“World AIDS Day 2023” (December 2023)

ကမ္ဘာ့ခုခံအားကျဆင်းမှုကူးစက်ရောဂါ တိုက်ဖျက်ရေးနေ့၊ ၂၀၂၃ ခုနှစ်
World AIDS Day 2023

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၁) ရက်

“ပြည်သူ ပူးပေါင်းဦးဆောင်လို့ AIDS တိုက်ဖျက်စို့”
“Let Community Lead”

🔵 HIV ပိုး ကူးစက်နိုင်သော အဓိကနည်းလမ်းများ

🩸 HIV ပိုးရှိသူနှင့် အကာအကွယ်မဲ့ လိင်ဆက်ဆံရာမှတစ်ဆင့် ကူးစက်ခြင်း (လိင်တူ/လိင်ကွဲ)
🩸 HIV ပိုးရှိသူ အသုံးပြုပြီးသော မသန့်ရှင်းသည့် ဆေးထိုးအပ်၊ ဆေးထိုးကိရိယာများနှင့် ဆေးထိုးအပ်များ မျှဝေသုံးစွဲခြင်း၊ မူးယစ်ဆေးထိုးသွင်းခြင်း
🩸 HIV ပိုးရှိသော သွေးသွင်းမိရာမှ ကူးစက်ခြင်း
🩸 HIV ပိုးရှိသော ကိုယ်ဝန်ဆောင်မိခင်မှ သန္ဓေသားသို့ ကူးစက်ခြင်း

🔵 HIV ပိုး ကူးစက်ခံရခြင်းမှ ကာကွယ်နိုင်သည့် နည်းလမ်းများ

🩸 လိင်ဆက်ဆံရာတွင် အကာအကွယ်ပစ္စည်း (ကျား/မ ကွန်ဒုံး) ကို စနစ်တကျ စဉ်ဆက်မပြတ်သုံးစွဲခြင်း
🩸 ဆေးထိုးအပ်/ဆေးထိုးပြွန်များ မျှဝေသုံးစွဲခြင်းက ရှောင်ကြဉ်ခြင်း
🩸 တစ်ခါသုံး ဆေးထိုးအပ်/ဆေးထိုးပြွန်များကိုသာ သုံးခြင်း
🩸 တက်တူးထိုးရာတွင် တစ်ခါသုံးအပ်ကို အသုံးပြုခြင်း
🩸 သွေးသွင်းရန်လိုအပ်ပါက ရောဂါပိုးကင်းစင်သော သွေးကိုသာ သွင်းခြင်း
🩸 မိခင်မှ သန္ဓေသားသို့ မကူးစက်အောင် ကာကွယ်ခြင်း
🩸 ART (HIV ပိုးထိန်းဆေး)ကို စနစ်တကျ သောက်သုံးခြင်း (PrEP, PEP, Undetected = Untransmitted )

🔵 ရောဂါကူးစက်ဖြစ်ပွားမှုအခြေအနေ

၂၀၂၂ ခုနှစ်တွင် ကမ္ဘာအဝှမ်း
⭐ HIV ပိုးနှင့် ရှင်သန်နေထိုင်သူ ၃၉ သန်းခန့် ရှိပါသည်။
⭐ (၅၅) ရာခိုင်နှုန်းမှာ အမျိုးသမီးနှင့် မိန်းကလေးငယ်များ ဖြစ်ကြပြီး ၁.၅ သန်းခန့်မှာ အသက် (၁၅) နှစ်အောက် ကလေးများဖြစ်ပါသည်။
⭐ HIV ပိုးနှင့် ရှင်သန်နေထိုင်သူများအနက် ၇၆% ခန့်သာ ART (HIV ပိုးထိန်းကုသမှု) ကို ရရှိနေပါသည်။
⭐ AIDS ရောဂါကြောင့် သေဆုံးသူမှာ ၆၃၀,၀၀၀ ခန့် ရှိပါသည်။

မြန်မာနိုင်ငံ၏ နေရာဒေသ အတော်များများတွင် HIV နှင့်ပတ်သက်သော ကျန်းမာရေးစောင့်ရှောက်ရေး လုပ်ငန်းများ (ကာကွယ်ခြင်း၊ ရောဂါစစ်ဆေးခြင်း၊ ဆေးကုသခြင်း ) အဖက်ဖက်မှ ချို့ယွင်းလာသည့်အတွက် ၂၀၂၁ နောက်ပိုင်းတွင် HIV ပိုး အသစ်ကူးစက်ခံရသူနှင့် သေဆုံးသူအရေအတွက်သည် ပိုမိုများပြားလာနိုင်သည်ဟု ခန့်မှန်းရပါသည်။

🔵 ၂၀၂၁ ခုနှစ်၊ စစ်အာဏာသိမ်းမှု ဖြစ်ပွားပြီးနောက်ပိုင်း အခြေအနေ

🔥 ပြည်သူများအနေဖြင့် လုံခြုံသော နေရာဒေသများသို့ ရွေ့လျားသွားလာရမှု မြင့်မားခြင်း
🔥 မြန်မာနိုင်ငံ၏ နေရာဒေသ အတော်များများတွင် အခြေခံကျန်းမာရေးစောင့်ရှောက်မှုများ လျော့နည်း (သို့) ပျက်စီးနေခြင်း
🔥 နေရာဒေသအတွင်း အသွားအလာများ ကန့်သတ်ထိန်းချုပ်ခံရခြင်း

စသည့် လူသားမျိုးနွယ်အပေါ် အကြမ်းဖက်စစ်ကောင်စီ၏ ပစ်မှတ်ထား အကြမ်းဖက်မှုများ၊ လူ့အခွင့်အရေးချိုးဖောက်သည့် လုပ်ရပ်များကြောင့် HIV နှင့်ပတ်သက်သော အခြေခံ ကျန်းမာရေးဝန်ဆောင်မှုများကို ရရှိရန် ခက်ခဲခြင်း၊ မရရှိခြင်းများ ဖြစ်ပွားလျက်ရှိပါသည်။

ကျန်းမာရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ

#nugmoh #HIV #AIDS #WorldAIDSDay #WorldAIDSDay2023 #WAD2023

Ministry of Health,
National Unity Government.

Published on: December 1, 2023.
Last updated: December 1, 2023.