“အရေးကြီးပြီ” သီချင်းအပေါ် ဦးကျော်သက်လင်းရဲ့ ခံစားသုံးသပ်ချက် (Video) (U Kyaw Thet Linn on the Song “A Yayy Kyi Pi”) (January 2024)

မြန်မာ့နွေဦး တော်လှန်ရေးသူရဲကောင်းများအားလုံးအတွက် “နွေဦးအောင်လံ တော်လှန်ရေး အင်အားစု” က ဂုဏ်ပြုတင်ဆက်ခဲ့တဲ့ “#အရေးကြီးပြီ” ဆိုတဲ့ သီချင်းကို ပြီးခဲ့တဲ့နှစ် (၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်နေ့) က “တယ်လီကျန်းမာ အခမဲ့အွန်လိုင်းဆေးခန်း” ပေ့ချ်ကနေ တင်ဆက်ခဲ့ပါတယ်။

အခုအချိန်အထိ ကြည့်ရှုသူပေါင်း ၃.၄ သန်းကျော်ရှိခဲ့ပြီး လူပေါင်း ၄.၄ သန်းကျော်အထိ ပျံ့နှံ့ရောက်ရှိခဲ့ပါတယ်။

ဒီသီချင်းထွက်ရှိခဲ့တဲ့ တစ်နှစ်ပြည့်အနေနဲ့ ဒီရုပ်သံဗီဒီယိုမှာ ပြည်သူ့အချစ်တော် ဦးကျော်သက်လင်းက မြန်မာ့နွေဦးတော်လှန်ရေးနဲ့ ဒီသီချင်းလေးကို တွဲဖက်ခံစားသုံးသပ်ပြီး နွေဦးတော်လှန်ရေးအတွက် ခွန်အားဖြည့်အမှတ်တရစကားများ ပြောပြထားတာဖြစ်ပါတယ်။

“အရေးကြီးပြီ” ဆိုတဲ့ သီချင်းလေးကို ကြည့်ရှုနားထောင်ချင်တယ်ဆိုရင်တော့ အောက်ကလင့်ခ်ကိုနှိပ်ပြီး ကြည့်ရှုနားဆင်နိုင်ပါတယ်။

https://www.facebook.com/telehealthmm/posts/705236161112152/

❤️ ချစ်တဲ့ တယ်လီကျန်းမာ ❤️

Ministry of Health,
National Unity Government.

Published on: January 2, 2024
Last updated: January 2, 2024