Update on Covid-19 (28.12.2022)

 COVID-19 နှင့်ပတ်သက်၍ ပြည်သူလူထုကို အသိပေးနှိုးဆော်ခြင်း (၂၈-၁၂-၂၀၂၂) 

ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ စာရင်းဇယားများအရ ပြီးခဲ့သည့် တစ်ပတ်အတွင်း တစ်ကမ္ဘာလုံးတွင် COVID-19 လူနာသစ်ဖြစ်ပွားမှု မြင့်တက်လာပါသည်။

ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း အာရှဒေသနိုင်ငံများအနက် #တရုတ်နိုင်ငံ တွင် COVID-19 ရောဂါ ကူးစက်ခံရသူ လူနာသစ်တွေ့ရှိမှု၊ ဆေးရုံတက်နှုန်းနှင့် အထူးကြပ်မတ်ကုသဆောင်သို့ တက်ရောက်နှုန်း အလွန်မြင့်မားနေပါသည်။

 တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပထမအကြိမ်ဖြစ်ပွားသော အကြီးမားဆုံး COVID လှိုင်း (First national COVID-19 wave) အဖြစ် မီဒီယာများတွင် ရေးသားဖော်ပြကြပါသည်။

 ပညာရှင်များကလည်း လာမည့် ၂၀၂၃ ခုနှစ်တွင် တရုတ်နိုင်ငံ၌ COVID-19 ရောဂါကြောင့် သေဆုံးသူဦးရေ သန်းချီ၍ ဖြစ်လာနိုင်ကြောင်း ခန့်မှန်းထားပါသည်။

 တရုတ်နိုင်ငံနှင့် နယ်နိမိတ်ချင်း အများဆုံးထိစပ်လျက်ရှိသည့် မြန်မာနိုင်ငံတွင်လည်း COVID-19 ကူးစက် ဖြစ်ပွားနှုန်း ပိုမိုမြင့်မားလာနိုင်သောကြောင့် ပြည်သူများအနေဖြင့် အထူးသတိထားရန် လိုအပ်ပါသည်။

COVID-19 ရောဂါအတွက် ကျန်းမာရေးဝန်ကြီးဌာန၊ အမျိုးသား ညီညွတ်ရေးအစိုးရက ထုတ်ပြန်ထားသော ကျန်းမာရေးလမ်းညွှန်ချက်များကို လိုက်နာကြရန် ဖြစ်ပါသည်။ 

ပြည်သူလူထုအနေဖြင့် COVID-19 ကာကွယ်ဆေးထိုးနှံခြင်းအပြင် မဖြစ်မနေ လိုက်နာကြရမည့် ရောဂါကာကွယ်ရေးနည်းလမ်းများဖြစ်သည့် –

 Mask တပ်ခြင်း၊

 လက်ဆေးခြင်း၊

 လူစုလူဝေး ရှောင်ရှားခြင်း၊

 လေဝင်လေထွက် မကောင်းသော အခန်းများကို ရှောင်ရှားခြင်း၊

 (၆) ပေအကွာတွင် ခပ်ခွာခွာနေခြင်း၊

 ချောင်းဆိုး၊ နှာချေတိုင်း ပါးစပ်နှင့် နှာခေါင်းကို လုံခြုံစွာ ဖုံးအုပ်ခြင်း၊

 လူနာနှင့် လူအများ မကြာခဏ ထိတွေ့ကိုင်တွယ်လေ့ရှိသော အရာဝတ္ထုမျက်နှာပြင်များနှင့် နေရာများကို ပိုးသတ်သန့်စင်ခြင်း

အစရှိသည်တို့ကို ဆက်လက်လိုက်နာဆောင်ရွက်ကြရန် အထူးအရေးကြီးပါသည်။

ကျန်းမာရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ

#nugmoh #COVID19

Ministry of Health,

National Unity Government.

Published on: 28 December 2022
Last Updated: 28 December 2022