ကမ္ဘာလုံးဆိုင်ရာ ပဋိဇီဝဆေးယဥ်ပါးမှုအကြောင်း အသိပညာမြှင့်တင်ရေး ရက်သတ္တပတ်
World AMR Awareness Week
၁၈ – ၂၄ ရက်၊ နိုဝင်ဘာလ၊ ၂၀၂၃ ခုနှစ်
ပဋိဇီဝဆေးယဥ်ပါးမှု သည် ဘတ်တီးရီးယား၊ ဗိုင်းရပ်စ်၊ မှိုနှင့် ကပ်ပါးကောင်များက #ပဋိဇီဝဆေး များကို တုံ့ပြန်မှုမရှိတော့သော အချိန်တွင် ဖြစ်ပေါ်သည်။
ဆေးယဥ်ပါးမှုရလဒ်အနေဖြင့် ပဋိဇီဝဆေးများနှင့် အခြားပိုးသတ်ဆေးများသည် အကျိုးအာနိသင်မရှိဖြစ်လာပြီး ရောဂါကူးစက်မှုများကို ကုသရန်ခက်ခဲလာခြင်း သို့မဟုတ် ကုသရန်မဖြစ်နိုင်ခြင်းတို့ ဖြစ်ပေါ်လာသည်။ ထို့နောက် ရောဂါပြန့်ပွားမှု၊ ရောဂါပြင်းထန်မှုနှင့် သေဆုံးမှုတို့ မြင့်တက်လာသည်။
ကမ္ဘာလုံးဆိုင်ရာ ပဋိဇီဝဆေးယဥ်ပါးမှုအကြောင်း အသိပညာမြှင့်တင်ရေး ရက်သတ္တပတ်သည် ဆေးယဥ်ပါးသော ရောဂါကူးစက်မှုများ အသစ်ဖြစ်ပေါ်လာမှုနှင့် ပျံ့နှံ့မှုကို လျှော့ချရေးအတွက် “လူ၊ တိရစ္ဆာန် နှင့် ဂေဟစနစ် အားလုံး သဟဇာတဖြစ်ရန် ဘက်စုံထောင့်စုံမှ ချဉ်းကပ်သော ကျန်းမာရေးစနစ် (One Health)” ကို အကောင်အထည်ဖော်နေသူများအကြား ပဋိဇီဝဆေးယဥ်ပါးမှုအကြောင်း အသိပညာမြင့်တင်ပေးခြင်းနှင့် နားလည်သဘောပေါက်မှုကို မြှင့်တင်ပေးသော ကမ္ဘာလုံးဆိုင်ရာ စည်းရုံးလှုံ့ဆော်မှု ဖြစ်သည်။
ကမ္ဘာလုံးဆိုင်ရာ ပဋိဇီဝဆေးယဥ်ပါးမှုအကြောင်း အသိပညာမြင့်တင်ရေး ရက်သတ္တပတ်ကို နှစ်စဥ် နိုဝင်ဘာလ ၁၈ ရက်မှ ၂၄ ရက်အထိ ကျင်းပသည်။ ယခု ၂၀၂၃ ခုနှစ်အတွက် ဆောင်ပုဒ်သည် “ပဋိဇီဝဆေးယဥ်ပါးမှုကို အတူတကွ ကာကွယ်ကြစို့” “Preventing antimicrobial resistance together” ဟူသော ၂၀၂၂ ခုနှစ်၏ ဆောင်ပုဒ်အတိုင်း ဖြစ်ပါသည်။
ပဋိဇီဝဆေးယဥ်ပါးမှုသည် လူသား၊ တိရစ္ဆာန်၊ အပင်နှင့် ပတ်ဝန်းကျင်အတွက် ခြိမ်းခြောက်မှုတစ်ခုဖြစ်ပြီး ကျွန်ုပ်တို့အားလုံးကို သက်ရောက်မှုရှိစေသည်။ ထို့ကြောင့် ယခုနှစ်ဆောင်ပုဒ်သည် ပဋိဇီဝဆေးများ၏ အကျိုးအာနိသင်ကိုထိန်းသိမ်းရန် ကဏ္ဍပေါင်းစုံ ပူးပေါင်းလုပ်ဆောင်ရေးကို တိုက်တွန်းထားသည်။
ပဋိဇီဝဆေးယဥ်ပါးမှုကို ထိရောက်စွာလျှော့ချရန် ကဏ္ဍပေါင်းစုံအနေဖြင့်
💊 ပဋိဇီဝဆေးကို ချင့်ချိန်ပြီး သင့်လျော်စွာ သုံးစွဲရမည်ဖြစ်သည်။
💊 ရောဂါကူးစက်မှုများကို လျှော့ချနိုင်ရန် ရောဂါကာကွယ်ရေးနည်းလမ်းများကို လိုက်နာဆောင်ရွက်ရမည်ဖြစ်သည်။
💊 ရောဂါပိုးမွှားများနှင့် ညစ်ထေးနေသော စွန့်ပစ်ပစ္စည်းများကို စွန့်ပစ်ရာတွင် ကောင်းမွန်သည့် စည်းမျဉ်းစည်းကမ်းများ၊ အလေ့အထများကို သတ်မှတ်ထားသည့်အတိုင်း လိုက်နာကျင့်သုံးရမည်ဖြစ်သည်။
ကျန်းမာရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ
Source:https://www.who.int/campaigns/world-amr-awareness-week/2023
#nugmoh #AntimicrobialResistance #AMR #WorldAMRAwarenessWeek #AMRAwareness #antimicrobial #antibiotics
Ministry of Health,
National Unity Government.

Published on: November 18, 2023
Last updated: November 18, 2023