၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ (၁၆) ရက်
အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကျန်းမာရေးဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာဇော်ဝေစိုးနှင့် NUG အစိုးရ၏ သြစတြေးလျနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် ဒေါက်တာထွန်းအောင်ရွှေတို့သည် စက်တင်ဘာလ (၉) ရက်နေ့၊ မွန်းလွဲပိုင်းတွင် ဩစတေးလျနိုင်ငံ၊ Queensland ပြည်နယ်၊ Brisbane မြို့၌ CRPH / NUG Support Group QLD က ကျင်းပပြုလုပ်သော မြန်မာမိသားစုများနှင့် တွေ့ဆုံပွဲ (Town hall meeting) သို့ တက်ရောက်၍ မြန်မာမိသားစုများနှင့် ရင်းနှီးနွေးထွေးစွာ တွေ့ဆုံဆွေးနွေးခဲ့ပါသည်။ အဆိုပါ လူထုတွေ့ဆုံပွဲသို့ ဩစတေးလျနိုင်ငံ၊ Queensland ပြည်နယ်အတွင်း နေထိုင်ကြသော မြန်မာတိုင်းရင်းသားမိသားစုများ တက်ရောက်ခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးနှင့် ဒေါက်တာထွန်းအောင်ရွှေတို့က မြန်မာ့နွေဦးတော်လှန်ရေးနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ကြပါသည်။ ထို့နောက် တက်ရောက်လာသူများ၏ မေးမြန်းမှုများကို ပြည်ထောင်စုဝန်ကြီးနှင့် ဒေါက်တာထွန်းအောင်ရွှေတို့က ရင်းနှီးပွင့်လင်းစွာ ပြန်လည်ဖြေကြားခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီးသည် ညပိုင်းတွင်လည်း မြန်မာကျန်းမာရေးမိသားစုဝင် (Medical diaspora) များနှင့်အတူ ရင်းနှီးစွာ ညစာ စားသုံးခဲ့ပါသည်။
Ministry of Health,
National Unity Government.


















Published on: September 16, 2023.
Last updated: September 16, 2023.