ကမ္ဘာ့သွေးလှူရှင်နေ့၊ ၂၀၂၃ ခုနှစ်
World Blood Donor Day 2023
သွေးလှူပါ။ သွေးရေကြည်လှူပါ။ အသက် ကယ်ပါ။ မကြာခဏ လှူပါ။
Give blood, give plasma, share life, share often.
👉 ဇွန်လ ၁၄ ရက်နေ့သည် ကမ္ဘာ့သွေးလှူရှင်နေ့ ဖြစ်သည်။
နှစ်စဥ်နှစ်တိုင်း ကမ္ဘာတစ်ဝန်းရှိနိုင်ငံတိုင်းသည် ကမ္ဘာ့သွေးလှူရှင်နေ့ကို ကျင်းပကြသည်။ ဤကဲ့သို့ ကျင်းပခြင်းသည် လုံခြုံစိတ်ချရသော သွေးနှင့် ဆက်စပ်သွေးပစ္စည်းများ လိုအပ်ချက်ရှိနေမှုကို အသိပေးလှုံ့ဆော်ရန်နှင့် အခကြေးငွေမယူဘဲ အသက်ကယ်လက်ဆောင်အဖြစ် သွေးကို ကိုယ်ကျိုးစွန့် လှူပေးသော သွေးလှူရှင်များကို ကျေးဇူးစကားပြောရန် ဖြစ်သည်။
ကောင်းမွန်ပြည့်စုံသော ကျန်းမာရေးစနစ်တွင် လူနာများကို လုံခြုံစိတ်ချရသော သွေးနှင့် ဆက်စပ်သွေးပစ္စည်းများကို လုံလုံလောက်လောက် ပေးနိုင်သော သွေးလှူဝန်ဆောင်မှု စနစ်တစ်ခုရှိခြင်းသည် အဓိက အစိတ်အပိုင်း တစ်ရပ်ဖြစ်သည်။ မရင်းနှီးသော၊ မသိသော သူစိမ်းများအတွက် သူတို့၏ သွေးကို ကိုယ်ကျိုးမကြည့်ဘဲ လှူဒါန်းပေးသော လူတစ်ဦးတစ်ယောက်ချင်းကို အသိအမှတ်ပြုသည့်အနေဖြင့် ကမ္ဘာ့သွေးလှူရှင်နေ့ဆိုင်ရာ ဆောင်ပုဒ်များသည် နှစ်စဥ် ပြောင်းလဲနေပါသည်။
Give blood, give plasma, share life, share often.
သွေးလှူပါ။ သွေးရေကြည်လှူပါ။ အသက် ကယ်ပါ။ မကြာခဏ လှူပါ။
ယနေ့ ၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၄ ရက်နေ့တွင် ကျရောက်သော ကမ္ဘာ့သွေးလှူရှင်နေ့အတွက် ဆောင်ပုဒ်သည် “သွေးလှူပါ။ သွေးရေကြည် လှူပါ။ အသက် ကယ်ပါ။ မကြာခဏ လှူပါ။” ဟူ၍ ဖြစ်သည်။ ဘဝတစ်လျှောက် သွေးသွင်းရန် လိုအပ်သော လူနာများနှင့် လူတစ်ဦးတစ်ယောက်ချင်းစီတိုင်း အဖိုးမဖြတ်နိုင်သော၊ တန်ဖိုးရှိသော သွေးနှင့် သွေးရည်ကြည်ကို ပေးလှူခြင်းဖြင့် တာဝန်ယူနိုင်မှုကို အဓိက အာရုံစိုက်မိစေရန် ရည်ရွယ်သည်။ ကမ္ဘာတစ်ဝန်း လူနာများ လိုအပ်ပါက အချိန်မီ ကုသမှုရရှိရန် လုံခြုံစိတ်ချရသော သွေးနှင့် ဆက်စပ်ပစ္စည်းများကို ရေရှည် အစဥ်မပြတ် ရရှိနေနိုင်ပြီး ထောက်ပံ့ပေးနေနိုင်ရန် သွေးနှင့် သွေးရည်ကြည်ကို မှန်မှန် ပေးလှူခြင်း၏ အရေးကြီးပုံကို မီးမောင်းထိုးပြရန်လည်း ဖြစ်သည်။
