ကမ္ဘာ့အကြားအာရုံနေ့ (World Hearing Day) (၃-၃-၂၀၂၂)
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက နှစ်စဉ် မတ်လ၊ (၃) ရက်နေ့ကို ကမ္ဘာ့အကြားအာရုံနေ့ “World Hearing Day” အဖြစ်သတ်မှတ်ထားပါတယ်။
ယခု (၂၀၂၂) ခုနှစ်၊ မတ်လ (၃) ရက်နေ့တွင် ကျရောက်သော ကမ္ဘာ့အကြားအာရုံနေ့၏ ဆောင်ပုဒ်မှာ “တစ်သက်တာ ကြားနိုင်ဖို့ နားထောင်တဲ့အခါ ဂရုစိုက်ပါ” (To hear for life, Listen with care) ဖြစ်ပါတယ်။
ဘေးအန္တရာယ်ကင်းစွာ နားထောင်ခြင်းဖြင့် အကြားအာရုံထိခိုက်ချိုု့ယွင်းခြင်းကို ကာကွယ်နိုင်ရန်အတွက် အောက်ပါ အဓိကသတင်းစကားများကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ဖော်ပြထားပါတယ်။
- နားနှင့် အကြားအာရုံကို ဂရုစိုက်ခြင်းဖြင့် ကောင်းမွန်သောအကြားအာရုံကို ဘဝတစ်လျှောက်လုံး ရရှိနိုင်ပါသည်။
- ကျယ်လောင်သော အသံများနှင့် ထိတွေ့မိခြင်းကြောင့် အကြားအာရုံထိခိုက်ချို့ယွင်းခြင်း အပါအဝင် များစွာသော အကြောင်းအရင်းများကြောင့် အကြားအာရုံထိခိုက်ချို့ယွင်းခြင်း များသည် ကြိုတင်ကာကွယ်၍ ရနိုင်ပါသည်။
- ဘေးအန္တရာယ်ကင်းစွာ နားထောင်ခြင်းဖြင့် အပန်းဖြေချိန်တွင် ကြုံတွေ့ရသော အသံများကြောင့် အကြားအာရုံထိခိုက်ဆုံးရှုံးခြင်းကို ကာကွယ်ပေးနိုင်ပါသည်။
- ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက အစိုးရအဖွဲ့များ၊ စက်ရုံအလုပ်ရုံမှ လုပ်ဖော်ကိုင်ဖက်များနှင့် ပြည်သူလူထုအား အန္တရာယ်ကင်းစွာ နားထောင်မှုဆိုင်ရာ သုတေသနအခြေပြု စံအချက်အလက်များကို ပိုမိုသိရှိသတိပြုလာကြစေရန် ဆောင်ရွက်ကြဖို့ တိုက်တွန်းထားပါသည်။
လုပ်ငန်းခွင်နှင့် အပန်းဖြေအနားယူရာ နေရာများရှိ အလွန်ကျယ်လောင်သော အသံများကြောင့် သင်၏ အကြားအာရုံကို ထိခိုက်စေနိုင်ပါသည်။
အကြားအာရုံမထိခိုက်ဘဲ အန္တရာယ်ကင်းစွာ နားထောင်နိုင်ရန်အတွက်
- အသံကို လျှော့ထားပါ။
- ဆူညံလွန်းသော ပတ်ဝန်းကျင်များတွင် နားကျပ်ကို အသုံးပြုပါ။
- ဆူညံသံများသောနေရာများတွင် နေသောအချိန်ကို ကန့်သတ်ပါ။
- အသံဆူညံမှုပမာဏကို မိုဘိုင်းဖုန်း Application များဖြင့် တိုင်းတာပါ။
- မိမိ၏ အကြားအာရုံကို ပုံမှန်ပြသစစ်ဆေးပါ။
Reference:
https://who.int/campaigns/world-hearing-day/2022
NUG ကျန်းမာရေးဝန်ကြီးဌာနသို့ လှူဒါန်းရန်-
https://moh.nugmyanmar.org/donate/
Ministry of Health,
National Unity Government.

Published on: 3 March 2022
Last Updated: 3 March 2022