တယ်လီကျန်းမာ အွန်လိုင်းဆေးခန်းတွင် သွားနှင့်ခံတွင်း ကျန်းမာရေးပြဿနာများကို တိုင်ပင်ဆွေးနွေးနိုင်ပါပြီ (၂၈-၁၁-၂၀၂၁ )
*သွားနှင့်ခံတွင်းရောဂါ ဝေဒနာများအတွက် လတ်တလော အခြေအနေအရပ်ရပ်တခုခုကြောင့် သွားဆေးခန်း၌ ကုသမှုခံယူရန် မပြနိုင်ခင် သွားကျန်းမာရေးအတွက် ဆောင်ရန်/ရှောင်ရန်/ဂရုစိုက်ရန်များကို တိုင်ပင်ဆွေးနွေးနိုင်ပါပြီ*
တယ်လီကျန်းမာဆေးခန်းသို့ ဆက်သွယ်ရန်-https://m.me/telehealthmm
လူနာများအနေဖြင့် အောက်ဖော်ပြပါ အခြေအနေများကို (တယ်လီကျန်းမာအထွေထွေရောဂါကုဆေးခန်းများတွင် ဦးစွာတိုင်ပင်ပြီး) သွားနှင့်ခံတွင်းအထူးကုဆရာဝန်ကြီးများနှင့် ဆက်လက်ပြသနိုင်ပြီဖြစ်ပါကြောင်း အသိပေးအပ်ပါသည်။
+ မိမိတို့၏သွားအခြေအနေ ပြဿနာများ၊သွားရောဂါဝေဒနာများနှင့်ပတ်သက်၍သိလိုသည်များကိုဆွေးနွေးတိုင်ပင်လိုသောလူနာများ
+ သွားနှင့်ခံတွင်းသန့်ရှင်းကျန်းမာရေးအတွက်လိုက်နာဆောင်ရွက်ရမည် များကို သိလိုသောအကြောင်းအရာများအတွက် မေးမြန်းလိုသောလူနာများ
+ သွားနှင့်ခံတွင်းအတွက်သက်ဆိုင်ရာကုသမှုလမ်းညွှန်လိုအပ်ချက်များနှင့်ပတ်သက်၍သိရှိမေးမြန်းလိုသောလူနာများ
သွားနှင့်ခံတွင်းဝေဒနာများသည် ထိရောက်စွာ ကုသမှု ခံယူမှသာ သက်သာပျောက်ကင်းပါသောကြောင့်ဆွေးနွေးတိုင်ပင်အကြံပြုချက်များအပြင် မိမိတို့ကိုယ်တိုင် လိုက်နာကျင့်သုံးဆောင်ရွက်ရန်လိုအပ်ပါသည်။
*အောက်ဖော်ပြပါ ရောဂါဝေဒနာများ ခံစားနေရပါက သက်ဆိုင်ရာသွားနှင့်ခံတွင်းဆေးရုံ/ဆေးခန်းများ၌ထိရောက်စွာအမြန်ဆုံးကုသမှုခံယူရန်လိုအပ်ပါသည်။*
+ သွားကိုက်ဝေဒနာအပြင်းအထန်နာကျင်ခံစားနေရသော လူနာများ
+ ခံတွင်းနှင့်သွားဖုံးမှ သွေးများအဆက်မပြတ်ထွက်နေသော လူနာများ
+ မေးရိုးနှင့်မျက်နှာရောင်ရမ်း၍ နာကျင်ကိုက်ခဲနေသောလူနာများ၊ ရောင်ရမ်းမှုနှင့် ဆက်စပ်၍အသက်ရှုရခက်ခဲနေသောလူနာများ၊
+ ပါးစပ်ဟ၍မရဖြစ်နေသောလူနာများ၊
+ မေးရိုးအံလွဲရာမှ ပါးစပ်ပိတ်မရဖြစ်သွားသောလူနာများ
+ မတော်တဆထိခိုက်ဒဏ်ရာရရှိ၍ မေးရိုးကျိုးခြင်း၊ သွားများထိခိုက်ပျက်စီးသွားသောလူနာများ
* ဆေးခန်းများအားလုံးမှာ စေတနာဖြင့် အခမဲ့ တိုင်ပင်ဆွေးနွေးကုသပေးခြင်းဖြစ်ပါသည် *
တယ်လီကျန်းမာ၏ Messenger မှတစ်ဆင့် နေ့စဥ် နံနက် (၈) နာရီမှ ညနေ (၆) နာရီကြား ဆေးခန်းပြသနိုင်ပါသည်။
“MOH တယ်လီကျန်းမာ … လူတိုင်းအတွက်ပါ”
Ministry of Health,
National Unity Government.
Published on: 28 November 2021
Last Updated: 28 November 2021