“World Food Safety Day” (June 2024)

ကမ္ဘာလုံးဆိုင်ရာ အစားအစာ ဘေးကင်းရှင်းရေးနေ့
World Food Safety Day
7 June 2024

🍉 ကမ္ဘာပေါ်ရှိ လူ ၁၀ ယောက်တွင် ၁ ယောက်သည် မသန့်ရှင်းသောအစားအစာကြောင့် နာမကျန်းမှုကို နှစ်စဥ် ခံစားနေရသည်။
🍍 မသန့်ရှင်းသောအစားအစာကို စားသုံးခြင်းကြောင့် ရောဂါပေါင်း ၂၀၀ ကျော်ကို ဖြစ်ပွားစေနိုင်သည်။
🍗 အစားအစာမှတစ်ဆင့် ကူးစက်ဖြစ်ပွားသည့် ရောဂါ ဝန်ထုပ်ဝန်ပိုး၏ ၄၀ ရာခိုင်နှုန်းကို အသက် ၅ နှစ်အောက်ကလေးများက ထမ်းပိုးနေရသည်။

“အစားအစာများ ဘေးကင်းရှင်းရေး – မျှော်လင့်မထားသော အရာများအတွက် ပြင်ဆင်ထားပါ”
Food safety: prepare for the unexpected

၂၀၂၄ ခုနှစ်၊ ဇွန်လ ၇ ရက်နေ့တွင် ကျရောက်သော ကမ္ဘာလုံးဆိုင်ရာ အစားအစာ ဘေးကင်းရှင်းရေးနေ့သည် အစားအစာဘေးကင်းမှုဆိုင်ရာ ထိခိုက်မှုအဖြစ်အပျက်များ (Food safety incidents) ကို မီးမောင်းထိုးပြမည်ဖြစ်သည်။

ယခုနှစ်အာဘော်မှာ ပြင်းထန်နိုင်သည်ဖြစ်စေ မပြင်းထန်နိုင်သည်ဖြစ်စေ အစားအစာဘေးကင်းမှုဆိုင်ရာ ထိခိုက်မှုအဖြစ်အပျက်များအတွက် ကြိုတင်ပြင်ဆင်ထားခြင်း၏ အရေးပါပုံအား အလေးပေးထားခြင်းဖြစ်သည်။

အစားအစာ စားသုံးမှုနှင့်ပတ်သက်၍ ဖြစ်နိုင်ခြေရှိသော သို့မဟုတ် သေချာသော ကျန်းမာရေးအန္တရာယ်ဖြစ်နိုင်သည့် အခြေအနေများသည် အစားအစာဘေးကင်းမှုဆိုင်ရာ ထိခိုက်မှုအဖြစ်အပျက်များဖြစ်သည်။

အစားအစာဆိုင်ရာ ထိခိုက်မှုအဖြစ်အပျက်သည် မတော်တဆဖြစ်မှုများ၊ မပြည့်စုံသော ထိန်းချုပ်ကွပ်ကဲမှုများ၊ အစားအစာ အတုအပပြုလုပ်မှုများ သို့မဟုတ် သဘာဝအဖြစ်အပျက်များ စသည်တို့ကြောင့် ဖြစ်ပွားနိုင်သည်။

အစားအစာဘေးကင်းမှုဆိုင်ရာ ထိခိုက်မှုအဖြစ်အပျက်များကို စီမံခန့်ခွဲရာတွင် မူဝါဒချမှတ်သူများ၊ အစားအစာဘေးကင်းရေး တာဝန်ရှိသူများ၊ လယ်သမားများနှင့် အစားအစာထုတ်လုပ်သူများ၏ အင်တိုက်အားတိုက် ကြိုးစားမှုများ လိုအပ်သည်။

အစားအစာ ဘေးကင်းမှုမရှိသောအခါ ကျန်းမာစွာနေထိုင်ရန်၊ လေ့လာသင်ယူရန် သို့မဟုတ် အလုပ်လုပ်ရန် လိုအပ်သော အာဟာရများကို မရရှိနိုင်ပါ။

မသန့်ရှင်းသော အစားအစာကို စားသုံးမိသောကြောင့် နှစ်စဥ် လူဦးရေ သန်း ၆၀၀ နာမကျန်းဖြစ်၍ လူ ၄၂၀,၀၀၀ သေဆုံးသည်။

ထုတ်လုပ်သူမှ စားသုံးသူအထိ အစားအစာကွင်းဆက်တစ်လျှောက် အစားအစာဘေးကင်းလုံခြုံမှုကို ဦးစားပေးလုပ်ဆောင်ခြင်းဖြင့် ထိုနာမကျန်းမှုနှင့် သေဆုံးမှုများကို များစွာ ကာကွယ်နိုင်ပါသည်။

အစားအစာများကို ဘေးကင်းလုံခြုံစွာ စားသုံးနိုင်ရန် ဆောင်ရွက်ရာတွင် မည်သူမဆို အရေးကြီးသော အခန်းကဏ္ဍ၌ ပါဝင်နေမြဲသာဖြစ်ပါသည်။

အစားအစာဘေးကင်းရေးသည် လူတိုင်း၏ တာဝန်ဝတ္တရား ဖြစ်ပါသည်။
Food safety is everyone’s business.

ကျန်းမာရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ

Reference:
https://www.who.int/campaigns/world-food-safety-day/2024

#nugmoh #WorldFoodSafetyDay #FoodSafety #Food #အစားအစာ

Ministry of Health,

National Unity Government.

Published on: June 7, 2024

Last updated: June 7, 2024