“World Diabetes Day 2023” (November 14, 2023)

ကမ္ဘာ့ဆီးချိုသွေးချို‌ရောဂါနေ့ (World Diabetes Day 2023)

၁၄ ရက်၊ နိုဝင်ဘာ၊ ၂၀၂၃

“ရောဂါအန္တရာယ်ကို သိရှိပြီး တုံ့ပြန်ဆောင်ရွက်ကြ”
KNOW YOUR RISK, KNOW YOUR RESPONSE

ကမ္ဘာ့ဆီးချိုသွေးချို‌ရောဂါနေ့ကို နိုင်ငံတကာဆီးချိုရောဂါဖက်ဒရေးရှင်း (IDF) နှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO) တို့ ပူးပေါင်း၍ (၁၉၉၁) ခုနှစ်တွင် စတင်သတ်မှတ်ခဲ့ပြီး ဆီးချိုရောဂါကြောင့် မြင့်တက်လာသော ကျန်းမာရေး ခြိမ်းခြောက်မှုများကို ဂရုပြုမိစေရန်နှင့် တုံ့ပြန်ဆောင်ရွက်နိုင်ရန် ရည်ရွယ်ရင်းဖြစ်သည်။ ဆီးချိုဝေဒနာရှင်များအတွက် အင်ဆူလင်ကို (၁၉၂၂) ခုနှစ်တွင် ချာလီဘက်စ်နှင့်ပူးပေါင်း၍ ရှာဖွေတွေ့ရှိခဲ့သော ဆာ ဖရက်ဒရစ် ဘန်တင် (Sir Frederick Banting) ကိုဂုဏ်ပြုသောအားဖြင့် သူ၏ မွေးနေ့ (နိုဝင်ဘာ ၁၄ ရက်) ကို ကမ္ဘာ့ဆီးချိုသွေးချို‌ရောဂါနေ့အဖြစ် သတ်မှတ်ခဲ့ခြင်းဖြစ်သည်။

(၂၀၂၁) မှ (၂၀၂၃) ခုနှစ်အထိ ကမ္ဘာ့ဆီးချိုသွေးချို‌ရောဂါနေ့၏ ဆောင်ပုဒ်မှာ ဆီးချိုရောဂါစောင့်ရှောက်မှု လက်လှမ်းမီရရှိစေရေး (Access to Diabetes Care) ဖြစ်ပါသည်။

🩸 ကမ္ဘာတစ်ဝန်းရှိ ဆီးချိုဝေဒနာရှင် သန်းပေါင်းများစွာသည် ဆီးချိုရောဂါ စောင့်ရှောက်ကုသမှုများကို လက်လှမ်းမီ မရရှိကြသေးချေ။
🩸 ရောဂါနောက်ဆက်တွဲဆိုးကျိုးများကို ရှောင်ရှားနိုင်ရန်အတွက် ဆီးချိုဝေဒနာရှင်များသည် ကုသမှုများနှင့် ကူညီထောက်ပံ့မှုများ လိုအပ်လျက်ရှိသည်။
🩸 ဆီးချိုဝေဒနာရှင်များ လိုအပ်နေသော ဆေးဝါးများ၊ နည်းပညာများ၊ ကူညီထောက်ပံ့မှုများနှင့် ကုသမှုများ ရရှိစေရန် ဆောင်ရွက်ကြရပါမည်။
🩸 အစိုးရများကလည်း ဆီးချိုရောဂါကုသရေးနှင့် ကာကွယ်ရေးလုပ်ငန်းများကို ပိုမို အားစိုက်လုပ်ဆောင်ကြရပါမည်။

📣 ရောဂါအန္တရာယ်ကိုသိရှိပြီး တုံ့ပြန်ဆောင်ရွက်ကြ (KNOW YOUR RISK, KNOW YOUR RESPONSE)

