Spring Healthcare Heroes (SHH) Programme (January 2024)

📷 Spring Healthcare Heroes (SHH) Programme ❗❗❗

နွေဦးသူရဲကောင်း ကျန်းမာရေးဝန်ထမ်း ထောက်ပို့မိသားစုများအားလုံး ကျန်းမာရွှင်လန်းပါစေလို့ နှုတ်ခွန်းဆက်သပါတယ်။ 👨🏻‍⚕️👩🏻‍⚕️

ခုလက်ရှိ မြေပြင်တိုက်ပွဲတွေ အရှိန်မြှင့်ဖြစ်ပွားနေတာ အားလုံးအသိပဲ ဖြစ်မှာပါ။ ဒီတိုက်ပွဲတွေမှာ ပြည့်သူတော်လှန်ရေးတပ်သားတွေ ထိခိုက်လာရင် ကုသပေးရတဲ့ နောက်တန်းက ကျန်းမာရေးဝန်ထမ်းတွေရဲ့ အခန်းကဏ္ဍကလည်း အရေးကြီးလှပါတယ်။ ဆေးကုသပေးတဲ့အပြင် ကိုယ့်အသက်အန္တရာယ်ကိုလည်း ရှောင်ရှားရင်း ပြေးလွှားကုသပေးနေကြတာ ဖြစ်ပါတယ်။

ဒီလို အရေးကြီးတဲ့ကဏ္ဍမှာ ပါဝင်နေကြတဲ့ ပါဝင်နေကြတဲ့ ပြည်သူ့ကျန်းမာရေးတပ်သားတွေကို မိတ်ဆွေတို့အနေနဲ့ ခုထိ ကူညီပေးလာကြတဲ့အတွက်လည်း ကျေးဇူးအထူးတင်ရှိပါတယ်။ ကျွန်မဆိုလည်း ကိုယ်တိုင်မြေပြင်မှာ ရုန်းကန်ခဲ့ဖူးတဲ့အတွက် ကူညီထောက်ပံ့ငွေရရင် ငါတို့ကို မမေ့သေးဘူးပဲဆိုတဲ့ ပီတိကို ခံစားရပါတယ်။ အခု ဖေဖော်ဝါရီလအတွက်လည်း အားလုံးက တက်ညီလက်ညီနဲ့ စုပေါင်းပါဝင်ကူညီကြမယ်လို့ မျှော်လင့်ပါတယ်ရှင်။

ပါဝင်ကူညီနေကြတဲ့သူတွေအားလုံးကို ဆေးတပ်သားတွေ ရဲဘော်တွေကိုယ်စား ကျေးဇူးတင်ရှိပါတယ်။

လေးစားချစ်ခင်စွာဖြင့်

OFP SHH

[English below]

❗ သင်လည်း နွေဦးကျန်းမာရေးသူရဲကောင်းတစ်ယောက် ဖြစ်နိုင်ပြီ 👋

နွေဦးကျန်းမာရေးသူရဲကောင်းအဖွဲ့ဝင် (Spring Healthcare Heroes – SHH) အစီအစဉ်ဟာ “ကျန်းမာရေးစောင့်ရှောက်သူမှ ကျန်းမာရေးစောင့်ရှောက်သူသို့” ကူညီစောင့်ရှောက်မဲ့ အစီအစဉ် ဖြစ်ပါတယ်။ တော်လှန်ရေးကာလ ရှေ့တန်းမှာ ရွပ်ရွပ်ချွံချွံ တိုက်ပွဲနေကြတဲ့ တော်လှန်ရေးရဲဘော်များနဲ့ စစ်ဘေးရှောင် ပြည်သူများကို ပင်ပန်းဆင်းရဲခံပြီး တစ်သားတည်း ဆေးကုသမှုပေးလျက်ရှိတဲ့ ကျန်းမာရေးသူရဲကောင်းဝန်ထမ်းများကို ကူညီစောင့်ရှောက်မဲ့ အစီအစဉ် ဖြစ်ပါတယ်။

