“World Hearing Day 2024” (3 March 2024)

ကမ္ဘာ့အကြားအာရုံနေ့ ၂၀၂၄ (3 March 2024)
World Hearing Day 2024

အယူအဆတွေ ပြောင်းလဲကြမယ် – နားနဲ့ အကြားအာရုံစောင့်ရှောက်မှုကို လူတိုင်း အမှန်တကယ်ရရှိအောင် လုပ်ဆောင်ကြစို့
Changing mindsets: let’s make ear and hearing care a reality for all!

၂၀၂၄ ခုနှစ် ကမ္ဘာ့အကြားအာရုံနေ့သည် လူထုနှင့် ကျန်းမာရေးစောင့်ရှောက်မှုပေးသူများကို အဓိကထား၍ အသိပညာပေးခြင်းနှင့် သတင်းအချက်အလက်မျှဝေခြင်းများမှတစ်ဆင့် လူမှုအသိုင်းအဝိုင်း၏ အထင်အမြင်လွဲမှားမှုများနှင့် ကဲ့ရဲ့အပြစ်ဆိုလိုသော အယူအဆများကြောင့် ဖြစ်ပေါ်လာသည့် စိန်ခေါ်မှုများကို ကျော်လွှားရန် အလေးပေးဆောင်ရွက်မည်ဖြစ်သည်။

👂 အဓိကသတင်းစကားများ

★ တစ်ကမ္ဘာလုံးအတိုင်းအတာအနေဖြင့် နားနှင့်အကြားအာရုံစောင့်ရှောက်မှု၏ ၈၀ ရာခိုင်နှုန်းကျော်ကို ဖြည့်ဆည်းပေးနိုင်ရန် လိုအပ်လျက်ရှိသည်။
★ ကိုင်တွယ်ဖြေရှင်းခြင်းမရှိသည့် အကြားအာရုံဆုံးရှုံးမှုသည် တစ်ကမ္ဘာလုံးအတိုင်းအတာအနေဖြင့် တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ၁ ထရီလီယမ်နီးပါး ကုန်ကျစရိတ်ရှိစေသည်။
★ နက်ရှိုင်းစွာ အမြစ်တွယ်နေသော လူ့အဖွဲ့အစည်း၏ အထင်အမြင်လွဲမှားမှုများနှင့် ကဲ့ရဲ့အပြစ်ဆိုလိုသော အယူအဆများသည် အကြားအာရုံဆုံးရှုံးမှုကို ကာကွယ်ရန်နှင့် ဖြေရှင်းရန် ကြိုးပမ်းမှုများကို ကန့်သတ်သည့် အဓိကအချက်များဖြစ်သည်။
★ နားနှင့် အကြားအာရုံစောင့်ရှောက်မှုနှင့်ဆိုင်သော အယူအဆပြောင်းလဲခြင်းသည် ကိုင်တွယ်ဖြေရှင်းခြင်းမရှိသည့် အကြားအာရုံဆုံးရှုံးမှု၏ ကုန်ကျစရိတ်ကို လျှော့ချရန်နှင့် လက်လှမ်းမီမှုကို တိုးမြှင့်ရန် အရေးပါသည်။

👂 ၂၀၂၄ ခုနှစ် ကမ္ဘာ့အကြားအာရုံနေ့ကို အောက်ပါရည်ရွယ်ချက်များဖြင့် လုပ်ဆောင်ပါမည်။

🔉ရပ်ရွာလူထုနှင့် ကျန်းမာရေးစောင့်ရှောက်မှုပေးသူများအကြား နားနှင့် အကြားအာရုံဆိုင်ရာ အထင်အမြင်လွဲမှားမှုများနှင့် ကဲ့ရဲ့အပြစ်ဆိုလိုသော အယူအဆများကို တုံ့ပြန်ဆောင်ရွက်ပါ။
🔉 အကြားအာရုံ ဆုံးရှုံးမှုနှင့်ဆိုင်ရာ ပြည်သူလူထုအမြင်ကို ပြောင်းလဲရန် တိကျ၍သက်သေခိုင်မာမှုကို အခြေခံသော အချက်အလက်များ ပံ့ပိုးပေးပါ။
🔉 နားနှင့်အကြားအာရုံစောင့်ရှောက်မှုကို သာတူညီမျှလက်လှမ်းမီစေရေးအတွက် အရေးကြီးသော ခြေလှမ်းတစ်ရပ်အနေဖြင့် အကြားအာရုံဆုံးရှုံးခြင်းနှင့်ပတ်သက်သော လွဲမှားသည့် အမြင်မှားများနှင့် ကဲ့ရဲ့အပြစ်ဆိုလိုသော အယူအဆများကို ကိုင်တွယ်ဖြေရှင်းရန် နိုင်ငံများနှင့် အရပ်ဘက်အဖွဲ့အစည်းများအား တောင်းဆိုပါ။

နားနှင့်အကြားအာရုံစောင့်ရှောက်မှုဆိုင်ရာ အထင်အမြင်လွဲမှားမှုများကို ဖြေရှင်းရန်နှင့် လက်လှမ်းမီနိုင်သော နားနှင့် အကြားအာရုံစောင့်ရှောက်မှုကို ရရှိစေရန် အသိပညာပေးပွဲများကို ရပ်ရွာလူထုများအတွင်း ကျင်းပပြုလုပ်ရန် တွန်းအားပေးပါ။

နားနဲ့ အကြားအာရုံစောင့်ရှောက်မှုကို လူတိုင်း အမှန်တကယ်ရရှိအောင် လုပ်ဆောင်ကြစို့
Let’s make ear and hearing care a reality for all!

ကျန်းမာရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ

Reference: https://www.who.int/campaigns/world-hearing-day/2024

#nugmoh #hearing #ear #hearingcare #WorldHearingDay #WorldHearingDay2024

Ministry of Health,
National Unity Government.

Published on: March 3, 2024
Last updated: March 3, 2024