“World Immunization Week” (April 2024)

ကမ္ဘာ့ကာကွယ်ဆေးထိုးနှံရေးရက်သတ္တပတ်၊ ၂၀၂၄ ခုနှစ်
(၂၀၂၄) ခုနှစ် ဧပြီလ (၂၄) ရက်မှ (၃၀) ရက်နေ့အထိ

24 to 30 April – World Immunization Week 2024

နှစ်စဉ်နှစ်တိုင်း ကမ္ဘာ့ကာကွယ်ဆေးထိုးနှံရေး ရက်သတ္တပတ်အဖြစ် ဧပြီလ၏ နောက်ဆုံးရက်သတ္တပတ်တွင် ကျင်းပလေ့ရှိပြီး အသက်အရွယ်မရွေး လူသားအားလုံး ကာကွယ်ဆေးဖြင့် ကာကွယ်နိုင်သော ရောဂါများမှ ကာကွယ်နိုင်ရန် ပိုမိုပူးပေါင်းဆောင်ရွက်ရန်လိုအပ်ကြောင်း ရည်ရွယ်အသိပေးပြုလုပ်လျက်ရှိပါသည်။

ကမ္ဘာ့ကာကွယ်ဆေးထိုးနှံရေး ရက်သတ္တပတ်၏ အန္တိမရည်မှန်းချက်မှာ အသက်အရွယ်မရွေး၊ ဘာသာလူမျိုး မ‌ရွေး၊ နေရာဒေသမရွေး လူများနှင့် လူမှုအသိုက်အမြုံများကို ကာကွယ်ဆေးဖြင့် ကာကွယ်နိုင်သော ရောဂါများ၏ အန္တရာယ်မှ ကင်းဝေးစေပြီး ပိုမိုပျော်ရွှင်ကျန်းမာသော ဘဝများ ဖန်တီးပေးနိုင်ရန် ဖြစ်ပါသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ၁၉၇၄ ခုနှစ်တွင် စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည့် တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်း (Expanded Programme on Immunization – EPI) သည် ယခုနှစ်တွင် နှစ်ပေါင်း (၅၀) တိုင်ခဲ့ပြီဖြစ်ပါသည်။ တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းသည် နှစ်ပေါင်း (၅၀) အတွင်း အောင်မြင်မှုမှတ်တိုင်များစွာကို စိုက်ထူနိုင်ခဲ့ပြီး ၁၉၈၀ ခုနှစ်တွင် ရေကျောက်ရောဂါ (Smallpox) ကို ကမ္ဘာပေါ်မှ အပြီးတိုင်တိုက်ထုတ်နိုင်ခဲ့ပြီး ဖြစ်ပါသည်။

တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်း၏ နှစ် (၅၀) ပြည့် ကြိုဆိုဂုဏ်ပြုခြင်းနှင့်အတူ ယခုနှစ်၏ “အားလုံးအတွက် ကာကွယ်ဆေး … လူသားဆန်မှုနဲ့ ကူညီပေး” “Humanly Possible: Immunization for All” ခေါင်းစဉ်အောက်တွင် ကမ္ဘာတစ်ဝှမ်းလုံးရှိ နိုင်ငံအားလုံး အဖွဲ့အစည်းအားလုံး၏ အတူတကွပူးပေါင်းမှုဖြင့် လူသားအားလုံးကာကွယ်ဆေးရရှိနိုင်ရန် အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားကြရမည်ဖြစ်ပါသည်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ပြည်နယ်နှင့် တိုင်းအချို့တွင် ပုံမှန်ကာကွယ်ဆေးထိုးလုပ်ငန်း ပြန်လည်စတင်ခြင်း၊ Pilot ရှေ့ပြေး စီမံကိန်းများ ဆောင်ရွက်ခြင်းနှင့် သင်တန်းများပို့ချခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါသည်။

ကျန်းမာရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ

Reference: https://www.who.int/campaigns/world-immunization-week/2024

#nugmoh #WorldImmunizationWeek #HumanlyPossible #ImmunizationForAll #Immunization #Vaccine #ကာကွယ်ဆေး

Ministry of Health,

National Unity Government.

Published on: May 1, 2024
Last updated: May 1, 2024