World Health Day 2022 (7 April 2022)
Our planet, our health

ကမ္ဘာ့ကျန်းမာရေးနေ့ (ဧပြီလ (၇) ရက်၊ ၂၀၂၂ ခုနှစ်)
ကျွန်ုပ်တို့ရဲ့ မြေကမ္ဘာ၊ ကျွန်ုပ်တို့ရဲ့ ကျန်းမာရေး

World Health Day 2022 (7 April 2022)
Our planet, our health

ကျွန်ုပ်တို့အနေနှင့်
👉 အားလုံးအတွက် သန့်စင်သော လေ၊ သန့်စင်သော ရေနှင့် သန့်ရှင်းသော အစားအစာများ ရရှိနိုင်သည့်
👉 ကျန်းမာရေးနှင့် ကောင်းစွာနေထိုင်ရေးကို အဓိကထားသော စီးပွားရေးစနစ်မျာ်ရှိသည့်
👉 လူအများ နေပျော်သော မြို့ကြီးများ၊ မိမိကျန်းမာရေးနှင့် မြေကမ္ဘာကျန်းမာရေးကို ကိုယ်တိုင် ထိန်းညှိနိုင်သော ကမ္ဘာသူကမ္ဘာသားများရှိသည့်
ကမ္ဘာကြီးကို ပြန်လည်စိတ်ကူးပုံဖော်နိုင်ကြမည်လား?

ကပ်ရောဂါများဖြစ်ပွားမှု၊ ကမ္ဘာကြီးညစ်ညမ်းမှု၊ ကင်ဆာ၊ ပန်းနာရင်ကျပ်၊ နှလုံးရောဂါ စသည့် ရောဂါများ များပြားလာမှုကြောင့် (၂၀၂၂) ခုနှစ် ကမ္ဘာ့ကျန်းမာရေးနေ့ (World Health Day 2022) တွင်
👉 လူသားများနှင့် ကမ္ဘာ့ကျန်းမာရေးအတွက် အရေးပေါ်လုပ်ဆောင်သင့်သည်များအပေါ် တစ်ကမ္ဘာလုံး၏ စိတ်ပါဝင်စားမှုနှင့်
👉 ကောင်းမွန်စွာ နေထိုင်ရေးကို ဦးစားပေးသည့် လူမှုအသိုင်းအဝိုင်းများ ပေါ်ပေါက်လာစေရန် ဖော်ဆောင်မည့် လှုပ်ရှားမှုများကို အားပေးမြှင့်တင်မှုများကို
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက အထူးအာရုံစိုက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားထားပါသည်။

ကမ္ဘာပေါ်တွင် နှစ်စဉ် လူပေါင်း (၁၃) သန်းခန့်သည် ရှောင်လွှဲ၍ ရနိုင်သော သဘာဝပတ်ဝန်းကျင် ပြဿနာများကြောင့် သေဆုံးလျက်ရှိသည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ခန့်မှန်းထားပါသည်။ ထိုပြဿနာများအနက် ရာသီဥတုကပ်ဘေးသည် လူသားများအပေါ် အကြီးမားဆုံးသော ခြိမ်းခြောက်မှုတစ်ရပ်ဖြစ်ပါသည်။ ရာသီဥတုကပ်ဘေးသည် ကျန်းမာရေးကပ်ဘေးတစ်ခုပင်ဖြစ်သည်ဟု ပြောထားပါသည်။

လူသားများ၏ နိုင်ငံရေး၊ လူမှုရေးနှင့် ကုန်သွယ်ရေးဆိုင်ရာ ဆုံးဖြတ်ချက်များသည် ရာသီဥတုနှင့် ကျန်းမာရေးကပ်ဘေးများဆီသို့ တွန်းပို့နေပါသည်။

ကမ္ဘာ့လူဦးရေ၏ (၉၀)% ကျော်သည် လောင်စာဆီများ လောင်ကျွမ်းမှုကြောင့် ထွက်လာသော ကျန်းမာရေးနှင့် မညီညွတ်သည့် လေများကို ရှူနေရပါသည်။ ကမ္ဘာကြီးပူနွေးလာမှုမှတစ်ဆင့် ခြင်ကြောင့်ဖြစ်သော ရောဂါပျံ့နှံ့မှုများ ပိုမိုများပြားပြီး မြန်ဆန်လာသည်ကို တွေ့နေရပါသည်။ လူသားများသည် ပြင်းထန်သော ရာသီဥတုဖြစ်စဉ်များ၊ မြေထုပျက်စီးမှုများနှင့် ရေရှားပါမှုများကြောင့် ရွှေ့ပြောင်းနေထိုင်ရခြင်းများနှင့် ကျန်းမာရေးထိခိုက်မှုများလည်း ကြုံတွေ့နေရပါသည်။ အနက်ရှိုင်းဆုံးသော သမုဒ္ဒရာများနှင့် အမြင့်မားဆုံးသော တောင်တန်းများတွင်ပင် ရေထုညစ်ညမ်းမှုနှင့် ပလတ်စတစ်များ တွေ့နေရပြီး လူသားများ၏ အစာကွင်းဆက်များတွင်ပါ ဝင်ရောက်နေသည်ကို တွေ့ရပါသည်။

