“Universal Health Coverage (UHC) Day – December 12, 2023”

လူတိုင်းလက်လှမ်းမီ လွှမ်းခြုံနိုင်သော ကျန်းမာရေးစောင့်ရှောက်မှု အထိမ်းအမှတ်နေ့၊ ၂၀၂၃ ခုနှစ် (12-12-2023)

UNIVERSAL HEALTH COVERAGE (UHC) DAY

ကမ်ပိန်းလှုပ်ရှားမှု ခြုံငုံသုံးသပ်ခြင်း

၂၀၂၃ ခုနှစ်၏ လူတိုင်းလက်လှမ်းမီ လွှမ်းခြုံနိုင်သော ကျန်းမာရေးစောင့်ရှောက်မှု အထိမ်းအမှတ်နေ့သည် ဒီဇင်ဘာလ ၁၂ ရက်နေ့၊ အင်္ဂါနေ့ ဖြစ်ပါသည်။

လူတိုင်းလက်လှမ်းမီ လွှမ်းခြုံနိုင်သော ကျန်းမာရေးစောင့်ရှောက်မှုအတွက် ကတိကဝတ်များကို ဆက်လက်လုပ်ဆောင်ရေးအတွက် ခေါင်းဆောင်များကို တိုက်တွန်းရန် ယခုအခါတွင် သင့်အသံကို ယခင်ကထက် လိုအပ်ပါသည်။

ယခုအချိန်သည် အလုပ်လုပ်ရန်အချိန် ဖြစ်ပါသည်။

HEALTH FOR ALL: TIME FOR ACTION

အားလုံးအတွက် ကျန်းမာရေး – ယခုပင်လုပ်ဆောင်ပေး

၂၀၂၃ခုနှစ် လူတိုင်းလက်လှမ်းမီ လွှမ်းခြုံနိုင်သော ကျန်းမာရေးစောင့်ရှောက်မှု အထိမ်းအမှတ်နေ့ဆောင်ပုဒ်မှာ “အားလုံးအတွက် ကျန်းမာရေး – ယခုပင်လုပ်ဆောင်ပေး” ဖြစ်သည်။

ယခုအချိန်သည် အားလုံးအတွက် ကျန်းမာရေး လမ်းကြောင်းပေါ်ပြန်လည်ရောက်ရှိစေရန် တိုးတက်မှုရရှိရမည့်အချိန် ဖြစ်သည်။

————————

၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၂၁ ရက်နေ့တွင် ကျင်းပသော လူတိုင်းလက်လှမ်းမီလွှမ်းခြုံနိုင်သော ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ ကုလသမဂ္ဂအဆင့်မြင့်အစည်းအဝေး #UHCHLM တွင် ကျန်းမာသူများသည် ကျန်းမာသော လူ့အဖွဲ့အစည်းနှင့် စီးပွားရေး၏အခြေခံအုတ်မြစ်ဖြစ်ကြောင်းနှင့် UHC သည် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးပန်းတိုင်များ (Sustainable Development Goals – SDGs) အားလုံးကို အောင်မြင်ရန် အဓိကအချက်ဖြစ်ကြောင်း ထပ်မံအတည်ပြုခဲ့သည်။

ကမ္ဘာ့လူဦးရေတစ်ဝက်သည် မရှိမဖြစ်လိုအပ်သောကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို လက်လှမ်းမမီပါ။

အလွန်ဆင်းရဲသည့် ၃၄၄ သန်းသော လူဦးရေအပါအဝင် ခန့်မှန်းခြေ လူဦးရေ သန်း ၂ ထောင်ခန့်သည် ကျန်းမာရေးအတွက် အိတ်စိုက်သုံးစွဲရသဖြင့် ငွေကြေးအခက်အခဲ ရင်ဆိုင်နေရသည်။

COVID-19 ကပ်ရောဂါ မဖြစ်မီကပင်ဖြစ်သော ၂၀၁၅ ခုနှစ်တွင် စဥ်ဆက်မပြတ်ဖွံ့ဖြိုးရေးရည်မှန်းချက်များ (SDGs) စတင်လုပ်ဆောင်ချိန်မှစ၍ ကျန်းမာရေးစောင့်ရှောက်မှုလွှမ်းခြုံနိုင်ရေး တိုးတက်မှုသည် ရပ်တန့်သွားပြီး ငွေကြေးဆိုင်ရာ အကာအကွယ်များ ဆိုးရွားလာခဲ့သည်။

ကပ်ရောဂါကြောင့် နိုင်ငံများသည် လူတိုင်းလက်လှမ်းမီ လွှမ်းခြုံနိုင်သော ကျန်းမာရေးစောင့်ရှောက်မှု (UHC) ဆီသို့ ကြိုးပမ်းမှုခရီး နောက်ပြန်ဆုတ်စေခဲ့သည်။ UHC သည် မည်သည့်အတွက်ကြောင့် အလွန်အရေးကြီးကြောင်းကိုလည်း ပြသခြင်း ဖြစ်သည်။

