နွေဦးကျန်းမာရေးသူရဲကောင်း (Spring Healthcare Heroes – SHH) အစီအစဉ်မှာ ပါဝင်နိုင်ရန် ထပ်မံဖိတ်ခေါ်ခြင်း (စက်တင်ဘာလ၊ ၂၀၂၂ ခုနှစ်)
နွေဦးကျန်းမာရေးသူရဲကောင်းအဖွဲ့ဝင် (SHH) အစီအစဉ်ဆိုတာ နွေဦးတော်လှန်ရေးကာလ မြေပြင်ကျန်းမာရေးသူရဲကောင်းဝန်ထမ်းတွေကို ကူညီစောင့်ရှောက်ပေးမဲ့ အစီအစဉ် ဖြစ်ပါတယ်။ မြေပြင်ကျန်းမာရေးသူရဲကောင်းဝန်ထမ်းတွေဟာ ရှေ့တန်းမှာ ရွပ်ရွပ်ချွံချွံ တိုက်ပွဲနေကြတဲ့ တော်လှန်ရေးရဲဘော်တွေ၊ စစ်ဘေးသင့်ပြည်သူတွေနဲ့အတူ တစ်သားတည်းနေထိုင်ပြီး ပင်ပန်းဆင်းရဲခံကာ ဆေးကုသမှုပေးနေကြပါတယ်။
ဒီ SHH အစီအစဉ်ကို ၂၀၂၂ ခုနှစ်၊ မေလက စတင်ခဲ့တာဖြစ်ပြီး ယနေ့အချိန်အထိ SHH အဖွဲ့ဝင်များအဖြစ် တက်ကြွစွာ ပါဝင်ပေးခဲ့ကြတဲ့ ပြည်သူတစ်ဦးချင်းစီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။
မြေပြင်ကျန်းမာရေးသူရဲကောင်းဝန်ထမ်း စုစုပေါင်း (၄,၀၀၀) ကျော်ရှိတဲ့အနက် ကျန်းမာရေးဝန်ထမ်း စုစုပေါင်း (၁,၆၀၀) ကျော်ကို ဒီအစီအစဉ်ကနေ ထောက်ပံ့ပေးနိုင်ခဲ့ပြီး ကျန်ရှိတဲ့ မြေပြင်ကျန်းမာရေးသူရဲကောင်းဝန်ထမ်းတွေကို ဆက်လက်ထောက်ပံ့နိုင်ဖို့အတွက် SHH အဖွဲ့ဝင်များစွာ ထပ်မံလိုအပ်နေပါသေးတယ်။
တော်လှန်ရေးရဲဘော်တွေနဲ့ စစ်ဘေးသင့်ပြည်သူတွေကို ကျန်းမာရေးစောင့်ရှောက်မှုပေးဖို့ဟာ နွေဦးတော်လှန်ရေး အောင်မြင်ဖို့အတွက် မရှိမဖြစ်တဲ့ အခန်းကဏ္ဍတစ်ခု ဖြစ်ပါတယ်။ ပြည်သူများအနေနဲ့ နွေဦးကျန်းမာရေးသူရဲကောင်းအဖွဲ့ဝင် (SHH) အဖြစ် ပါဝင်ကူညီပေးကြပါဦးလို့ ထပ်မံဖိတ်ခေါ်တိုက်တွန်းအပ်ပါတယ်။
SHH အဖွဲ့ဝင်ကြေးအနေနဲ့ တစ်လကို အမေရိကန်ဒေါ်လာ ၃၀ နှုန်း သတ်မှတ်ထားပြီး မိမိ ထည့်ဝင်နိုင်သလောက် ၃ လ၊ ၆ လ၊ ၁ နှစ် စသဖြင့် အဖွဲ့ဝင်အဖြစ် ပါဝင်နိုင်ပါတယ်။
မိမိထောက်ပံ့လိုတဲ့ မြေပြင်ကျန်းမာရေးသူရဲကောင်းဝန်ထမ်း အရေအတွက်အလိုက် SHH အဖွဲ့ဝင်ကတ်များ ဝယ်ယူနိုင်ပါတယ်။ ဥပမာ အလှူရှင်တစ်ဦးအနေနဲ့ SHH အဖွဲ့ဝင်ကတ် (၁၀) ကတ်ကို “လစဉ်” ဝယ်ယူထားပါက ကျန်းမာရေးစောင့်ရှောက်သူ (၁၀) ဦးကို “လစဉ်” တာဝန်ယူ၊ ထောက်ပံ့ပေးနေတဲ့သဘော ဖြစ်ပါတယ်။
✨ နိုင်ငံအလိုက် SHH Agent များ ✨
❗ Telegram accounts
Myanmar – @Kiki_cdmmn
Myanmar – @nangwei010
Singapore – @Dahlia_Mya
Brunei – @Aeolus_7
Australia – @SHH_Australia_St
Australia – @Lavender_Spring
New Zealand – @SHH_NZ
UK – @UK2MYANMARSHH
UK – @metta4
UK – @YANKIN_THAR
UK – @n5n3o
UK – @FriendsofMyanmar
UK – @springcyrstal
USA – @PhoenixEndo
USA – @Auntyaa
Canada – @KSTOCA
Jamaica – @TelehealthMM_greentea
Jamaica – @JDonut999
Global (Mainly Japan) – @KM_OTO
❗ Facebook Pages
Global (Mainly Japan) – One-to-One CDM Campaign
https://facebook.com/OneToOneCDMCampaign/
Myanmar – CDM Medical Network
https://www.facebook.com/cdmmn
Ministry of Health,
National Unity Government.





Published on: 17 September 2022
Last Updated: 17 September 2022