတ်စားသောက်ရင်လည်း ဆီသန့်သန့်နဲ့ပဲ ချက်စားပေးပါ။

✅ အကြော်ကြော်ထားတဲ့ဆီကို ထပ်ခါထပ်ခါ ပြန်ကြော်ဖို့မသုံးပါနဲ့။ ကြော်လှော်တာအတွက် တစ်ခါသုံးပြီးရင် ဟင်းထဲထည့်ချက်တာမျိုး လုပ်ပါ။

✅ ဆီမပါဘဲ Air Fryer တွေနဲ့လည်း ကြော်စားလို့ရပါတယ်။

ဒီလိုနည်းနဲ့ ဆီကြော်များကို လျှော့ပေါ့စားသောက်ပြီး ကျန်းမာလှပတဲ့ဘဝကို ပိုင်ဆိုင်နိုင်ကြပါစေခင်ဗျာ။✨

တယ်လီကျန်းမာ အခမဲ့အွန်လိုင်းဆေးခန်း

Ministry of Health

National Unity Government

Published on: June 17, 2024

Last updated: June 18, 2024

Ref: 📖

https://www.medicalnewstoday.com/articles/324847#short-term-impacts