“Stress” (In Ethnic Languages) (March 2024)

လူရယ်လို့ဖြစ်လာတဲ့အခါ အသိဉာဏ်ဆင်ခြင်တတ်တဲ့အရွယ်ကစလို့ ဘဝမှာ စိတ်ဖိစီးတာတွေကို နေ့စဉ်ခံစားနေကြရပါတယ်။

ယေဘူယျအားဖြင့်တော့ စိတ်ဖိစီးတာတွေကို အလွယ်တကူ ကိုင်တွယ်ဖြေရှင်းနိုင်ကြတတ်ပေမယ့် ပုံမှန်မဟုတ်တဲ့ စိတ်ဖိစီးမှုတွေက ရုပ်ပိုင်းဆိုင်ရာရော၊ စိတ်ပိုင်းဆိုင်ရာမှာပါ သက်ရောက်မှုများစွာ ရှိပါတယ်။

စိတ်ဖိစီးမှု ဆက်တိုက်ခံစားနေရလာပြီဆိုရင်တော့ ကျန်းမာရေးချို့တဲ့တာတွေကို ဖြစ်လာစေပါတယ်။

စိတ်ဖိစီးနေသူအတွက် အပန်းဖြေအနားယူဖို့ မဖြစ်မနေ လိုအပ်ပါတယ်။ ဒါ့အပြင် လိုအပ်တဲ့ ကုသမှုတွေအတွက် တယ်လီကျန်းမာရဲ့ ဆရာဝန်များနှင့် အွန်လိုင်းမှ အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါတယ်။

ဒါ့ကြောင့် ခုတစ်ပတ်မှာတော့ “စိတ်ဖိစီးမှုကြောင့် ဖြစ်ပေါ်နိုင်သော လက္ခဏာများ” နှင့် စိတ်ဖိစီးမှုကို လျှော့ချရာတွင် ကူညီပေးနိုင်တဲ့ အကြောင်းရာလေးတွေကို လူမျိုးပေါင်းစုံ (၁၀) ဘာသာနဲ့ ဖော်ပြပေးလိုက်ပါတယ်။

(ဗမာ၊ ကချင်၊ အရှေ့ပိုးကရင်၊ အနောက်ပိုးကရင်၊ စကောကရင်၊ ချင်း၊ မွန်၊ ထားဝယ်၊ ရခိုင်၊ ရှမ်း ဘာသာစကားများနဲ့ ဖော်ပြပေးထားပါတယ်)

#nugmoh#telekyanmar#တယ်လီကျန်းမာ#ethniclanguage#ethnic

#stress#စိတ်ဖိစီးမှု

Ministry of Health,
National Unity Government.

Published on: March 10, 2024
Last updated: March 10, 2024