World Leprosy Day 2023 (29 January 2023)

ကမ္ဘာ့အနာကြီးရောဂါနေ့ (၂၉ ရက်၊ ဇန်နဝါရီလ၊ ၂၀၂၃)

World Leprosy Day 2023 (29 January 2023)

ကမ္ဘာ့အနာကြီးရောဂါနေ့ကို ဇန်နဝါရီလ နောက်ဆုံးပတ် တနင်္ဂနွေနေ့တွင် ကျင်းပလေ့ရှိသည်။ ယခုနှစ် (၂၀၂၃) ခုနှစ်တွင် ကမ္ဘာ့အနာကြီးရောဂါနေ့သည် ဇန်နဝါရီ (၂၉) ရက်၊ တနင်္ဂနွေနေ့ ဖြစ်ပါသည်။ ဤနေ့သည် အနာကြီးရောဂါ ခံစားခဲ့ရဖူးသူများကို ဂုဏ်ပြုရန် အခွင့်အရေးတစ်ရပ်ဖြစ်ပြီး အနာကြီးရောဂါအကြောင်း အသိပညာမြှင့်တင်နိုင်စေရန်နှင့် အနာကြီးရောဂါနှင့် ပတ်သက်သော လူမှုရေးဆိုင်ရာ ဖယ်ကြဉ်မှုများနှင့် ခွဲခြားဆက်ဆံမှုများ အဆုံးသတ်ကြရန် တောင်းဆိုသော အပြည်ပြည်ဆိုင်ရာ အထိမ်းအမှတ်နေ့တစ်နေ့ ဖြစ်ပါသည်။

(၂၀၂၃) ခုနှစ် ကမ္ဘာ့အနာကြီးရောဂါနေ့၏ ဆောင်ပုဒ်မှာ “ယခုချက်ချင်း လုပ်ဆောင်ပါ။ အနာကြီးရောဂါကို အဆုံးသတ်ပါ” ဟူ၍ ဖြစ်ပါသည်။ ယခုနှစ် ဆောင်ပုဒ်သည် အောက်ပါ အဓိကသတင်းစကား (၃) ချက်ကို အလေးပေးပြောကြားထားပါသည်။

၁။ အနာကြီးရောဂါဖြစ်ပွားမှု ပပျောက်ရေးသည် ဖြစ်နိုင်ပါသည်။
ကျွန်ုပ်တို့တွင် ရှိသော စွမ်းအားများနှင့် နည်းပညာတို့ကို သုံးပြီး ရောဂါကူးစက်မှုကို တားဆီးပြီး ရောဂါဖြစ်ပွားမှုများကို ကာကွယ်အနိုင်ယူပါ။

၂။ ယခုချက်ချင်း လုပ်ဆောင်ပါ။
အနာကြီးရောဂါကို အဆုံးသတ်ရန် အရင်းအမြစ်များနှင့် ကတိကဝတ်များ ပြည့်စုံရန် လိုအပ်ပါသည်။ အနာကြီးရောဂါဖြစ်ပွားမှု ပပျောက်ရေးကို ဦးစားပေးပါ။

၃။ လက်လှမ်းမမှီသော နေရာများသို့ အရောက်သွားပါ။

အနာကြီးရောဂါသည် ကြိုတင်ကာကွယ်နိုင်ရုံသာမက ပျောက်ကင်းအောင်လည်း ကုသနိုင်ပါသည်။ ထို့ကြောင့် အနာကြီးရောဂါကြောင့် ထိခိုက်ခံစားရမှုများသည် မလိုအပ်ဘဲ ခံစားကြရခြင်းသာ ဖြစ်သည်။

ယခုနှစ် ကမ္ဘာ့ အနာကြီးရောဂါနေ့ အတွက် အသိပညာပေးလိုပါက အောက်ပါအဓိကအချက်များနှင့် အသေးစိတ်အချက်အလက်များကို မျှဝေနိုင်သည်။

