Updates on COVID-19 ( 19-7-2022)

COVID-19 နှင့်ပတ်သက်၍ ပြည်သူလူထုကို အသိပေးနှိုးဆော်ခြင်း (၁၉-၇-၂၀၂၂) 

ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ထုတ်ပြန်ချက်အရ ယခုလက်ရှိ COVID-19 လူနာသစ်တွေ့ရှိမှု မြင့်တက်လာခြင်းမှာ COVID-19 မျိုးရိုးဗီဇကွဲများဖြစ်သည့် B.A.5 နှင့် B.A.4 တို့ လျင်မြန်စွာ ကူးစက်ပြန့်ပွားနေခြင်းကြောင့် ဖြစ်ပါသည်။

ယခုလက်ရှိအချိန်ထိ ဖြစ်ပွားခဲ့ပြီးသော COVID-19 မျိုးရိုးဗီဇကွဲများအနက် B.A.5 သည် ကူးစက်မှုနှုန်း အမြန်ဆုံး ဖြစ်ပါသည်။

မျိုးရိုးဗီဇကွဲအသစ်များ ထပ်မံဖြစ်ပေါ်လာခြင်းနှင့်အတူ COVID-19 ဖြစ်ပွားမှု လှိုင်းသစ်များလည်း ထပ်မံဖြစ်ပေါ် လာလေ့ရှိကြောင်း ပညာရှင်များက သတိပေးထုတ်ပြန်ထားပါသည်။

လတ်တလော ထိုးနှံလျက်ရှိသော COVID-19 ကာကွယ်ဆေးများသည် လက်ရှိဖြစ်ပွားလျက်ရှိသော COVID-19 မျိုးရိုးဗီဇကွဲများအတွက်လည်း ရောဂါပြင်းထန်မှုနှင့် သေဆုံးမှုနှုန်း လျှော့ချပေးနိုင်စွမ်းရှိကြောင်း တွေ့ရပါသည်။

ပြည်သူလူထုအနေဖြင့် COVID-19 ကာကွယ်ဆေးထိုးနှံခြင်းအပြင် မဖြစ်မနေ လိုက်နာကြရမည့် ရောဂါကာကွယ်ရေးနည်းလမ်းများကို ဆက်လက်လိုက်နာဆောင်ရွက်ကြရန် အထူးအရေးကြီးပါသည်။

ကျန်းမာရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ

COVID-19 ကျန်းမာရေးပညာပေးများကို တစ်စုတည်းဖတ်ရှုရန်-
https://moh.nugmyanmar.org/coronavirus/

တယ်လီကျန်းမာ အခမဲ့အွန်လိုင်းဆေးခန်း
https://facebook.com/telehealthmm

ဝန်ကြီးဌာနသို့ လှူဒါန်းရန်-
https://moh.nugmyanmar.org/donate/

Ministry of Health,

National Unity Government.

  Published on: 19 July 2022
Last Updated: 19 July 2022