ကမ္ဘာ့လေထု၏ အပူချိန်မြင့်တက်စေသည့် ကာဗွန်ဒိုင်အောက်ဆိုက်စသည့် Greenhouse ဓာတ်ငွေ့ထုတ်လုပ်မှု၏ သုံးပုံတစ်ပုံသည် အဝလွန်ခြင်း၊ ကင်ဆာရောဂါနှင့် နှလုံးရောဂါများ ပိုမိုဖြစ်ပွားစေသည့် ကျန်းမာရေးနှင့်မညီညွတ်သော အသင့်စား အစားအသောက်နှင့် ဖျော်ရည်များ ထုတ်လုပ်မှုစနစ်မှ ထွက်လာခြင်းဖြစ်ပါသည်။

COVID-19 ကပ်ရောဂါကာလတွင် သိပ္ပံပညာရပ်၏ ပြန်လည်ကုစားနိုင်စွမ်းကို တွေ့မြင်ရသလို ကမ္ဘာပေါ်တွင် မမျှတမှုများစွာ ရှိနေသည်ကိုလည်း ပိုမိုသိသာထင်ရှားလာခဲ့ပါသည်။ COVID-19 ကပ်ရောဂါသည် လူမှုအသိုင်းအဝိုင်း၏ နယ်ပယ်အသီးသီးရှိ အားနည်းချက်များ ဖော်ထုတ်ပေးပြီး ယခုမျိုးဆက်နှင့် နောက်အနာဂတ်မျိုးဆက်များအတွက် စီးပွားရေး အခက်အခဲများ မရှိစေဘဲ သာတူညီမျှသော ကျန်းမာရေး ရရှိနိုင်ရန် ဆောင်ရွက်ပေးမည့် ရေရှည်တည်တံ့သည့် ကောင်းမွန်သော လူမှုအသိုင်းအဝိုင်းများ ဖြစ်ပေါ်လာရန် အရေးတကြီး လိုအပ်မှုများကို မီးမောင်းထိုးပြနေပါသည်။

လက်ရှိအသုံးပြုနေသော စီးပွားရေးရည်မှန်းချက်သည် ဝင်ငွေ၊ ကြွယ်ဝချမ်းသာမှုနှင့် လုပ်ပိုင်ခွင့် စွမ်းအားများ မညီမျှစွာ ဖြန့်ဝေမှုဖြစ်စေပြီး လူအများအပြားသည် ဆင်းရဲ၍ မတည်ငြိမ်သော ဘဝများတွင် နေထိုင်နေရဆဲ ဖြစ်ပါသည်။ ကောင်းမွန်သော စီးပွားရေးစနစ်၏ ရည်မှန်းချက်သည် ကောင်းမွန်သော လူနေမှု၊ သာတူညီမျှမှုနှင့် ဂေဟစနစ် ရေရှည်တည်တံ့မှုများဖြစ်ပါသည်။ ထိုရည်မှန်းချက်များသည် ရေရှည်ရင်းနှီးမြှုပ်နှံမှု၊ ကောင်းမွန်စွာနေထိုင်ရေးဆိုင်ရာ ငွေကြေး၊ လူမှုကာကွယ်ရေးနှင့် ဥပဒေရေးရာနှင့် ဘဏ္ဍာရေး မဟာဗျူဟာများ ဖြစ်ပါသည်။

ကမ္ဘာ့ကျန်းမာရေးနှင့် လူသားကျန်းမာရေးအတွက် အထက်ပါ ပြဿနာကွင်းဆက်များကို ဖြိုဖျက်ရာတွင် ကျန်းမာရေးနှင့် ညီညွတ်စေသော ရွေးချယ်မှုများ ပြုလုပ်နိုင်ရန်အတွက် ဥပဒေပြုဆောင်ရွက်မှုများ၊ ပူးပေါင်းပြုပြင်ပြောင်းလဲမှုများနှင့် တစ်ဦးချင်းစီအလိုက် ထောက်ပံ့ပေးခြင်းနှင့် စည်းရုံးဆွဲဆောင်ခြင်းများ ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက တိုက်တွန်းပြောကြားထားပါသည်။

Reference:
https://www.who.int/campaigns/world-health-day/2022

ကျန်းမာရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ

ဝန်ကြီးဌာနသို့ လှူဒါန်းရန်-
https://moh.nugmyanmar.org/donate/

Ministry of Health,

National Unity Government.

Published on: 7 April 2022
Last Updated: 7 April 2022