👉 ရည်ရွယ်ချက်များအနေဖြင့်
🩸 မိမိ၏ သွေးကို လှူဒါန်းရုံသာမက အခြားသူများကို သွေးလှူရန် တိုက်တွန်းသော လူတစ်ဦးတစ်ယောက်ချင်းစီတိုင်းအတွက် ဂုဏ်ယူကျေးဇူးတင်ရန်၊
🩸 ကမ္ဘာတစ်ဝန်းနိုင်ငံများတွင် ဘေးကင်းစိတ်ချရသော သွေးများရရှိနေရန်နှင့် သွေးသွင်းနေရသောလူနာများ၏ ဘဝအရည်အသွေးကို ပြောင်းလဲပေးနိုင်ရန်အတွက် ကျန်းမာသောသူများကို ပုံမှန်သွေးလှူရန် တိုက်တွန်းအားပေးရန်၊
🩸 လူသားအားလုံးအတွက် ဘေးကင်းလုံခြုံစိတ်ချရသော သွေးနှင့် ဆက်စပ်ပစ္စည်းများကို လက်လှမ်းမီရရှိစေရန် စေတနာအလျောက် ငွေကြေးအပေါ် မမူတည်ဘဲ သွေးနှင့် သွေးရည်ကြည်လူဒါန်းခြင်းများ၏ အရေးကြီးသည့် အခန်းကဏ္ဍများကို မီးမောင်းထိုးပြရန်၊
🩸 (အမျိုးသား) နိုင်ငံ သွေးလှူခြင်းဆိုင်ရာ အစီအစဥ်များကို အားကောင်းလာစေရန်၊ ရေရှည်တည်တံ့စေရန်နှင့် ရင်းနှီးမြုပ်နှံမှု ရရှိရန် အစိုးရများနှင့် မိတ်ဖက်အဖွဲ့အစည်းများကြား နိုင်ငံအဆင့်၊ ဒေသအဆင့်၊ နိုင်ငံတကာအဆင့် စသဖြင့် အဆင့်အားလုံးတွင် ကူညီထောက်ပံ့ပေးမှုများရရှိစေရန် လှုံ့ဆော်ရန်၊
👉 သိထားသင့်သော အဓိကအချက်များ
🩸 သွေးလိုအပ်ချက်သည် လူတိုင်း ကြုံတွေ့ရနိုင်သော်လည်း လိုအပ်သော သွေးကို လက်လှမ်းမီရရှိရန်မှာမူ လူတိုင်းအတွက် မလွယ်ကူပေ။ ဝင်ငွေနည်းသော နိုင်ငံများနှင့် ဝင်ငွေအလယ်အလတ်ရှိသောနိုင်ငံများတွင် ရုတ်တရက် သွေးပြတ်လတ်မှုများ ကြုံတွေ့ရလေ့ရှိသည်။
🩸 လူ့အသိုင်းအဝိုင်းနှင့် လူတိုင်း ဘေးကင်းလုံခြုံသော၊ အရည်အသွေးပြည့်ဝသော သွေးနှင့် သွေးရည်ကြည်များကို လက်လှမ်းမီမှု သေချာစေရန် ပုံမှန်သွေးလှူမှုများကို ကမ္ဘာတစ်ဝန်း လိုအပ်လျက်ရှိသည်။
🩸 သွေးနှင့် သွေးရည်ကြည် လှူဒါန်းမှုတိုင်းသည် အဖိုးတန်သော အသက်ကယ်လက်ဆောင်ဖြစ်ပြီး ပုံမှန်သွေးလှူခြင်းသည် လုံခြုံစိတ်ချပြီး ဘေးကင်းသော သွေးနှင့် သွေးရည်ကြည်ထောက်ပံ့မှု ဖော်ဆောင်နိုင်ရန်အတွက် အရေးကြီးသော အချက်ဖြစ်ပါသည်။
