Update on COVID-19 New Variant Omicron ( 17 January 2022)

COVID-19 မျိုးရိုးဗီဇသစ် အိုမိုင်ခရွန် (Omicron) နှင့်ပတ်သက်၍ ပြည်သူလူထုကို အသိပေးနှိုးဆော်ခြင်း

ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ထုတ်ပြန်ချက်အရ ပြီးခဲ့သည့်ရက်သတ္တပတ်အတွင်းတွင် အရှေ့တောင်အာရှနိုင်ငံများ၌ COVID-19 ရောဂါ ကူးစက်ဖြစ်ပွားမှုနှုန်းမှာ (၄) ဆကျော်ထိ မြင့်တက်လာကြောင်း တွေ့ရှိရပါသည်။

နယ်မြေထိစပ်မှုရှိသည့် အိမ်နီးချင်းနိုင်ငံအချို့တွင်လည်း COVID-19 လှိုင်းအသစ်များ စတင်ဖြစ်ပွားနေပြီ ဖြစ်သောကြောင့် မြန်မာနိုင်ငံတွင်လည်း COVID-19 စတုတ္ထလှိုင်း ဖြစ်ပွားနိုင်ခြေ အလွန်နီးစပ်နေပါသည်။

ယခုအခါ မြန်မာနိုင်ငံတွင် အိုမိုင်ခရွန် (Omicron) စတင်ပျံ့နှံ့နေပြီဖြစ်ပြီး ယင်းရောဂါပိုး၏ သဘောသဘာဝအရ လျင်မြန်စွာကူးစက်ပြန့်ပွား၍ ယခင်မျိုးရိုးဗီဇဟောင်းများကို လွှမ်းမိုးနေရာယူသွားနိုင်ပါသည်။

အိုမိုင်ခရွန် (Omicron) သည် ရောဂါအခံရှိသူများ၊ အဝလွန်သူများနှင့် အသက်အရွယ်ကြီးရင့်သူများတွင် ရောဂါပြင်းထန်နိုင်ခြေနှင့် သေဆုံးနိုင်‌ခြေရှိနေဆဲ ဖြစ်ပါသည်။

အိုမိုင်ခရွန် (Omicron) သည် ယခင်က COVID-19 ရောဂါကူးစက်ခံရဖူးသူများနှင့် ကာကွယ်ဆေးထိုးနှံပြီးသူများတွင်လည်း ထပ်မံဖြစ်ပွားနိုင်သည့်အတွက် အထူးသတိထားရန် လိုအပ်ပါသည်။

ပြည်သူလူထုအနေဖြင့် COVID-19 ကာကွယ်ဆေးထိုးနှံခြင်းအပြင် မဖြစ်မနေ လိုက်နာကြရမည့် ရောဂါကာကွယ်ရေးနည်းလမ်းများဖြစ်သည့်-

😷 Mask တပ်ခြင်း၊
🖐️ လက်ဆေးခြင်း၊
🚫 လူစုလူဝေးရှောင်ရှားခြင်း၊
🪟 လေဝင်လေထွက်မကောင်းသောအခန်းများကို ရှောင်ရှားခြင်း
🧍↔️🧍 ၆ ပေအကွာတွင် ခပ်ခွာခွာနေခြင်း
🤧 ချောင်းဆိုး၊ နှာချေတိုင်း ပါးစပ်နှင့် နှာခေါင်းကို လုံခြုံစွာဖုံးအုပ်ခြင်း
🧼 လူနာနှင့် လူအများ မကြာခဏထိတွေ့ကိုင်တွယ်လေ့ရှိသော အရာဝတ္ထု မျက်နှာပြင်များနှင့် နေရာများကို ပိုးသတ်သန့်စင်ခြင်း

အစရှိသည်တို့ကို လိုက်နာဆောင်ရွက်ကြရန် အထူးအရေးကြီးပါသည်။

Ministry of Health,

National Unity Government.

Published on: 17 January 2022
Last Updated: 17 January 2022