World Hand Hygiene Day 2022

ကမ္ဘာ့လက်သန့်ရှင်းရေး အထိမ်းအမှတ်နေ့ (World Hand Hygiene Day 2022)

(၂၀၂၂) ခုနှစ်၊ မေလ (၅) ရက်နေ့

Unite for safety: clean your hands
ဘေးအန္တရာယ်ကင်းရေးအတွက် အတူပူးပေါင်းပါဝင်ပါ၊ သင့်လက်များကို သန့်ရှင်းပါ။

ကျန်းမာရေးစောင့်ရှောက်မှုပေးသည့် နေရာများ၏ အရည်အသွေးနှင့် ဘေးအန္တရာယ်ကင်းသော ပတ်ဝန်းကျင် (သို့မဟုတ်) ဓလေ့အစဉ်အလာများတွင် လက်သန့်ရှင်းရေးနှင့် ရောဂါပိုးကာကွယ် နှိမ်နင်းရေးကို တန်းဖိုးထားပေးခြင်းသည် လူနာများနှင့် ကျန်းမာရေးလုပ်သားများကို ကာကွယ်ပေးခြင်းနှင့် ဂရုစိုက်ပေးခြင်းပင်ဖြစ်သည်။

ကျန်းမာရေးစောင့်ရှောက်မှုပေးသည့် နေရာများတွင် လက်သန့်ရှင်းရေးကို ဦးစားပေးဆောင်ရွက်နိုင်ရေးအတွက် သင့်လျော်သော အမူအကျင့်များနှင့် သဘောထားများ ရရှိနိုင်အောင် အဓိကပါဝင် ဆောင်ရွက်နိုင်ကြစေရန် ကျန်းမာရေးကဏ္ဍ အလွှာအသီးသီးတွင် ပါဝင်သူများအနေဖြင့် လက်သန့်ရှင်းရေးနှင့် ရောဂါပိုး ကာကွယ်နှိမ်နင်းရေးသည် လူ့အသက်များကို ကယ်တင်ရာတွင် အလွန်အရေးပါကြောင်းကို ယုံကြည်ထားကြရမည်ဖြစ်ပါသည်။

တစ်နည်းအားဖြင့် အလွှာအသီးသီးမှ ကျန်းမာရေးဝန်ထမ်းများနှင့် ကျန်းမာရေးစောင့်ရှောက်မှု ခံယူနေသော ပြည်သူများအနေနှင့် လက်သန့်ရှင်းရေးအတွက် အတူတကွ ပူးပေါင်းဆောင်ရွက်ကြရမည် ဖြစ်ပါသည်။

(၂၀၂၂) ခုနှစ်၊ မေလ (၅) ရက်နေ့တွင် ကျရောက်သော ကမ္ဘာ့လက်သန့်ရှင်းရေးအထိမ်းအမှတ်နေ့၏ အဓိကဆိုလိုရင်းမှာ ကျန်းမာရေးစောင့်ရှောက်မှုပေးသည့် နေရာများ၏ “အရည်အသွေးနှင့် ဘေးအန္တရာယ်ကင်းသောပတ်ဝန်းကျင် (သို့မဟုတ်) ဓလေ့အစဉ်အလာများ” တွင် လက်သန့်ရှင်းရေးကို ထည့်သွင်းနိုင်ခြင်းအပြင် ကောင်းမွန်သောအရည်အသွေးနှင့် ဘေးအန္တရာယ်ကင်းသော ဓလေ့အစဉ်အလာများ ရှိခြင်းဖြင့် ပြည်သူလူထုကို မှန်ကန်သောအချိန်တွင် မှန်ကန်သော ပစ္စည်းများနှင့် လက်သန့်ရှင်းရန် အားပေးတိုက်တွန်းနိုင်သည်ကို အသိအမှတ်ပြု၊ လက်ခံသွားကြစေရန် ဖြစ်ပါသည်။

နေရာဒေသမရွေး အရည်အသွေးမြင့်မားပြီး ဘေးကင်းလုံခြုံသော ကျန်းမာရေးစောင့်ရှောက်မှု ရရှိအောင် လက်သန့်ရှင်းရေးကို အတူတကွ ပူးပေါင်း၊ ပြောဆိုဆွေးနွေး၊ လုပ်ဆောင်ကြပါ။

ကိုးကား
https://who.int/campaigns/world-hand-hygiene-day/2022

ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ စနစ်တကျ လက်ဆေးကြပါစို့ (Video Link)

Facebook: https://fb.watch/cP8gMdXYs3/

YouTube: https://youtu.be/yCzAdon5kFQ

ဝန်ကြီးဌာနသို့ လှူဒါန်းရန်-
https://moh.nugmyanmar.org/donate/

Ministry of Health,

National Unity Government.

Published on: 5 May 2022
Last Updated: 5 May 2022