World Food Safety Day (7 June, 2023)

ကမ္ဘာလုံးဆိုင်ရာ အစားအစာ ဘေးကင်းရှင်းရေးနေ့ (၇၊ ဇွန်၊ ၂၀၂၃)

“အစားအစာစံနှုန်းများက အသက်ပေါင်းများစွာကို ကယ်တင်နိုင်သည်။”

“Food Standards Save Lives”

ပျမ်းမျှအားဖြင့် တစ်ရက်တွင် လူပေါင်း (၁,၆၀၀,၀၀၀) ခန့် မသန့်ရှင်းသောအစားအစာများကြောင့် ဖျားနာကြရသည်။

နေ့စဉ်နေ့တိုင်း ပျမ်းမျှအားဖြင့် အသက် (၅) နှစ်အောက် ကလေးငယ် (၃၄၀) ဦးသည် အစားအစာမှတစ်ဆင့်ကူးစက်သည့် ကာကွယ်၍ရသော ရောဂါများကြောင့် အသက်ဆုံးရှုံးလျက်ရှိသည်။ ဘေးအန္တရာယ်မကင်းသော အစားအစာများကြောင့် ဝမ်းပျက်ဝမ်းလျှောခြင်းမှသည် ကင်ဆာရောဂါများအထိ ရောဂါမျိုးစုံ (၂၀၀) ခန့် ဖြစ်ပွားနိုင်သည်။

(၂၀၂၃) ခုနှစ်၊ ဇွန်လ (၇) ရက်နေ့တွင် ကျရောက်သော ကမ္ဘာလုံးဆိုင်ရာ အစားအစာဘေးကင်းရှင်းရေးနေ့တွင် အစားအစာများ၏ အရည်အသွေးစံနှုန်းများအပေါ်တွင် အာရုံစိုက်မှုရှိလာကြစေရန် ရည်ရွယ်ပါသည်။ နှစ်စဉ် အစားအစာမှတစ်ဆင့် ကူးစက်သောရောဂါများကြောင့် လူ (၁၀) ဦးလျှင် (၁) ဦး ထိခိုက်သက်ရောက်လျက်ရှိသည်။ အစားအစာများကို ဘေးကင်းလုံခြုံစွာ စားသုံးနိုင်ရန်အတွက် အစားအစာစံနှုန်းများက အထောက်အကူပေးနိုင်ပါသည်။ 

👉 လုပ်ဆောင်ရန်အချက်များ

🍓 မူဝါဒချမှတ်သူများအနေဖြင့်

🍇 လူထုထောက်ပံ့ရေးအစီအစဉ်များကို ဘေးကင်းသော အစားအစာများရွေးချယ်နိုင်ရန် ပုံဖော်ပေးခြင်း။ (ဥပမာအားဖြင့်  အစားအစာကူညီသော အဖွဲ့များ၊ ကျောင်းတွင်းအစားအစာ ကျွေးမွေးခြင်းနှင့် အခြားအများပိုင် အစားအစာထုတ်လုပ်ရေးများ)

🍇 ခိုင်မာသော နိုင်ငံအဆင့် အစားအစာဘေးကင်းရှင်းရေး စနစ်တစ်ရပ် စတင်နိုင်ရန် ကြိုးပမ်းပြီး အစားအစာဘေးကင်းရေးစံနှုန်းများ ချမှတ်နိုင်ရန် ဆောင်ရွက်ခြင်း။

🍇 ဒေသအဆင့်၊ နိုင်ငံအဆင့်၊ ဒေသတွင်းအဆင့်နှင့် ကမ္ဘာ့အဆင့် ကဏ္ဍပေါင်းစုံ ပေါင်းစပ်ညှိနှိုုင်းဆောင်ရွက်မှုများတွင် ပူးပေါင်းအားပေးခြင်း။

🍓 စားသောက်ကုန်လုပ်ငန်းရှင်များ အနေဖြင့်

🍇 အစားအစာဘေးကင်းရှင်းရေး အမူအကျင့်ကောင်းများ ပေါ်ပေါက်လားစေရန် အလုပ်သမားများ၊ ကုန်ကြမ်းထောက်ပံ့သူများနှင့် အခြားဆက်စပ်လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းတို့နှင့် လက်တွဲဆောင်ရွက်ခြင်း။

🍇 နိုင်ငံအဆင့်နှင့် နိုင်ငံတကာအဆင့် အစားအစာစံနှုန်းများကို လိုက်နာခြင်း။

🍓 ပညာရေးဆိုင်ရာ အဖွဲ့အစည်းများနှင့် လုပ်ငန်းခွင်များအနေဖြင့်

🍇 အစားအစာများကို ဘေးကင်းလုံခြုံစွာ ကိုင်တွယ်မှုကို မြှင့်တင်ပေးခြင်း။

🍇 အစားအစာဘေးကင်းရှင်းရေး လှုပ်ရှားမှုများတွင် မိသားစုများနှင့် ပူးပေါင်းဆောင်ရွက်ခြင်း။

🍇 အစားအစာဘေးကင်းရှင်းရေး အသိပညာများ ဖြန့်ဝေခြင်း။

🍓 စားသုံးသူများအနေဖြင့်

🍇 အိမ်တွင် အစားအစာများကို ဘေးကင်းလုံခြုံစွာ ကိုင်တွယ်ခြင်းများကို လိုက်နာပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး၏ အစားအစာဘေးကင်းရေးအတွက် အဓိကအချက် (၅) ချက် (သန့်ရှင်းစွာချက်ပြုတ်ခြင်း၊ သားစိမ်းငါးစိမ်းများနှင့် ချက်ပြုတ်ပြီး အစားအစာများကို ခွဲခြားထားခြင်း၊ ကျက်အောင် ချက်ပြုတ်ခြင်း၊ အစားအစာများကို ဘေးကင်းသင့်တော်သော အပူချိန်တွင် သိမ်းဆည်းခြင်းနှင့် ဘေးကင်းစိတ်ချရသော ရေနှင့် အသားငါး၊ အသီးအရွက်များကို အသုံးပြုခြင်း) တို့ကို လိုက်နာခြင်း။

🍇 အစားအစာဘေးကင်းရှင်းရေးနှင့် ပတ်သက်၍ သတင်းပေးပို့ခြင်း၊ အသိပညာမြှင့်တင်ခြင်း၊ လေ့လာခြင်းနှင့် လှုပ်ရှားမှုများတွင် ပါဝင်ခြင်း။ 

Reference: https://www.who.int/campaigns/world-food-safety-day/2023

ကျန်းမာရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ

Ministry of Health,
National Unity Government.

#nugmoh #WorldFoodSafetyDay #FoodSafety #WorldFoodSafetyDay2023

Published on: 8 June 2023
Last updated: 8 June 2023