Update on COVID-19 (14-1-2023)

COVID-19 နှင့်ပတ်သက်၍ ပြည်သူလူထုကို အသိပေးနှိုးဆော်ခြင်း (၁၄-၁-၂၀၂၃)

 ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ စာရင်းဇယားများအရ ပြီးခဲ့သည့် တစ်လအတွင်း တစ်ကမ္ဘာလုံးတွင် COVID-19 လူနာသစ်ဖြစ်ပွားမှုမှာ ယခင်လထက် ၁၀ ရာခိုင်နှုန်း မြင့်မားပြီး သေဆုံးသူဦးရေမှာ ၂၂ ရာခိုင်နှုန်းထိ မြင့်တက် လာသည်ကို တွေ့ရပါသည်။

 ယခုလက်ရှိအချိန်၌ တစ်ကမ္ဘာလုံးတွင်  COVID-19 ရောဂါလူနာသစ်တွေ့ရှိမှုအများဆုံးနိုင်ငံများမှာ ဂျပန်၊ အမေရိကန်၊ တောင်ကိုရီးယား၊ တရုတ် နှင့် ဘရာဇီးနိုင်ငံတို့ ဖြစ်ပြီး၊ သေဆုံးမှုအများဆုံးနိုင်ငံများမှာ အမေရိကန်၊ ဂျပန်၊ ဘရာဇီး၊ တရုတ် နှင့် ပြင်သစ်နိုင်ငံတို့ ဖြစ်ပါသည်။ယခင်တွေ့ရှိခဲ့ပြီးဖြစ်သည့် BA.2 မှ မျိုးရိုးဗီဇပြောင်းလဲလာသည့် XBB.1.5 မျိုးကွဲသည် အမေရိကန်နိုင်ငံတွင် အများဆုံးတွေ့ရှိနေရပြီး နိုင်ငံပေါင်း (၃၈) နိုင်ငံတွင် ပျံ့နှံ့လျက်ရှိပါသည်။

 အဆိုပါမျိုးကွဲကြောင့် တစ်ကမ္ဘာလုံးတွင် COVID-19 ရောဂါအသစ်ဖြစ်ပွားမှုနှုန်း များပြားလာနိုင်ကြောင်း ပညာရှင်များက ခန့်မှန်းထားပါသည်။

 COVID-19 ရောဂါအတွက် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော ကျန်းမာရေးလမ်းညွှန်ချက်များကို လိုက်နာကြရန် ဖြစ်ပါသည်။

#nugmoh #COVID19 #BA2 #XBB15

Ministry of Health,

National Unity Government.

Published on: 14 January 2023
Last Updated: 14 January 2023