👨⚕️ နွေဦးကျန်းမာရေးသူရဲကောင်းအဖွဲ့ဝင်အဖြစ် ခံယူကြစို့ 🦸
🤔 နွေဦးကျန်းမာရေးသူရဲကောင်းအဖွဲ့ဝင် (Spring Healthcare Heroes – SHH) ဆိုတာ ဘာလဲ?
Spring Healthcare Heroes (SHH) အစီအစဉ်ဟာ “ကျန်းမာရေးစောင့်ရှောက်သူမှ ကျန်းမာရေးစောင့်ရှောက်သူသို့” ကူညီစောင့်ရှောက်မဲ့ အစီအစဉ် ဖြစ်ပါတယ်။ တော်လှန်ရေးကာလ ရှေ့တန်းမှာ ရွပ်ရွပ်ချွံချွံ တိုက်ပွဲနေကြတဲ့ တော်လှန်ရေးရဲဘော်များနဲ့ စစ်ဘေးရှောင် ပြည်သူများကို ပင်ပန်းဆင်းရဲခံပြီး တစ်သားတည်း ဆေးကုသမှုပေးလျက်ရှိတဲ့ ကျန်းမာရေးသူရဲကောင်းဝန်ထမ်းများကို ကူညီစောင့်ရှောက်မဲ့ အစီအစဉ် ဖြစ်ပါတယ်။
SHH ဟာ “ကျန်းမာရေးစောင့်ရှောက်သူမှ ကျန်းမာရေးစောင့်ရှောက်သူသို့” ဆိုတဲ့အတိုင်း ကမ္ဘာ့နေရာအနှံ့အပြားမှာ ရှိနေတဲ့ ကျန်းမာရေးစောင့်ရှောက်သူများက မိမိတို့ရဲ့ ညီအကိုမောင်နှမ၊ လုပ်ဖော်ကိုင်ဖက်များဖြစ်တဲ့၊ မြေပြင်မှာ တော်လှန်ရေးအတွက် တိုက်ပွဲဝင်နေကြတဲ့ ကျန်းမာရေးစောင့်ရှောက်သူများကို ပံပိုးကူညီသွားမှာဖြစ်ပါတယ်။
“သို့သော်လည်း ကျန်းမာရေးစောင့်ရှောက်သူများသာမက ပြည်သူလူထုများကပါ တော်လှန်ရေးမှာ တိုက်ပွဲဝင်နေကြတဲ့ ကျန်းမာရေးစောင့်ရှောက်သူများကို ပံပိုးကူညီလိုပါကလည်း ဝမ်းမြောက်ဝမ်းသာ ကြိုဆိုပါတယ်။”
🤔 SHH မှာ ဘယ်လိုပါဝင်ခွင့်ရမလဲ?
ကမ္ဘာ့နိုင်ငံအသီးသီးမှာ နိုင်ငံအလိုက် ကိုယ်စားပြုတဲ့ SHH Agent များရှိပါတယ်။ မိမိနိုင်ငံမှာ ကိုယ်စားပြုပြီး ဆောင်ရွက်ပေးမဲ့ SHH Agent ထံမှာ ဆက်သွယ်ပြီး မိမိရဲ့ နာမည်(သို့မဟုတ်) အမည်ဝှက်၊ Email ကို ပေးရပါမယ်။ ပြီးရင်တော့ Member ကြေးကို တစ်လလျှင် ကန်ဒေါ်လာ ၃၀ နှုန်း သတ်မှတ်ထားပြီး မိမိ ထည့်ဝင်နိုင်သလောက် ၃ လ၊ ၆ လ၊ ၁ နှစ် အထိ အဖွဲ့ဝင်အဖြစ် ပါဝင်နိုင်ပါတယ်။
SSH အဖွဲ့ဝင် တစ်ကြိမ်ဖြစ်ခြင်းဟာ ပြည်တွင်းမှာ သက်စွန့်ဆံဖျား၊ ဆင်းရဲဒုက္ခခံပြီး ပြည်သူများကို ကျန်းမာရေးစောင့်ရှောက်မှုပေးနေတဲ့ မိမိတို့ရဲ့ ရဲဘော်ရဲဘက်၊ ကျန်းမာရေးစောင့်ရှောက်သူတစ်ဦးစာ ထောက်ပံ့နိုင်မှာဖြစ်ပါတယ်။
