Typhoid and Paratyphoid Fever (အူရောင်ငန်းဖျားရောဂါ သို့မဟုတ် တိုက်ဖွိုက်အဖျားရောဂါ) (Oct, 2022)

⚡ အူရောင်ငန်းဖျားရောဂါ သို့မဟုတ် တိုက်ဖွိုက်အဖျားရောဂါ (Typhoid and Paratyphoid Fever) (Oct 2022) ⚡

အူရောင်ငန်းဖျားရောဂါ သို့မဟုတ် တိုက်ဖွိုက်အဖျားရောဂါ (Typhoid and Paratyphoid Fever) သည် Salmonella Typhi နှင့် Salmonella Paratyphi ဘက်တီးရီးယားပိုးများ ကူးစက်ခံရခြင်းကြောင့် ဖြစ်ပွားပြီး အသက်အန္တရာယ်အထိ ခြိမ်းခြောက်နိုင်သော ရောဂါဖြစ်ပါသည်။ ရောဂါပိုးပါဝင်သော အစားအစာ သို့မဟုတ် ရေကို စားသောက်မိခြင်းကြောင့် ပြန့်ပွားကူးစက်နိုင်ပါသည်။ နှစ်စဉ် လူပေါင်း (၁၁) သန်းမှ (၂၁) သန်းအထိ တစ်ကမ္ဘာလုံးတွင် ထိခိုက်ခံစားနေရပါသည်။

⚡ ရောဂါလက္ခဏာများ

🤒 အပြင်းဖျားခြင်း
🤒 အားအင်ကုန်ခန်းခြင်း
🤒 ခေါင်းကိုက်ခြင်း
🤒 အစားအသောက်ပျက်ခြင်း
🤒 ဝမ်းပျက်ခြင်း သို့မဟုတ် ဝမ်းချုပ်ခြင်း
🤒 ဗိုက်အောင့်ခြင်း

အချို့သူများတွင် ချောင်းဆိုးခြင်း သို့မဟုတ် အရေပြားတွင် အနီကွက်/အနီစက်ထွက်ခြင်းတို့ ရှိနိုင်ပါသည်။ ခန္ဓာကိုယ်တွင်း သွေးယိုခြင်းနှင့် သေဆုံးခြင်းတို့ ဖြစ်ပေါ်နိုင်သော်လည်း ရှားပါးပါသည်။

⚡ ကမ္ဘာကြီးပေါ်က ဘယ်ဒေသများတွင် အဖြစ်များသလဲ?

အရှေ့တောင်အာရှ၊ ပါကစ္စတန်၊ အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်၊ အရှေ့အာရှ၊ အာဖရိက၊ ကရစ်ဘီယန်၊ အလယ်အမေရိကနှင့် တောင်အမေရိက၊ အရှေ့အလယ်ပိုင်းဒေသ

⚡ ရောဂါကာကွယ်ရန် နည်းလမ်းများ

အစားအစာ လတ်ဆတ်သန့်ရှင်းရေးနှင့် သောက်သုံးရေ သန့်ရှင်းရေး အလေ့အကျင့်များကို မဖြစ်မနေလိုက်နာပါ။ Typhoid အတွက် ကာကွယ်ဆေးရှိသော်လည်း Paratyphoid အတွက် ကာကွယ်ဆေး မရှိသေးပါ။ Typhoid ကာကွယ်ဆေးများသည် (၅၀%) မှ (၈၀%) အထိသာ ထိရောက်သည့်အတွက် သန့်ရှင်းသော အစားအစာနှင့် ရေကိုသာ စားသောက်ခြင်းဖြင့် အူရောင်ငန်းဖျားရောဂါအပါအဝင် အခြားသော ကူးစက်ရောဂါများကို ကာကွယ်နိုင်မည်ဖြစ်ပါသည်။

❗ သန့်ရှင်းလတ်ဆတ်သော အစားအစာနှင့် သန့်ရှင်းသော ရေကိုသာ စားသောက်သည့် အလေ့အထကို မပြတ်ကျင့်သုံးပါ

🍏 အစားအစာများကို ကျက်အောင်ချက်ပြုတ်ပြီးမှ စားသုံးပါ
🍏 အသီးအနှံများကို အခွံခွာပြီးမှ စားသုံးပါ
🍏 ရေကို ကျိုချက်ပြီးမှ သောက်သုံးပါ
🍏 မသန့်ရှင်းသော ရေဖြင့် ပြုလုပ်ထားသည့် ရေခဲများကို စားသုံးခြင်းမှ ရှောင်ကြဉ်ပါ
🍏 အစာမစားမီနှင့် အစားအစာများကို မပြင်ဆင်/မချက်ပြုတ်မီတိုင်း လက်ကို ဆပ်ပြာဖြင့် ဆေးကြောပါ
🍏 လတ်တလော ဖျားနာထားသူ သို့မဟုတ် လက်ရှိ ဖျားနာနေသူများကို အစားအစာများ ပြင်ဆင်ချက်ပြုတ်ခြင်း မပြုပါစေနှင့်

❗ မိမိ ဖျားနာနေပါက –

✅ နီးစပ်ရာ မြေပြင်ကျန်းမာရေးဝန်ထမ်းများနှင့် တိုင်ပင်ပြသပါ
✅ NUG ကျန်းမာရေးဝန်ကြီးဌာန၏ တယ်လီကျန်းမာ အခမဲ့အွန်လိုင်းဆေးခန်း (https://facebook.com/telehealthmm) တွင် တိုင်ပင်ပြသပါ
✅ ဖျားနာနေစဉ် အခြားသူများနှင့် ထိတွေ့နေထိုင်ခြင်း မပြုပါနှင့်
✅ ဖျားနာနေစဉ် အစားအစာများ ပြင်ဆင်ချက်ပြုတ်ခြင်း မပြုပါနှင့်၊ စားပွဲထိုးခြင်း မပြုပါနှင့်
✅ ကျန်းမာရေးဝန်ထမ်းများက ညွှန်းသော ပဋိဇီဝပိုးသတ်ဆေးများကို သောက်သုံးပါ
✅ ရောဂါလက္ခဏာများ သက်သာသည့်တိုင် ကျန်းမာရေးဝန်ထမ်းက ညွှန်းသော အကြိမ်ရေနှင့် ရက်ပြည့်သည်အထိ ပဋိဇီဝပိုးသတ်ဆေးများကို တိတိကျကျ လိုက်နာသောက်သုံးပါ

Source: https://www.cdc.gov/typhoid-fever/

Ministry of Health,

National Unity Government.

Published on: 13 October 2022
Last Updated: 13 October 2022