အားလုံးပဲ မင်္ဂလာပါရှင့် …
“ကျန်းမာခြင်းသည် လာဘ်ကြီးတစ်ပါး” ဆိုတဲ့အတိုင်း ပြည်သူတွေကျန်းမာနေစေဖို့ ကျန်းမာရေးဝန်ထမ်းတွေမှာသာမက ပြည်သူတွေမှာလည်း ကျန်းမာရေးအသိပညာတွေကြွယ်ဝနေဖို့ အရေးကြီးပါတယ် …
ယခုလို ကျန်းမာရေးစောင့်ရှောက်မှုရရှိဖို့ ခက်ခဲနေချိန်မှာ ပြည်သူတွေအချင်းချင်းကူညီနိုင်ဖို့ ကျန်းမာရေးအသိပညာတွေသာမက အတတ်ပညာတချို့ပါ ဝေမျှပေးနေတဲ့ Volunteer Health Care Assistant training program ကို အများစုသိပြီးကြပြီလို့ မျှော်လင့်ပါတယ် …
ဒီ program ကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာန၏လမ်းညွှန်မှုဖြင့် သူနာပြုဆရာ၊ဆရာမများက ဦးဆောင်သင်ကြားပေးနေခဲ့ရာ ယခုအခါ Batch-3 ကို ဖွင့်လှစ်တော့မှာပါရှင့် …
ဘယ်တော့ဖွင့်မှာလဲ???
VHCA Batch 3 ကို ၁၂.၂.၂၀၂၂ (ပြည်ထောင်စုနေ့) မှာ ဖွင့်လှစ်မှာပါရှင့် …
သင်တန်းကာလ
ရက် ၃၀ ကြာ သင်တန်းဖြစ်ပြီး တစ်ပတ်လျှင် ၆ ရက်သင်ကြားရမှာဖြစ်ပြီး အပတ်စဥ်သောကြာနေ့တိုင်း ပိတ်ပါမယ် …
နေ့လည် ၁ နာရီ ခွဲ မှ ၃ နာရီ ခွဲ အထိပါ
သင်တန်းလျှောက်ထားရန် လိုအပ်ချက်များ
- စိတ်ပါဝင်စားပြီး အချိန်ပေးနိုင်သူဖြစ်ရမည်။
- အတန်းပညာ (၈)တန်းအောင်၍ မည်သည့်အသက်အရွယ်မဆို၊ ကျား/မ မရွေး လျှောက်ထားနိုင်ပါတယ်။
- online training ဖြစ်ပါ၍ အင်တာနက်ရရှိရန်လိုအပ်ပါတယ်။
- Google account နှင့် Zoom Application စသည်တို့ကို ဖွင့်ထားပြီးသုံးစွဲတတ်ရန်လိုအပ်ပါတယ်။
သင်တန်းသားဦးရေ သင်တန်းဦးရေ ၅၀၀ သာ လက်ခံသင်ကြားပေးမည်ဖြစ်ပါတယ်။
သင်တန်းပို့ချရာတွင် အင်္ဂလိပ်၊ မြန်မာ နှစ်ဘာသာဖြင့် နားလည်တတ်ကျွမ်းသော သင်တန်းဆရာ၊ဆရာမ များမှ power point ၊ ဗီဒီယိုဖိုင်များနှင့် လက်တွေ့ပြသမှုများကို အသုံးချပြီး ကိုယ်စွမ်း၊ဉာဏ်စွမ်းရှိသလောက် သင်တန်းသူ/သား များ သဘောပေါက်နားလည်ပြီး၊ လက်တွေ့ လုပ်ဆောင်နိုင်ရန်အတွက် သင်ကြားပြသသွားမှာဖြစ်ပါတယ်ရှင့်။ သင်တန်းပြီးမြောက်ချိန်တွင် သတ်မှတ်ချက်များနှင့် ကိုက်ညီသူများအား Certificate ပေးအပ်မှာပါ …
သင်ခန်းစာများ
- စေတနာ့ဝန်ထမ်းကျန်းမာရေးစောင့်ရှောက်သူတစ်ဦး၏ တာဝန်ဝတ္တရားများနှင့် အခြေခံကျင့်ဝတ်များ
- အခြေခံအာဟာရပညာများနှင့် ဆေးဝါးပညာများ
- အခြေခံသူနာပြုစုမှုပညာများ
- ထိခိုက်ဒဏ်ရာရသောလူနာများအား အရေးပေါ်ပြုစုကုသမှုများ
- COVID-19 ရောဂါအပါအဝင် ရောဂါပိုးများအား ထိန်းချုပ်ကာကွယ်ခြင်းနှင့် ပြုစုခြင်းအသိပညာများ
သင်တန်းပြီးဆုံးသွားသောအခါ ၊ သင်တန်းမှ ရရှိသော အသိပညာနှင့်ဗဟုသုတများကို ၊ မိမိတို့ မိသားစု၊သူငယ်ချင်းနှင့် မိတ်ဆွေများအား ပြည်လည်ဝေမျှခြင်း၊ မိမိတို့က တတ်အားသလောက် စေတနာ့ဝန်ထမ်း ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများတွင် ပါဝင်ကူညီခြင်းများ လုပ်ဆောင်နိုင်ပေးနိုင်မည့် အကျိုးကျေးဇူးကို ရရှိပါမည်။
သို့ဖြစ်ပါ၍ “ပြည်သူမှ ပြည်သူသို့ ကူညီနိုင်ရန်” စိတ်ပါဝင်စားသူများအနေဖြင့် Volunteer Health Care Assistant training facebook page messenger မှာ register link ကို ရယူနိုင်ပါသည်။
မေတ္တာဖြင့်
VHCA training program team
Ministry of Health,
National Unity Government.

Published on: 6 February 2022
Last Updated: 6 February 2022