မိမိထောက်ပံ့လိုတဲ့ ရဲဘော်ရဲဘက် အရေအတွက်အလိုက် SSH အဖွဲ့ဝင်ကတ်များ ဝယ်ယူနိုင်ပါတယ်။ ဥပမာ အလှူရှင်တစ်ဦးအနေနဲ့ လစဉ် SSH အဖွဲ့ဝင်ကတ် (၁၀) ကတ် ဝယ်ယူထားပါက ကျန်းမာရေးစောင့်ရှောက်သူ (၁၀) ဦးကို လစဉ်တာဝန်ယူ၊ ထောက်ပံ့ပေးနေတဲ့သဘော ဖြစ်ပါတယ်။
လတ်တလောမှာ NUG ကျန်းမာရေးဝန်ကြီးဌာနနဲ့ လက်တွဲဆောင်ရွက်နေတဲ့ ကျန်းမာရေးစောင့်ရှောက်သူ (၁,၀၀၀) ဦးစာအတွက် SSH အဖွဲ့ဝင်ကြေးများ ရရှိထားပြီး ကျန်ရှိ (၃,၀၀၀) ဦးစာအတွက် SSH အဖွဲ့ဝင်ကြေးများ လိုအပ်နေပါသေးတယ်။ ကျန်းမာရေးစောင့်ရှောက်သူ အရေအတွက်ဟာ အခုထက် ပိုများလာဖို့ပဲ ရှိပါတယ်။
🤔 ငွေလဲနှုန်းတွေကကော ဘယ်လိုလဲ?
ငွေလဲနှုန်းတွေကတော့ လက်ရှိ PRF, Bond အစရှိတဲ့ Program တွေ အားလုံးနဲ့တစ်ပြေးညီ လစဉ်ကြေညာပေးမှာဖြစ်ပြီး မိမိ ပါဝင်မဲ့ လရဲ့ ငွေလဲနှုန်းထားအတိုင်းပဲ ပေးချေရမှာဖြစ်ပါတယ်။
✨ နိုင်ငံအလိုက် SSH Agent များ၏ Telegram (တယ်လီဂရမ်) အကောင့်များ ✨
မြန်မာ – @Kiki_cdmmn
မြန်မာ – @nangwei010
စင်ကာပူ – @Dahlia_Mya
ဘရူနိုင်း – @Aeolus_7
ဩစတေးလျ – @SHH_Australia_St
ဩစတေးလျ – @Lavender_Spring
ယူကေ – @UK2MYANMARSHH
ယူကေ – @metta4
ယူကေ – @YANKIN_THAR
ယူကေ – @n5n3o
ယူကေ – @FriendsofMyanmar
ယူကေ – @springcyrstal
ယူအက်စ်အေ – @PhoenixEndo
ယူအက်စ်အေ – @Auntyaa
ကနေဒါ – @KSTOCA
ဂျမေကာ – @TelehealthMM_greentea
ဂျမေကာ – @JDonut999
ဂျပန်နှင့် အခြားနိုင်ငံများ – @KM_OTO
💪 ပြည်သူလူထုကြီးအနေနဲ့ နွေဦးကျန်းမာရေးသူရဲကောင်းအဖွဲ့ဝင်များအဖြစ် ခံယူရင်း တော်လှန်ရေးမှာ တိုက်ပွဲဝင်နေကြတဲ့ ကျန်းမာရေးစောင့်ရှောက်သူများကို ကူညီစောင့်ရှောက်ကြပါစို့လို့ တိုက်တွန်းလိုက်ရပါတယ်။
✨ နိုင်ငံအလိုက် SSH Agent များရဲ့ Telegram (တယ်လီဂရမ်) အကောင့်တွေဆီ အခုပဲ စတင်ဆက်သွယ်ပြီး SSH အဖွဲ့ဝင်ကတ်တွေ ဝယ်ယူလိုက်ရအောင်။
Ministry of Health,
National Unity Government.





Published on: 2 August 2022
Last Updated: 2 August 2022