Update on Monkeypox Virus Infection ( 30-5-2022 )

🐒 မျောက်ကျောက်ရောဂါ နှင့်ပတ်သက်၍ ပြည်သူလူထုကို အသိပေးနှိုးဆော်ခြင်း (၃၀-၅-၂၀၂၂) 🐒

မျောက်ကျောက်ရောဂါ (Monkeypox Virus Infection) သည် တိရစ္ဆာန်များမှတစ်ဆင့် သယ်ဆောင်လာသည့် ဗိုင်းရပ်စ်ပိုး Orthopoxvirus က လူသို့ ကူးစက်ရာမှ ဖြစ်ပွားသော ကျောက်ရောဂါတစ်မျိုး ဖြစ်ပါသည်။

မျောက်ကျောက်ရောဂါသည် ယခင်က အာဖရိကနိုင်ငံများတွင်သာဖြစ်ပွားခဲ့သော်လည်း ယခုအခါ ယခင်မဖြစ်ဘူးသော အာဖရိကပြင်ပနိုင်ငံများထိ ကူးစက်ဖြစ်ပွားလာနေသည်ကို တွေ့ရှိရပါသည်။

ယခုအချိန်ထိ မြန်မာနိုင်ငံတွင် မျောက်ကျောက်ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ မတွေ့ရှိရသေးသော်လည်း နိုင်ငံတစ်နိုင်ငံနှင့်တစ်နိုင်ငံ ခရီးသွားလာမှုများကြောင့် ရောဂါဖြစ်ပွားနေသောနိုင်ငံများမှတစ်ဆင့် မြန်မာနိုင်ငံသို့ ရောက်ရှိလာနိုင်ခြေလည်း ရှိပါသည်။

သို့ဖြစ်ပါ၍ ပြည်သူများအနေဖြင့် မျောက်ကျောက်ရောဂါနှင့်ပတ်သက်၍ စိုးရိမ်မှုလွန်ကဲရန် မလိုသော်လည်း NUG ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော မျောက်ကျောက်ရောဂါဆိုင်ရာ ထုတ်ပြန်ချက်များ၊ ရောဂါ ကူးစက်ပုံများ၊ ရောဂါလက္ခဏာများနှင့် ရောဂါကာကွယ်ရေး နည်းလမ်းများကို အမြဲလေ့လာစောင့်ကြည့်ပြီး အထူးသတိပြုလိုက်နာကြရန်လိုပါသည်။

🐒 မျောက်ကျောက်ရောဂါ (Monkeypox Virus Infection) ၏ အဖြစ်များသော ရောဂါလက္ခဏာများ

🤒 အဖျားတက်ခြင်း (Fever >38 Degree Celsius)
🤒 အရေကြည်ဖုများထွက်ခြင်း (Vesicular rash)
🤒 ပြန်ရည်ကျိတ်များရောင်ရမ်းခြင်း (Lymphadenitis)
🤒 ခေါင်းကိုက်ခြင်း၊ ကြွက်သားများ နာကျင်ကိုက်ခဲခြင်း၊ အားအင်ကုန်ခမ်းခြင်း

🐒 မျောက်ကျောက်ရောဂါ ကာကွယ်ရန်နည်းလမ်းများ

✅ Mask တပ်ခြင်း၊ လက်ဆေးခြင်း၊ ခပ်ခွာခွာနေခြင်း၊ လူစုလူဝေးရှောင်ရှားခြင်း
✅ သံသယလူနာများနှင့် ရောဂါအတည်ပြုခံထားရသူ လူနာများနှင့် အနီးကပ် ထိတွေ့ဆက်ဆံခြင်းမှ ရှောင်ကြဉ်ခြင်း
✅ သေဆုံးတိရစ္ဆာန်များ၏ အသားများ၊ သွေးများနှင့် အခြားအစိတ်အပိုင်းများကို အကာအကွယ်မပါဘဲ ထိတွေ့ကိုင်တွယ်ခြင်းမှ ရှောင်ကြဉ်ခြင်း
✅ အသားနှင့် အခြားတိရစ္ဆာန်ထွက်ပစ္စည်းများကို သေချာစွာ ကျက်အောင် ချက်ပြုတ်ပြီးမှ စားသုံးခြင်း
✅ တောရိုင်းတိရစ္ဆာန်များကို အကာအကွယ်မပါဘဲ ထိတွေ့ကိုင်တွယ်မှု မပြုခြင်း

ကျန်းမာရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ

ယခင်တင်ခဲ့ဖူးသော မျောက်ကျောက်ရောဂါအကြောင်း (၁)
https://moh.nugmyanmar.org/monkeypox-virus-infection/

ယခင်တင်ခဲ့ဖူးသော မျောက်ကျောက်ရောဂါအကြောင်း (၂)
https://moh.nugmyanmar.org/monkeypox-may-2022/

ဝန်ကြီးဌာနသို့ လှူဒါန်းရန်-
https://moh.nugmyanmar.org/donate/

တယ်လီကျန်းမာ အခမဲ့အွန်လိုင်းဆေးခန်း (8 AM – 6 PM Daily)
https://facebook.com/telehealthmm

Ministry of Health,

National Unity Government.

  Published on: 30 May 2022
Last Updated: 30 May 2022