ဦးနှောက်နှင့်အာရုံကြောပြဿနာတယ်လီကျန်းမာမှာ အဖြေရှာ
======================
တစ်နေ့……..
“ခေါင်းတွေကိုက် စိတ်တွေရှုပ် ခေါင်းမူးလိုက်တာ အေ”
“ဟုတ်ပ…..ငါ့မှာလဲ နေ့တိုင်း အကြောတက်လို့ နင်းနှိပ်နေရတာ”
“အမယ်လေး နင်တို့ထက် ငါက ပိုဆိုး ! ခဏခဏ သတိမေ့နေလို့ဟယ်”
“ညည်းတို့လိုတော့ ငါက မဖြစ်ဘူး ၊ ကျန်းကျန်းမာမာဘဲ။ ဒါပေမယ့်ဟယ် ငါ့သားလေး ခဏခဏ တက် တက်နေလို့ ဝက်ရူးပြန်ဆိုလား…”
“ဪ ဒုက္ခ ဒုက္ခ….
……
တို့တွေလည်း တယောက်တမျိုး ရောဂါတွေဖြစ်နေကြ ၊ ကိုဗစ်ကြောက်လို့ ဆေးခန်းလဲ မသွားရဲနဲ့ အဲ့ဒါ ဘယ်လိုလုပ်ကြမလဲ ? “
ထိုစဥ်….
………..
“ဟေးဟေး ငါ့သူငယ်ချင်းတို့….နင်တို့တတွေရဲ့ ပြသနာကို ဖြေရှင်းပေးမယ့် ဝင်းဝင်း လာပါပြီရှင် !! “
“ဟယ်…ဝင်းဝင်းပါလား
ဟုတ်မှလဲ လုပ်ပါဟာ နင်က ဆရာဝန်ဖြစ်သွားလို့လား ? “
“ဆရာဝန် မဖြစ်ပါဘူး…ဟဲ့
…..
ဒီမှာ ဆေးခန်းသွားစရာမလိုဘဲ Facebook ကနေ တယ်လီကျန်းမာ အွန်လိုင်းဆေးခန်း ပြလို့ရတယ်။ Internet ဖွင့်ထား၊ Telegram ဖုန်းနံပါတ် ရှိရင် ဘိုကင်တင်ပြီး ပြလို့ရပြီ “
“ဟယ်…ဟုတ်လား”
“အေးပါဆို…အထွေထွေဆေးခန်းမှာ အရင်ပြပြီး ၊ နင်တို့ဖြစ်နေတဲ့ပုံစံအရ လိုအပ်ရင် ဦးနှောက်အာရုံကြောအထူးကုနဲ့ ဆက်ပြပေးလိမ့်မယ် “
“မဖြစ်နိုင်တာ ဦးနှောက် အာရုံကြောဆရာဝန်နဲ့ ပြလို့ ရပါ့မလားအေ? “
“ရပါ့ရှင် အထူးကု ဆရာဝန်တွေ အများကြီး ရှိတယ်ဟဲ့နေ့စဉ် ပိတ်ရက် မရှိ မနက် ၈- ည၆နာရီထိဟ အခမဲ့ အခမဲ့ ပြလို့ရတယ်
နင်တို့တွေ facebook account ဖွင့် ထားအေ ၊ ဘိုကင်တင်တာ ငါအခုလုပ်ပေးလိုက်မယ် နောက်ဆို ကိုယ့်ဖာသာ လုပ်ကြပေါ့….
ငါကတော့ သတင်းကောင်းပြောပြီးပြီ ကျန်တာ နင်တို့အပိုင်း “
“အေးပါဟယ်….ကျေးဇူးတင်လိုက်တာ သူငယ်ချင်းရယ် “
“ငါ့ကို ကျေးဇူးမတင်နဲ့ တယ်လီကျန်းမာကို ကျေးဇူးတင် ဟုတ်ပြီလား “
“ဟုတ်ပါပြီ…မယ်မင်းကြီးမရယ်
အဟင်း ဟင်း “
တယ်လီကျန်းမာ အွန်လိုင်းဆေးခန်းသို့ ဆက်သွယ်ရန် – https://m.me/telehealthmm
* ဆေးခန်းများအားလုံးမှာ စေတနာဖြင့် အခမဲ့ တိုင်ပင်ဆွေးနွေးကုသပေးခြင်းဖြစ်ပါသည်*
တယ်လီကျန်းမာ၏ Messenger မှတစ်ဆင့် နေ့စဥ် နံနက် (၈) နာရီမှ ညနေ (၆) နာရီကြား ဆေးခန်းပြသနိုင်ပါသည်။
“MOH တယ်လီကျန်းမာ … လူတိုင်းအတွက်ပါ”
Ministry of Health,
National Unity Government.
Published on: 9 December 2021
Last Updated: 9 December 2021