ကမ္ဘာ့ကာကွယ်ဆေးထိုးနှံရေးရက်သတ္တပတ် (၂၀၂၃) ခုနှစ်
ဧပြီလ (၂၄) ရက်မှ (၃၀) ရက်နေ့အထိ
24 to 30 April- World Immunization Week
ကမ္ဘာ့ကာကွယ်ဆေးထိုးနှံရေး ရက်သတ္တပတ်အဖြစ် ဧပြီလ၏ နောက်ဆုံး ရက်သတ္တပတ်တွင် ကျင်းပလေ့ရှိရာ ကူးစက်ရောဂါများဘေးမှ အသက်အရွယ်မရွေး ကာကွယ်နိုင်ရန်အတွက် ကာကွယ်ဆေးထိုးနှံခြင်းကို မြှင့်တင်ရန်နှင့် ပိုမိုပူးပေါင်းဆောင်ရွက်ကြရန် ရည်ရွယ်ပါသည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးအနေဖြင့် ကမ္ဘာတစ်လွှားရှိ နိုင်ငံများနှင့်ပူးပေါင်းကာ ကာကွယ်ဆေးထိုးနှံခြင်း၏ အကျိုးကျေးဇူးများကို ပိုမိုသိရှိလာစေရန် အသိပညာမြှင့်တင်ခြင်း၊ အရည်အသွေးမြင့် ကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်းများ အကောင်အထည်ဖော်နိုင်ရန်အတွက် လိုအပ်သော လမ်းညွှန်ချက်များနှင့် ပညာရပ် ပိုင်းဆိုင်ရာ အထောက်အပံ့များ ရရှိနိုင်အောင် ဆောင်ရွက်လျက်ရှိပါသည်။
ကမ္ဘာ့ကာကွယ်ဆေးထိုးနှံရေး ရက်သတ္တပတ်၏ အန္တိမရည်မှန်းချက်မှာ ကာကွယ်ဆေးဖြင့် ကာကွယ်နိုင်သော ရောဂါများ၏ အန္တရာယ်မှ လူများနှင့် လူမှုအသိုက်အမြုံများကို ပိုမိုကာကွယ်မှုပေးနိုင်ရန် ဖြစ်သည်။
အရှိန်မြှင့်အမီလိုက်ခြင်း
The Big Catch-Up
ကမ္ဘာ့ကာကွယ်ဆေးထိုးနှံရေးရက်သတ္တပတ် (၂၀၂၃) ဧပြီ (၂၄) ရက်မှ (၃၀) ရက်အထိ
World Immunization Week 2023 – 24 to 30 April
ကမ္ဘာ့ကာကွယ်ဆေးထိုးနှံရေးရက်သတ္တပတ်အဖြစ် ဧပြီလ၏ နောက်ဆုံးသီတင်းပတ်တွင် ကျင်းပလေ့ရှိရာ လူထုကို ကာကွယ်ဆေးဖြင့် ကာကွယ်နိုင်သောရောဂါများမှ ကာကွယ်နိုင်ရန်အတွက် ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ကြရန် ရည်ရွယ်ပါသည်။
“အရှိန်မြှင့် အမီလိုက်ခြင်း” ခေါင်းစဉ်အောက်တွင် ကာကွယ်နိုင်သောရောဂါဘေးမှ လူထုကို ပိုမိုကာကွယ်နိုင်ရေး လမ်းကြောင်းပေါ်သို့ ပြန်လည်ရောက်ရှိရေးအတွက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးနှင့် မိတ်ဖက်အဖွဲ့များသည် နိုင်ငံများစွာကို အကူအညီပေးလျက်ရှိပေသည်။
ကမ္ဘာ့ကပ်ရောဂါကာလအတွင်း ကာကွယ်ဆေးမထိုးနှံခဲ့ရသော ကလေးသန်းပေါင်းများစွာကို အမီလိုက် ကာကွယ်ဆေးထိုးနှံပေးရေး ဆောင်ရွက်ပေးရန်လိုအပ်ပြီး မရှိမဖြစ် ကာကွယ်ဆေး လွှမ်းခြုံနိုင်မှုကို (၂၀၁၉) ခုနှစ်အခြေအနေအထိ ပြန်လည်ထိန်းသိမ်းရန်နှင့် ကာကွယ်ဆေးထိုးနှံနိုင်ရေးအတွက် ပဏာမကျန်းမာရေးစောင့်ရှောက်မှုစနစ်ကိုလည်း ခိုင်မာအားကောင်းအောင် ဆောင်ရွက်ရန် လိုအပ်ပါသည်။
ကမ္ဘာ့ကာကွယ်ဆေးထိုးနှံရေးရက်သတ္တပတ်၏ အန္တိမရည်မှန်းချက်သည်ကား ကာကွယ်ဆေးဖြင့် ကာကွယ်နိုင်သော ရောဂါများ၏ အန္တရာယ်မှ ကလေးငယ်များ၊ အရွယ်ရောက်ပြီးသူများနှင့် လူမှုအသိုက်အဝန်းများကို ပိုမိုကာကွယ်နိုင်ရေး ဖြစ်ပေရာ ပိုမိုကျန်းမာပျော်ရွှင်သော ဘဝများ ရရှိပိုင်ဆိုင်နိုင်ကြစေရန် တိုက်ပွဲဝင်ကြပါစို့။
ကျန်းမာရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ
Reference: World Health Organization
#nugmoh #vaccine #immunization #TheBigCatchUp #WorldImmunizationWeek #WorldImmunizationWeek2023 #ကာကွယ်ဆေး
Ministry of Health,
National Unity Government.

Published on: 24 April 2023
Last updated: 24 April 2023