* NUG MOH တယ်လီကျန်းမာအွန်လိုင်းဆေးခန်းတွင် စိတ်ကျန်းမာရေး အထူးကုဆရာဝန်ကြီးများနှင့် တိုင်ပင်ဆွေးနွေးနိုင်ပါပြီ* (၁၂-၁၁-၂၀၂၁)
အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကျန်းမာရေးဝန်ကြီးဌာန (MOH) ၏ တယ်လီကျန်းမာ အွန်လိုင်းဆေးခန်း (https://facebook.com/telehealthmm) တွင် လူနာများအခမဲ့ ကုသမှုခံယူရာ၌ ပိုမိုလွယ်ကူအဆင်ပြေစေရန် တယ်လီကျန်းမာ Messenger Bot (https://m.me/telehealthmm) ကို (၂၄-၉-၂၀၂၁) ရက်နေ့မှစတင်၍ အသုံးပြုနိုင်ရန် စီစဉ်ဆောင်ရွက်ခဲ့ပါသည်။
အထွေထွေရောဂါလူနာများနှင့် COVID-19 ရောဂါလူနာများသည် တယ်လီကျန်းမာ Messenger Bot မှတစ်ဆင့် နေ့စဉ် ပိတ်ရက်မရှိ၊ နံနက် (၈) နာရီမှ ညနေ (၆) နာရီအတွင်း အခမဲ့ တိုင်ပင်ကုသနိုင်မည်ဖြစ်ပါသည်။
အောက်ပါလက္ခဏာများခံစားနေရပါက စိတ်ကျန်းမာရေးဆရာဝန်နှင့် သွားရောက်ပြသခြင်းဖြင့် ကောင်းကျိုးများစွာ ရရှိနိုင်ပါတယ်။
- နေ့စဉ်ဘဝအပြောင်းအလဲများနှင့်လိုက်လျောညီထွေဖြစ်ရန်ခက်ခဲနေခြင်း
- စိတ်ပူပန်သောကနှင့်စိုးရိမ်မှုခံစားနေရခြင်းများ
- ကာလကြာရှည်စွာစိတ်ဓာတ်ကျနေခြင်း
- မိမိကိုယ်ကိုအဆုံးစီရင်လိုသောအတွေးများရှိနေခြင်း
- မိမိကိုယ်ကိုနာကျင်အောင်လုပ်ခြင်း
- အတွေးလွန်ခြင်း
- စိတ်အာရုံခြောက်ခြားခြင်း၊ စိတ်ထင်ယောင်ထင်မှားဖြစ်ခြင်း
- အရက်သေစာနှင့်မူးယစ်စေတတ်သောအရာများကို အထိန်းအကွပ်မရှိ အလွန်အကျွံသုံးစွဲခြင်း
- မိမိ၏ရုပ်ပိုင်းဆိုင်ရာအသွင်အပြင်နှင့် ပတ်သက်၍ အလွန်အမင်း စိတ်ဖိစီးနေခြင်း စိတ်မလုံခြုံမှုများခံစားနေရခြင်း
- အာရုံစူးစိုက်မှုအားနည်းခြင်း
တို့အတွက် တိုင်ပင်ဆွေးနွေးကုသမှု ခံယူနိုင်ပါပြီ။
အထူးကုဆရာဝန်ကြီးများနှင့်ဆေးခန်းပြသရန်ဘိုကင်ရက်ချိန်းရယူထားသောလူနာများအနေဖြင့် ၊ ချိန်းဆိုထားသော အချိန်ထက် ၁၅ မိနစ်နောက်ကျပါက (အခြားလူနာများအတွက် အချိန်ပေးနိုင်ရန်) ထိုဘိုကင်အား ပယ်ဖျက်မည်ဖြစ်ပါသည်။
* အွန်လိုင်းမှ အခမဲ့ တိုင်ပင် ဆွေးနွေးကုသခြင်း ဝန်ဆောင်မှု ပေးသွားပါမည်*
တယ်လီကျန်းမာ အွန်လိုင်းဆေးခန်းသို့ ဆက်သွယ်ရန် – https://m.me/telehealthmm
“MOH တယ်လီကျန်းမာ … လူတိုင်းအတွက်ပါ”
Ministry of Health,
National Unity Government.
Published on: 12 November 2021
Last Updated: 12 November 2021