SHH ဟာ “ကျန်းမာရေးစောင့်ရှောက်သူမှ ကျန်းမာရေးစောင့်ရှောက်သူသို့” ဆိုတဲ့အတိုင်း ကမ္ဘာ့နေရာအနှံ့အပြားမှာ ရှိနေတဲ့ ကျန်းမာရေးစောင့်ရှောက်သူများက မိမိတို့ရဲ့ ညီအကိုမောင်နှမ၊ လုပ်ဖော်ကိုင်ဖက်များဖြစ်တဲ့၊ မြေပြင်မှာ တော်လှန်ရေးအတွက် တိုက်ပွဲဝင်နေကြတဲ့ ကျန်းမာရေးစောင့်ရှောက်သူများကို ပံပိုးကူညီသွားမှာဖြစ်ပါတယ်။

သို့သော်လည်း ကျန်းမာရေးစောင့်ရှောက်သူများသာမက ပြည်သူလူထုများကပါ တော်လှန်ရေးမှာ တိုက်ပွဲဝင်နေကြတဲ့ ကျန်းမာရေးစောင့်ရှောက်သူများကို ပံပိုးကူညီလိုပါကလည်း ဝမ်းမြောက်ဝမ်းသာ ကြိုဆိုပါတယ်။

Member ကြေးကို တစ်လလျှင် အမေရိကန်ဒေါ်လာ ၃၀ နှုန်း သတ်မှတ်ထားပြီး မိမိ ထည့်ဝင်နိုင်သလောက် ၃ လ၊ ၆ လ၊ ၁ နှစ် အထိ အဖွဲ့ဝင်အဖြစ် ပါဝင်နိုင်ပါတယ်။

မိမိထောက်ပံ့လိုတဲ့ ရဲဘော်ရဲဘက် အရေအတွက်အလိုက် SHH အဖွဲ့ဝင်ကတ်များ ဝယ်ယူနိုင်ပါတယ်။ ဥပမာ အလှူရှင်တစ်ဦးအနေနဲ့ လစဉ် SHH အဖွဲ့ဝင်ကတ် (၁၀) ကတ် ဝယ်ယူထားပါက ကျန်းမာရေးစောင့်ရှောက်သူ (၁၀) ဦးကို လစဉ်တာဝန်ယူ၊ ထောက်ပံ့ပေးနေတဲ့သဘော ဖြစ်ပါတယ်။

Spring Healthcare Heroes (SHH) Programme is where assistance is being given to a healthcare personnel by another healthcare personnel. The programme is about looking after and giving assistance to all those healthcare workers who have been doing their utmost, enduring hardship and selflessly looking after the healthcare needs of those who have been fiercely fighting for the revolution at the frontline and those of the public who have become war refugees.

As SHH Programme is about healthcare workers looking after healthcare workers, healthcare personnel from across the world will be giving support to their brethren healthcare workers who have been taking part in the Revolution from the front.

But it is not just about the workers from the healthcare sector, we would happily welcome the public if they were to join the programme and offer support to the frontline healthcare workers.

Membership fee is US$30.00 per month, and the membership ranges from 3 months, 6 months, to a year depending on affordability.

You can buy as many membership cards as you want to be able to support more than one healthcare worker. For example, if one buys ten membership cards monthly that member will be looking after 10 healthcare workers every month.

✨ နိုင်ငံအလိုက် SHH Agent များ – SHH Agents across the world ✨

❗ Telegram accounts

Myanmar – @Kiki_cdmmn
Myanmar – @nangwei010
Singapore – @Dahlia_Mya
Brunei – @Aeolus_7
Australia – @SHH_Australia_St
Australia – @Lavender_Spring
New Zealand – @SHH_NZ
UK – @UK2MYANMARSHH
UK – @metta4
UK – @YANKIN_THAR
UK – @n5n3o
UK – @FriendsofMyanmar
UK – @springcyrstal
USA – @PhoenixEndo
USA – @Auntyaa
Canada – @KSTOCA
Jamaica – @TelehealthMM_greentea
Jamaica – @JDonut999

Global (Mainly Japan) – @KM_OTO

❗ Facebook Pages

  1. Global (Mainly Japan) – One-to-One CDM Campaign

https://facebook.com/OneToOneCDMCampaign/

  1. Myanmar – CDM Medical Network

https://www.facebook.com/cdmmn

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာန

Ministry of Health,
National Unity Government.

#nugmoh #SpringHealthcareHeroes #SHH

Published on: January 25, 2024
Last updated: January 25, 2024