COVID-19 နှင့်ပတ်သက်၍ ပြည်သူလူထုကို အသိပေးနှိုးဆော်ခြင်း (၂၆-၄-၂၀၂၃)
ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ စာရင်းဇယားများအရ တစ်ကမ္ဘာလုံးတွင် COVID-19 ဖြစ်ပွားမှုနှင့် သေဆုံးမှုနှုန်းများမှာ ယခင်လနှင့် နှိုင်းယှဉ်ပါက ကျဆင်းနေပါသည်။
သို့ရာတွင် COVID-19 ဖြစ်ပွားမှုနှုန်းမှာ အရှေ့တောင်အာရှဒေသ၌ (၆) ဆခန့် နှင့် မြေထဲပင်လယ်အရှေ့ပိုင်းဒေသ တို့တွင် (၂) ဆခန့် မြင့်တက်လာပြီး သေဆုံးနှုန်းလည်း မြင့်တက်လာသည်ကို တွေ့ရပါသည်။
လွန်ခဲ့သည့် တစ်လအတွင်း အာရှဒေသနိုင်ငံများအနက် COVID-19 ရောဂါ ကူးစက်ခံရသူ လူနာသစ်တွေ့ရှိမှု အများဆုံးနိုင်ငံများမှာ အိန္ဒိယနိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံနှင့် နီပေါနိုင်ငံတို့ ဖြစ်ပါသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က စောင့်ကြည့်နေသော မျိုးရိုးဗီဇအသစ် (၂) မျိုးဖြစ်သည့် XBB.1.5 မျိုးကွဲသည် နိုင်ငံပေါင်း (၉၆) နိုင်ငံထိ ပျံ့နှံ့လျက်ရှိပြီး၊ XBB.1.16 မျိုးကွဲသည် နိုင်ငံပေါင်း (၃၁) နိုင်ငံထိ ပျံ့နှံ့နေပါသည်။
COVID-19 ရောဂါအတွက် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော ကျန်းမာရေးလမ်းညွှန်ချက်များကို လိုက်နာကြရန် ဖြစ်ပါသည်။
ကျန်းမာရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ
#nugmoh #COVID19 #COVID
Ministry of Health,
National Unity Government.

Published on: 26 April 2023
Last updated: 26 April 2023