“တယ်လီကျန်းမာအွန်လိုင်းဆေးခန်းမှာ မျက်စိကျန်းမာရေးပြဿနာများလည်း တိုင်ပင်ဆွေးနွေးနိုင်ပြီ (၆-၁၂-၂၀၂၁)”
မျက်စိဆရာဝန် ကြီးများနှင့်တိုင်ပင်ဆွေးနွေးနိုင်ခြင်း
တယ်လီကျန်းမာအွန်လိုင်းဆေးခန်းများတွင် လူနာများအား အထူးကုဆရာဝန်ကြီးများနှင့် တိုင်ပင်ဆွေးနွေးနိုင်ရန် စီစဥ်ဆောင်ရွက်ပေးလျက် ရှိပါသည်။
လူကိုယ်တိုင် ဆေးရုံဆေးခန်းပြသဖို့ခက်ခဲ နေသူများ အတွက် တယ်လီကျန်းမာရဲ့ မျက်စိဆေးခန်းမှ ကြိုဆိုပါတယ်။
မျက်စိဆရာဝန် များနှင့်ဆွေးနွေးနိုင်မည့် ဝေဒနာ/ရောဂါများမှာ
- မျက်စိမှုန်ခြင်း
- မျက်စိနာခြင်း၊ ကိုက်ခြင်း၊ မျက်ဝတ်အထွက်များခြင်း
- မျက်စိ နီခြင်း၊ ရဲခြင်း၊ ယောင်နေခြင်း
- မျက်ရည် ခြောက်ခြင်း၊ အလင်းစူးခြင်း၊ မျက်ရည်ကျခြင်း
- မျက်ခွံယောင်ခြင်း၊ အဖုပေါက်ခြင်း၊ အနာဖြစ်ခြင်းနှင့် မျက်ခွံဆိုင်ရာပြသနာများ
- မျက်စိစွေခြင်း
- မြင်ကွင်း ကွယ်ခြင်း၊ ကာခြင်း၊ ပုံရိပ်များ နှစ်ရိပ်နှစ်ထပ်မြင်ခြင်း အစရှိသည်တို့ ဖြစ်ပါသည်။
- ရေတိမ် ၊အတွင်းတိမ်ရောဂါများ၊ဆီးချိုကြောင့်မျက်စိထိခိုက်ခြင်းများအတွက်လည်းဆွေးနွေး အကြံပေးနိုင်ပါသည်။
တယ်လီကျန်းမာ၏ အထွေထွေရောဂါကုဆေးခန်းများတွင် ဦးစွာပြသ၍ သက်ဆိုင်ရာအထူးကုဆရာဝန်ကြီးများထံသို့ စနစ်တကျလွှဲပြောင်းကုသမှု ခံယူနိုင်ပါသည်။
* ဆေးခန်းများအားလုံးမှာ စေတနာဖြင့် အခမဲ့ တိုင်ပင်ဆွေးနွေးကုသပေးခြင်းဖြစ်ပါသည်*
တယ်လီကျန်းမာ၏ Messenger မှတစ်ဆင့် နေ့စဥ် နံနက် (၈) နာရီမှ ညနေ (၆) နာရီကြား ဆေးခန်းပြသနိုင်ပါသည်။
တယ်လီကျန်းမာ အွန်လိုင်းဆေးခန်းသို့ ဆက်သွယ်ရန် – https://m.me/telehealthmm
“MOH တယ်လီကျန်းမာ … လူတိုင်းအတွက်ပါ”
Ministry of Health,
National Unity Government.
Published on: 6 December 2021
Last Updated: 6 December 2021