အနာကြီးရောဂါကို ပိုးသတ်ဆေးများ စနစ်တကျ ပေါင်းစပ်ပေးထားသော ဆေးပေါင်း MDT ခေါ် Multi-drug Therapy ဖြင့် ပျောက်ကင်းအောင် ကုသနိုင်ပါသည်။ ထိုကုသမှုကို ကမ္ဘာတစ်ဝှမ်းတွင် အခမဲ့ ရရှိနိုင်ပါသည်။ အနာကြီးရောဂါကို ပျောက်ကင်းအောင် မကုသပါက ပြင်းထန်သော နောက်ဆက်တွဲဆိုးကျိုးများ ဖြစ်ပေါ်စေနိုင်ပါသည်။

အနာကြီးရောဂါသည် အနည်းဆုံး နှစ်ပေါင်း (၄၀၀၀) သက်တမ်းရှိပြီဖြစ်ပြီး ၎င်းသည် လူသားတို့ သိရှိထားသည့် ရှေးအကျဆုံးရောဂါများထဲမှ တစ်ခုဖြစ်သည်။ သို့သော်လည်း ကျွန်ုပ်တို့သည် အနာကြီးရောဂါကူးစက်မှုကို နောက်ဆုံးအဆုံးသတ်နိုင်သည့် မျိုးဆက်ဖြစ်လာနိုင်သည်ဟု ယုံကြည်ပါသည်။ (၂၀၃၀) ခုနှစ်တွင် နိုင်ငံပေါင်း (၁၂၀) ၌ အနာကြီးရောဂါ ဖြစ်ပွားမှု အသစ် လုံးဝမရှိစေရန် မျှော်မှန်းထားပါသည်။

အနာကြီးရောဂါများ ဖြစ်ပွားလျက် ရှိနေပါသေးသည်။ COVID-19 မတိုင်မီ တစ်နှစ်လျှင် လူ (၂၀၀,၀၀၀) ခန့်တွင် အနာကြီးရောဂါ ဖြစ်ပွားလျက်ရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့သော်လည်း ၎င်းအရေအတွက်သည် ကမ္ဘာ့ကပ်ရောဂါကြောင့် အနာကြီးရောဂါစီမံကိန်းများ နှောင့်နှေးပြီး နောက်ပိုင်းတွင် ရောဂါရှာဖွေနိုင်မှု ၃၀ ရာခိုင်နှုန်း ကျဆင်းသွားခဲ့ရပါသည်။ အထူးသဖြင့် အာရှ၊ အာဖရိကနဲ့ တောင်အမေရိက ဒေသများတွင် အနာကြီး ရောဂါ ဖြစ်ပွားပြီး မသန်စွမ်းဖြစ်ခဲ့ရသူ သန်းပေါင်းများစွာ နေထိုင်လျက် ရှိကြပါသည်။

Source: World Health Organization (WHO)

ကျန်းမာရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ

အနာကြီးရောဂါ သိကောင်းစရာ (မေလ၊ ၂၀၂၂ ခုနှစ်)
https://www.facebook.com/MoHNUGMyanmar/posts/pfbid03aP7XKz6vBrjabw6prqeu2fE35k1g5ffvwdYUu2FVuUFk6c94GmoDiAanJAbTt1El

WorldLeprosyDay #WorldLeprosyDay2023 #WLD #WLD2023 #LeaveNoOneBehind #EndStigma #ZeroDiscrimination #BeatLeprosy #Hansensdisease #MDT

ကမ္ဘာ့အနာကြီးရောဂါနေ့ #မည်သူတစ်ဦးတစ်ယောက်မှမကျန်ခဲ့စေရ #ဖယ်ကြဉ်မှုများကိုအဆုံးသတ်ပါ #ခွဲခြားဆက်ဆံခြင်းမရှိစေရ #အနာကြီးရောဂါကိုအနိုင်ယူပါ #အနာကြီးရောဂါ

Ministry of Health,

National Unity Government.

Published on: 29 January 2023
Last Updated: 29 January 2023