လူတိုင်းလက်လှမ်းမီ လွှမ်းခြုံနိုင်သော ကျန်းမာရေးစောင့်ရှောက်မှု အထိမ်းအမှတ်နေ့၊ ၂၀၂၂ ခုနှစ် (ဒီဇင်ဘာလ ၁၂ ရက်၊ ၂၀၂၂)
Universal Health Coverage Day 2022 (12 December 2022)
အားလုံး ကျန်းမာတဲ့ အနာဂတ် တစ်ခုရရှိဖို့ ကျွန်ုပ်တို့ လိုချင်တဲ့ ကမ္ဘာကြီးကို တည်ဆောက်ကြပါစို့။
Build the world we want: A healthy future for all.
နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်မှုအတွက် “လူတိုင်းလက်လှမ်းမီ လွှမ်းခြုံနိုင်သော ကျန်းမာရေးစောင့်ရှောက်မှု (Universal Health Coverage)” သည် မရှိမဖြစ် ဦးစားပေးအဖြစ် ထားရှိသင့်သည် ဟု (၂၀၁၂) ခုနှစ်တွင် တညီတညွတ်တည်း ထောက်ခံအတည်ပြုခဲ့ပြီးနောက် နှစ်စဉ် ဒီဇင်ဘာလ (၁၂) ရက်နေ့ကို “လူတိုင်းလက်လှမ်းမီ လွှမ်းခြုံနိုင်သော ကျန်းမာရေးစောင့်ရှောက်မှု အထိမ်းအမှတ်နေ့” “Universal Health Coverage Day (UHC Day)” အဖြစ် ကုလသမဂ္ဂက တရားဝင်သတ်မှတ်ခဲ့သည်။ ထိုနေ့တွင် ကျန်းမာရေးစောင့်ရှောက်မှုကို လိုအပ်လျက် ရှိသော သန်းနှင့်ချီသော ပြည်သူများ၏ အဖြစ်အပျက်များကို မျှဝေကာ ကျန်းမာရေးကဏ္ဍတွင် ပိုမိုကောင်းမွန်သော ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ကြရန် ခေါင်းဆောင်များအား တိုက်တွန်းကြပြီး UHC ၏ မရှိမဖြစ် အရေးပါမှုကို သတိပေးနှိုးဆော်လေ့ ရှိကြသည်။
ယခုနှစ် ကမ်ပိန်းသည်လည်း ကမ္ဘာတစ်ဝှမ်းရှိ နိုင်ငံများတွင် COVID-19 ကပ်ရောဂါ၏ အကျိုးသက်ရောက်မှုများမှ ပြန်လည်တည်ဆောက်နေချိန်၊ သဘာဝဘေးအန္တရာယ်များနှင့် ပဋိပက္ခများကဲ့သို့သော အခြားသော အကြပ်အတည်းများစွာကို ရင်ဆိုင်နေရချိန်တွင် ရောက်ရှိလာပါသည်။ ထို့ကြောင့် (၂၀၂၃) ခုနှစ်တွင် ကျင်းပမည့် ကုလသမဂ္ဂ အထွေထွေညီလာခံ အဆင့်မြင့် အစည်းအဝေးတွင် (၂၀၃၀) ခုနှစ်အတွက် သတ်မှတ်ထားသော UHC ရည်မှန်းချက်များပြည့်မီရေးအတွက် နိုင်ငံရေးအရ ပံ့ပိုးမှုများ နှင့် ကမ္ဘာလုံးဆိုင်ရာလုပ်ဆောင်မှုများ ပိုမို အားကောင်းစေရန် တွန်းအားပေးသင့်ပါသည်။
နေရာဒေသ အသီးသီးမှ လူတိုင်းအတွက် ဆင်းရဲတွင်းထဲသို့ တွန်းပို့နိုင်သော ကုန်ကျစရိတ်များ ပေးချေရန် မလိုဘဲ လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုကို ရရှိနိုင်သော ကမ္ဘာကြီးကို အတူတကွ တည်ဆောက်ကြရန် လိုအပ်ပါသည်။ ဤပန်းတိုင်ကို အောင်မြင်စွာ ဖြတ်သန်းနိုင်မှသာ အခြားပန်းတိုင်များအားလုံးကို ရောက်ရှိနိုင်မည် ဖြစ်ပါသည်။
Source: https://www.who.int/campaigns/universal-health-coverage-day/2022
ကျန်းမာရေးဝန်ကြီးဌာန၊
အမျိုးသားညီညွတ်ရေးအစိုးရ
nugmoh #UHCDay2022 #UHCDay #UHC #UniversalHealthCoverage #UniversalHealthCoverageDay #HealthForAll

Published on: 12 December 2022
Last Updated: 12 December 2022