ယခုအချိန်သည် အလုပ်လုပ်ရန်အချိန် ဖြစ်ပါသည်။

————————

အရည်အသွေးပြည့်မီသော ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများနှင့် ငွေကြေးဆိုင်ရာ အကုန်အကျ သက်သာခြင်းအတွက် ရပိုင်ခွင့်သည် အားလုံးနှင့်သက်ဆိုင်သည်။ ယခုနှစ် လူတိုင်းလက်လှမ်းမီ လွှမ်းခြုံနိုင်သော ကျန်းမာရေးစောင့်ရှောက်မှု အထိမ်းအမှတ်နေ့တွင် ၂၀၃၀ ခုနှစ်၌ အားလုံးအတွက်ကျန်းမာရေး ရရှိအောင် ချက်ခြင်းလုပ်ဆောင်ရန် ခေါင်းဆောင်များအား တောင်းဆိုရမည်။

အချိန်နှင့် ဒီရေသည်လူကို မစောင့်ပါ။ ယခုအချိန်သည်ပင် လုပ်ဆောင်ရမည့်အချိန် ဖြစ်သည်။

ကမ္ဘာ့လူဦးရေ၏ ထက်ဝက်သည် မရှိမဖြစ်လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို လက်လှမ်းမီနိုင်မှု နည်းပါးနေသေးပြီး ၂၅ ရာခိုင်နှုန်းနီးပါးသည် အိတ်စိုက်သုံးနေရသော ကျန်းမာရေးအသုံးစရိတ်ကြောင့် ငွေကြေးအခက်အခဲနှင့် ရင်ဆိုင်နေရသည်။ ၎င်းသည် လူ့အခွင့်အရေးချိုးဖောက်မှုတစ်ခု ဖြစ်သည်။

ယခုနှစ် UHC နေ့တွင် ခံနိုင်ရည်ရှိ၍ သာတူညီမျှသော ကျန်းမာရေးစနစ်များ၌ ရင်းနှီးမြှုပ်နှံရန် ခေါင်းဆောင်များအား တိုက်တွန်းအပ်ပါသည်။

ကျန်းမာခြင်းသည် အခြေခံလူ့အခွင့်အရေးဖြစ်သည်။

ယခုနှစ် UHC နေ့တွင် ကမ္ဘာလုံးဆိုင်ရာ မဆိုင်းမတွလုပ်ဆောင်မှုကို တောင်းဆိုအပ်ပါသည်။

ကျွန်ုပ်တို့၏ရည်မှန်းချက် – နေရာတိုင်းတွင် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို လူတိုင်း လက်လှမ်းမီ၍ ကုန်ကျစရိတ်တတ်နိုင်ရန်

ယခုပင် လုပ်ဆောင်ရန် အချိန်ကျရောက်လာပြီဖြစ်သည်။

လူတိုင်းတွင် မတူညီသော ကျန်းမာရေးလိုအပ်မှုရှိသည်။ သို့သော် နေရာတိုင်းတွင် အရည်အသွေးပြည့်မီသော ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများနှင့် ငွေကြေးဆိုင်ရာ အကုန်အကျသက်သာခြင်းကို လူတိုင်း လိုအပ်သည်။

ယခုနှစ် UHC နေ့တွင် #UHCHLM ၌ ပေးထားသောကတိကဝတ်များကို ခေါင်းဆောင်များ ထည့်သွင်းစဥ်းစားရန် ကျွန်ုပ်တို့ ဆွေးနွေးကြပါသည်။ ၂၀၃၀တွင် #HealthForAll#အားလုံးအတွက်ကျန်းမာရေး အစစ်အမှန်ရရှိရန် စကားလုံးများကို လုပ်ဆောင်ချက်အဖြစ်ပြောင်းလဲပါ။

————————

ယခုနှစ်၏ UHC နေ့ ခေါင်းစဉ်ခွဲငါးခုသည် လူတိုင်းလက်လှမ်းမီ လွှမ်းခြုံနိုင်သော ကျန်းမာရေးစောင့်ရှောက်မှုကို ၂၀၃၀ ခုနှစ်တွင် ရရှိရေး လမ်းကြောင်းပေါ်သို့ ပြန်လည်ရောက်ရှိစေရန် တိကျသောလုပ်ဆောင်ချက်များအပေါ် အလေးပေးထားသည်။

ယခုအချိန်သည် အောက်ပါအချက်များလုပ်ဆောင်ရန်ဖြစ်ကြောင်း ခေါင်းဆောင်များကို အသိပေးကြပါစို့

1. Invest in universal health coverage

လူတိုင်းလက်လှမ်းမီ လွှမ်းခြုံနိုင်သော ကျန်းမာရေးစောင့်ရှောက်မှုတွင် ရင်းနှီးမြှုပ်နှံပါ။

2. Strengthen health systems

ကျန်းမာရေးစနစ်များကို အားကောင်းစေရန် ပြုလုပ်ပါ။

3. Expand primary health care

ပဏာမကျန်းမာရေးစောင့်ရှောက်မှုကို တိုးချဲ့ပါ။

4. Work across sectors and communities

အဖွဲ့အစည်းဌာနဆိုင်ရာများနှင့် လူထုအသိုင်းအဝိုင်းအကြား လုပ်ကိုင်ဆောင်ရွက်ပါ။

5. Promote innovation to reach everyone

လူတစ်ဦးချင်းစီတိုင်း လက်လှမ်းမီရရှိစေရန် တီထွင်ဆန်းသစ်မှုကို အားပေးပါ။

ကျန်းမာရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ

Reference: https://universalhealthcoverageday.org/

#nugmoh#UHCDay#UHCDay2023#UHC#universalhealthcoverage#SDGs#SDG

Ministry of Health,
National Unity Government.

Published on: December 12, 2023
Last updated: December 12, 2023