🩸 သွေးနှင့် သွေးရည်ကြည် ပုံမှန်လှူဒါန်းခြင်းတွင် လူထုတစ်ရပ်လုံး ကျယ်ကျယ်ပြန့်ပြန့် ပါဝင်ခြင်းဖြင့် လူတိုင်းအနေဖြင့် ၎င်းတို့လိုအပ်လာချိန်တွင် သွေးနှင့်သွေးရည်ကြည်များကို အလွယ်တကူ လက်လှမ်းမီ ရရှိနိုင်မည်ဖြစ်သည်။
🩸 သွေးနှင့် သွေးရည်ကြည်လှူသူအားလုံးသည် လူနာများနှင့် လူ့အဖွဲ့အစည်းများအတွက် အဖိုးမဖြတ်နိုင်သော လုံခြုံမှုပေးသူများဖြစ်ပါသည်။
🩸 သွေးနှင့် သွေးရည်ကြည် အလှူရှင်များ၏ ကာယစိတ္တကျန်းမာမှုရှိစေရန် ဆောင်ရွက်ခြင်းအားဖြင့် ပုံမှန်သွေးလှူနိုင်သော လူမှုအဖွဲ့အစည်းကို ဖော်ဆောင်နိုင်မည်ဖြစ်သည်။
🩸 တစ်သက်တာ သွေးသွင်းကုထုံး ခံယူနေရသူများ (သို့မဟုတ်) သွေးရည်ကြည်ကုထုံး ခံယူနေရသူများကိုယ်စား သွေးနှင့် သွေးရည်ကြည် အလှူရှင်များအားလုံးကို ကျေးဇူးအထူးတင်ရှိပါသည်။ သွေးလှူရှင်များ လှူဒါန်းပေးသည့်အတွက်ကြောင့် အသက်ရှင်နေရပါသဖြင့် ကျေးဇူးတင်ပါသည်။
🩸 သွေးလှူပါ။ သွေးရည်ကြည်လှူပါ။ အသက် ကယ်ပါ။ မကြာခဏ လှူပါ။ 🩸
👉 သင်ဘာလုပ်နိုင်သလဲ။
လူတိုင်းလူတိုင်းအနေဖြင့်
🩸 ကိုယ်တိုင်လည်း စေတနာအလျောက် သွေးလှူပြီး အခြားသူများကိုလည်း တိုက်တွန်းလှုံ့ဆော်ပါ။
🩸 ပုံမှန်အလှူရှင်အဖြစ် ကတိသစ္စာပြုပြီး တစ်နှစ်ပတ်လုံး သွေးလှူပါ။
🩸 သင့်သူငယ်ချင်းများနှင့် မိသားစုများကို ပုံမှန်သွေးအလှူရှင်များဖြစ်လာစေရန် အားပေးပါ။
🩸 သင့်အသိုင်းအဝိုင်းမှ သူများ သွေးလှူအသင်းများ/သွေးဘဏ်များနှင့် ဆက်သွယ်နိုင်ရန်၊ သွေးလှူရှင်များအား စောင့်ရှောက်မှုပေးရန်နှင့် သွေးလှူဒါန်းမှုအစီအစဉ်များတွင် ပါဝင်ကူညီပေးရန်အတွက် စေတနာ့ဝန်ထမ်းလုပ်ပါ။
🩸 သင့်သွေးအမျိုးအစားကို ရှာဖွေပြီး သွေးလှူရှင်အဖြစ် စာရင်းသွင်းပါ။
🩸 ကမ္ဘာ့သွေးလှူရှင်များနေ့အကြောင်း လူမှုကွန်ရက်များတွင် မျှဝေခြင်းအားဖြင့် ပါဝင်ပါ။
Reference: https://www.who.int/campaigns/world-blood-donor-day
ကျန်းမာရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ
#nugmoh #WorldBloodDonorDay #WorldBloodDonorDay2023 #blooddonation #blooddonor #blood
Ministry of Health,
National Unity Government.

Published on: 14 June 2023
Last updated: 14 June 2023