Update on COVID-19 (21-2-2023)

COVID-19 နှင့်ပတ်သက်၍ ပြည်သူလူထုကို အသိပေးနှိုးဆော်ခြင်း (၂၁-၂-၂၀၂၃)

🦠 ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ စာရင်းဇယားများအရ တစ်ကမ္ဘာလုံးတွင် COVID-19 ဖြစ်ပွားမှုနှင့် သေဆုံးမှုနှုန်းများမှာ ယခင်လနှင့် နှိုင်းယှဉ်ပါက သိသိသာသာ ကျဆင်းလျက်ရှိပါသည်။

🦠 လွန်ခဲ့သည့် တစ်လအတွင်း COVID-19 ရောဂါလူနာသစ် တွေ့ရှိမှုအများဆုံးနိုင်ငံများမှာ ဂျပန်၊ တရုတ်၊ အမေရိကန်၊ တောင်ကိုရီးယားနှင့် ဘရာဇီးနိုင်ငံတို့ ဖြစ်ပြီး၊ သေဆုံးမှုအများဆုံးနိုင်ငံများမှာ တရုတ်၊ အမေရိကန်၊ ဂျပန်၊ ဘရာဇီး နှင့် အင်္ဂလန်နိုင်ငံတို့ ဖြစ်ပါသည်။

🦠 အရှေ့တောင်အာရှဒေသနိုင်ငံများအနက် COVID-19 ရောဂါ ကူးစက်ခံရသူ လူနာသစ်တွေ့ရှိမှု နှင့် သေဆုံးမှု အများဆုံးနိုင်ငံများမှာ အင်ဒိုနီးရှားနိုင်ငံ၊ အိန္ဒိယနိုင်ငံနှင့် ထိုင်းနိုင်ငံတို့ ဖြစ်ပါသည်။

🦠 မျိုးရိုးဗီဇအသစ်ဖြစ်သည့် XBB.1.5 မျိုးကွဲသည် တစ်ကမ္ဘာလုံးတွင်လျင်မြန်စွာ စတင်ပျံ့နှံ့နေကြောင်း သတိပေးချက်ကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလအတွင်းက ထုတ်ပြန်ခဲ့ပြီး ဖြစ်ပါသည်။

🦠 ယခုအခါ XBB.1.5 မျိုးကွဲ သည် နိုင်ငံပေါင်း (၆၇) နိုင်ငံထိ ပျံ့နှံ့လျက်ရှိပါသည်။

🦠 COVID-19 ရောဂါအတွက် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော ကျန်းမာရေးလမ်းညွှန်ချက်များကို လိုက်နာကြရန် ဖြစ်ပါသည်။

#nugmoh#COVID19#COVID#XBB15

Ministry of Health,

National Unity Government.

Published on: 21 February 2023
Last Updated: 21 February 2023