(၂၀၂၃) ခုနှစ်၊ ကမ္ဘာ့ဆီးချိုသွေးချို‌ရောဂါနေ့ လှုပ်ရှားမှု၏ ဆောင်ပုဒ်မှာ “ရောဂါအန္တရာယ်ကို သိရှိပြီး တုံ့ပြန်ဆောင်ရွက်ကြ” Know your risk, Know your response ဖြစ်ပါသည်။
(၂၀၂၃) ခုနှစ်တွင် ဆီးချိုရောဂါ၏ နောက်ဆက်တွဲပြဿနာများကို ပိုမိုသိမြင်ပြီး ကာကွယ်နိုင်ရန်အတွက် လူတိုင်း အမျိုးအစား (၂) ဆီးချိုဖြစ်ပွားနိုင်ခြေကို သိရှိကြရန်နှင့် အချိန်မီကုသမှု ရရှိကြစေရန်အတွက် မှန်ကန်သောသတင်း အချက်အလက်များနှင့် ကုသမှုများကို လက်လှမ်းမီရရှိခြင်း အရေးကြီးပုံတို့ကို ကမ္ဘာ့ဆီးချိုသွေးချို‌ရောဂါနေ့ လှုပ်ရှားမှုအနေဖြင့် အာရုံစိုက်လုပ်ဆောင်မည်ဖြစ်သည်။

📣 အဓိကသတင်းစကားများ

ကမ္ဘာတစ်ဝန်းတွင် အရွယ်ရောက်ပြီးသူ (၁၀) ဦးတွင် တစ်ဦးသည် ဆီးချိုရောဂါခံစားနေရပါသည်။ (၉၀) ရာခိုင်နှုန်းကျော်သည် အမျိုးအစား (၂) ဆီးချို (Type 2 Diabetes) ရောဂါ ခံစားနေရပါသည်။ ထိုအထဲမှ တစ်ဝက်ခန့်သည် ဆီးချိုရောဂါဖြစ်နေကြောင်း မသိရှိကြသေးချေ။

လူနာပေါင်းများစွာတို့တွင် လေ့လာချက်များအရ ကျန်းမာသော ဘဝနေမှုပုံစံကို ပြောင်းလဲနေထိုင်ခြင်းဖြင့် အမျိုးအစား (၂) ဆီးချိုနှင့် ၎င်း၏နောက်ဆက်တွဲရောဂါပြဿနာများဖြစ်ပွားမှုကို နှောင့်နှေးစေပြီး ကာကွယ်တားဆီးနိုင်ကြောင်း တွေ့ရပါသည်။ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းကို အချိန်မီစောစီးစွာ မရရှိပါက၊ ဆီးချိုရောဂါသည် နောက်ဆက်တွဲရောဂါပြဿနာများ ဖြစ်ပွားစေနိုင်ပြီး အသက်သေဆုံးသည်အထိ အန္တရာယ်ရှိပါသည်။

🩸 အမျိုးအစား (၂) ဆီးချိုရောဂါ ဖြစ်ပွားနိုင်ခြများသူများအနေဖြင့် ရောဂါဖြစ်ပွားနိုင်ခြေ အန္တရာယ်ကိုသိရှိပြီး ကြိုတင်ကာကွယ်ခြင်း၊ စောစီးစွာ ရောဂါရှာဖွေခြင်းနှင့် အချိန်မီကုသမှုခံယူခြင်းတို့ ဆောင်ရွက်ရန် အလွန်အရေးကြီးပါသည်။
🩸 ဆီးချိုရောဂါဝေဒနာရှင်များအနေဖြင့် နောက်ဆက်တွဲပြဿနာများကို ကာကွယ်ရာတွင် အရေးပါသည့် ရောဂါဆိုင်ရာ မှန်ကန်သော သတင်းအချက်အလက်များ၊ အကောင်းဆုံးဆေးဝါးများနှင့် မိမိကိုယ်မိမိ စောင့်ရှောက်နိုင်သော နည်းလမ်းများကို လက်လှမ်းမီရယူနိုင်ရန် အသိပညာမြှင့်တင်ပေးရပါမည်။
🩸 ကျန်းမာရေးစောင့်ရှောက်မှုပေးသူများအနေဖြင့် ရောဂါ၏ နောက်ဆက်တွဲပြဿနာများကို စောစီးစွာ ရှာဖွေသိရှိရန်နှင့် အကောင်းဆုံးကုထုံးများဖြင့် ကုသနိုင်ရန်အတွက် လုံလောက်ထိရောက်သော သင်တန်းများနှင့် အရင်းအမြစ်များကို လက်လှမ်းမီရယူနိုင်ရပါမည်။

ကျန်းမာရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ

Source: https://worlddiabetesday.org/about/key-messages/

#nugmoh #diabetes #worlddiabetesday #worlddiabetesday2023 #WDD #WDD2023 #Type2Diabetes #AccessToDiabetesCare #KnowYourRiskKnowYourResponse

Ministry of Health,
National Unity Government.

Published on: November 16, 2023
Last updated: November 16, 2023