World Antimicrobial Awareness Week (18 – 24 November 2021)


“တစ်ဦးနှင့် တစ်ဦး အသိပညာဖြန့်ဝေပြီး ပဋိဇီဝဆေးယဉ်ပါးမှုကို တားဆီးပါ”

ပဋိဇီဝဆေးယဉ်ပါးမှုသည် တစ်ကမ္ဘာလုံးတွင် ပြည်သူများ၏ ကျန်းမာရေးကို ခြိမ်းခြောက်နေသော ကျန်းမာရေးအန္တရာယ် (၁၀) မျိုးတွင် တစ်မျိုးအပါအဝင်ဖြစ်သည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ထုတ်ပြန်ထားသည်။ ထို့ကြောင့် ပဋိဇီဝဆေးယဉ်ပါးမှုအန္တရာယ်ကို ပိုမိုသိရှိနိုင်စေရန် နှစ်စဉ် နိုဝင်ဘာလ (၁၈) ရက်နေ့မှ (၂၄) ရက်နေ့အထိကို “ပဋိဇီဝဆေးယဉ်ပါးမှုဆိုင်ရာ အသိပေးရက်သတ္တပတ်” အဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက သတ်မှတ်ထားသည်။

ဘက်တီးရီးယားပိုး၊ ဗိုင်းရပ်စ်ပိုး၊ မှိုပိုးနှင့် ကပ်ပါးပိုးတို့ကြောင့် ဖြစ်သောရောဂါများအား ကုသရာတွင် အသုံးပြုသောဆေးများကို ပဋိဇီဝဆေးဟု ‌ခေါ်သည်။

ပဋိဇီဝဆေးယဉ်ပါးမှုဆိုသည်မှာ ဘက်တီးရီးယားပိုး၊ ဗိုင်းရပ်စ်ပိုး၊ မှိုပိုးနှင့် ကပ်ပါးပိုးကောင်များသည် အချိန်ကာလကြာလာသည်နှင့်အမျှ ပြောင်းလဲလာကာ ဆေးဝါးများအပေါ်တွင် တုန့်ပြန်မှု မရှိတော့ခြင်း (ဆေးမတိုးတော့ခြင်း) ဖြစ်သည်။ ပဋိဇီဝဆေးယဉ်ပါးခြင်းသည် ရောဂါကူးစက်မှုကို ပိုမိုမြန်စေခြင်းနှင့် ရောဂါကုသမှုကို ပိုမို ခက်ခဲစေခြင်းများ ဖြစ်ပေါ်စေနိုင်ပြီး ရောဂါပြင်းထန်ကာ အသက်သေဆုံးသည်အထိ ဖြစ်ပွားနိုင်သည်။

ပဋိဇီဝဆေးယဉ်ပါးမှု မဖြစ်စေရန် –
• ပဋိဇီဝဆေးများကို မိမိသဘောအတိုင်း သောက်သုံးခြင်း မပြုရပါ။ ကျွမ်းကျင်သောကျန်းမာရေးဝန်ထမ်း၏ ညွှန်ကြားချက်အတိုင်း တိကျစွာသောက်သုံးပါ။
• ပဋိဇီဝဆေးများ သောက်သုံးလျှင် ကျွမ်းကျင်သောကျန်းမာရေးဝန်ထမ်း၏ အကြံဉာဏ်များကို အမြဲရယူပါ။
• ပဋိဇီဝဆေးများကို တစ်ဦးနှင့် တစ်ဦး မျှဝေသောက်သုံးခြင်း မပြုရပါ။
• ပဋိဇီဝဆေးများ အသုံးပြုထားသည့် အသား၊ ငါးတွင် ပဋိဇီဝဆေး ယဉ်ပါးနေသော ပိုးမွှားများပါရှိနေပြီး လူသို့ ပြန်လည်ကူးစက်နိုင်သဖြင့် ထိုအသား၊ ငါးများကို စားသုံးခြင်းမှ ရှောင်ကြဉ်ပါ။

References:
1. World Health Organization (WHO)
2. World Health Organization Myanmar

Published on: 18 November 2021
Last Updated:18 November 2021