Strom Preparedness and Response (May, 2023)

မုန်တိုင်း မတိုင်မီ ပြင်ဆင်ရန်အချက်များနှင့် မုန်တိုင်းပြီးကာလ လိုက်နာရန်အချက်များ (မေလ၊ ၂၀၂၃ ခုနှစ်)

🚨 မုန်တိုင်း မတိုင်မီ ပြင်ဆင်ရန်အချက်များ

🌀 အမျိုးသားညီညွတ်ရေးအစိုးရ၏ အကြံပေးချက်များကို လိုက်နာပါ။
🌀 အကြံပေးသည့်အတိုင်း ဘေးလွတ်ရာ အရပ်သို့ ရွှေ့ပြောင်းပါ။
🌀 မြေနိမ့်ပိုင်း ကမ်းရိုးတန်းဒေသများတွင် နေထိုင်ပါက ပိုမိုမြင့်မားသော မြေ (တောင်ကုန်း စသည်) ကို ရှာဖွေပါ။
🌀 သင့်မိသားစုအတွက် လိုအပ်သော အရေးပေါ်သုံး ဆေးပစ္စည်းများကို စစ်ဆေးပါ။
🌀 မပျက်စီးလွယ်သော အစားအစာနှင့် သန့်ရှင်းသော ရေကို စုဆောင်းသိုလှောင်ပါ။

🚨 မုန်တိုင်းပြီးကာလ လိုက်နာရန်အချက်များ

🌀 ရေကြီးရေလျှံမှုဖြစ်သော နေရာများကို ရှောင်ကြဉ်ပါ။
🌀 လက်ကို မကြာခဏ ဆေးကြောပါ။
🌀 အလုံပိတ်ဖိနပ်ကို ဝတ်ဆင်ပါ။ (ဥပမာ – လည်ရှည်ဖိနပ်)
🌀 ရေသန့်ဘူး သောက်ပါ (သို့မဟုတ်) ရေသန့်ဆေးပြားများ သုံးပါ (သို့မဟုတ်) ရေကို ကျိုချက်၍ သောက်သုံးပါ။
🌀 ပြတ်ကျနေသော လျှပ်စစ်ဝါယာကြိုးများ၊ ကျိုးကျနေသော သစ်ပင်များနှင့် ပျက်စီးနေသော အဆောက်အဦးများကို သတိထားပါ။
🌀 ခြောက်သွေ့နွေးထွေးစွာ နေပါ။
🌀 လျှပ်စစ်မီး ပြတ်တောက်လျှင် အစားအစာများ ပျက်စီးနိုင်သည်ကို သတိပြုပါ။
🌀 အမျိုးသားညီညွတ်ရေးအစိုးရ၏ အကြံပေးချက်များကို လိုက်နာပါ။

ကျန်းမာရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ

nugmoh #cyclone #hurricane #typhoon #storm #healthtips

Ministry Of Health,

National Unity Government.

Published on: 12 May 2023

Last updated: 12 May 2023