United Nations Global Road Safety Week ( 17-23 , May, 2022 )

ကမ္ဘာလုံးဆိုင်ရာ ယာဉ်လမ်းအန္တရာယ်ကင်းရှင်းရေး ရက်သတ္တပတ်
United Nations Global Road Safety Week

(၂၀၂၂) ခုနှစ်၊ မေလ (၁၇) ရက်နေ့မှ (၂၃) ရက်နေ့အထိ

(၂၀၂၁) ခုနှစ်၊ မေလ (၁၇) ရက်နေ့မှ (၂၃) ရက်နေ့အတွင်း ကျင်းပခဲ့သော (၆) ကြိမ်မြောက် ကမ္ဘာလုံးဆိုင်ရာ ယာဉ်လမ်းအန္တရာယ်ကင်းရှင်းရေး ရက်သတ္တပတ်တွင် အရှိန်လျှော့မောင်းနှင်ရမည့် မြို့ပြလမ်းများသည် လူနေမှုဝန်းကျင်ပေါင်းစုံအတွက် အသက်သွေးကြောဖြစ်ကြောင်း မီးမောင်းထိုးပြခဲ့ပါသည်။

ထိုရက်သတ္တပတ်အတွင်းတွင် မူဝါဒချမှတ်သူများအနေဖြင့် ကမ္ဘာပေါ်ရှိ မြို့ပြများတွင် အရှိန်လျှော့မောင်းနှင်ရမည့်လမ်းများ ဖော်ဆောင်ရန်နှင့် လူအများ သွားလာနေထိုင်၊ အလုပ်လုပ်ကိုင်၊ ဆော့ကစားလေ့ရှိသော နေရာများတွင် စက်တပ်ယာဉ်များကို ယာဉ်အရှိန်သတ်မှတ်ချက် တစ်နာရီလျှင် (၃၀) ကီလိုမီတာနှုန်း (တစ်နာရီ မိုင် ၂၀ နှုန်း) အဖြစ် သတ်မှတ်ထားရန် တိုက်တွန်းထားပါသည်။

အရှိန်လျှော့မောင်းနှင်ရသည့် လမ်းများသည် မြို့ပြများအတွက် လုံခြုံဘေးကင်းစေရုံသာမက ကျန်းမာရေးနှင့် ညီညွတ်ပြီး စိမ်းလန်းစိုပြေကာ နေပျော်စေပါသည်။

“ကမ္ဘာလုံးဆိုင်ရာ ယာဉ်လမ်းအန္တရာယ်ကင်းရှင်းရေး ရက်သတ္တပတ်” အထိမ်းအမှတ်၏ ရည်ရွယ်ချက်မှာ နိုင်ငံအဆင့်နှင့် ဒေသအဆင့်များတွင် အောက်ပါ မူဝါဒကတိကဝတ်များကို ချမှတ်နိုင်စေရန်ဖြစ်ပါသည်-

🚗 မြို့ပြများတွင် တစ်နာရီ (၃၀) ကီလိုမီတာနှုန်းအဖြစ် ယာဉ်အရှိန်ကန့်သတ်ချက် ထားရန်နှင့် ထိုသို့မောင်းနှင်ရမည့်နေရာများကို သတ်မှတ်ပေးရန်
🚗 အရှိန်လျှော့ မောင်းနှင်စေခြင်းဆိုင်ရာ လုပ်ငန်းများအတွက် ဒေသအလိုက် အထောက်အပံ့များပေးအပ်ရန်နှင့်
🚗 ကမ္ဘာလုံးဆိုင်ရာ ယာဉ်လမ်းအန္တရာယ်ကင်းရှင်းရေး ဆယ်စုနှစ်စီမံချက် (၂၀၂၁ ခုနှစ် – ၂၀၃၀ ခုနှစ်) ကို အကောင်အထည်ဖော်ရေးနှင့် (၂၀၂၂) ခုနှစ်တွင် ကျင်းပမည့် ကမ္ဘာ့ကုလသမဂ္ဂအထွေထွေညီလာခံ ထိပ်သီးညှိနှိုင်းဆွေးနွေးပွဲတို့အတွက် အရှိန်အဟုန် တည်ဆောက်ပေးရန် ဖြစ်ပါသည်။

Reference: https://www.who.int/campaigns

ဝန်ကြီးဌာနသို့ လှူဒါန်းရန်-
https://moh.nugmyanmar.org/donate/

Ministry of Health,

National Unity Government.

  Published on: 19 May 2022
Last Updated: 19 May 2022